Wednesday 1 September 2010

ခွေသားစား ခွေးဘီလူးများ အကြောင်း


-အယ်ဒီတာအာဘော်-

ရွေးကောက်ပွဲ ကြီးဟာ တရားမျှတမှုမရှိဘူး၊ အဲဒီ တရားမျှတမူ့မရှိဘူး၊ လွတ်လပ်မူ့မရှိဘူး ဆိုတာ ဖော်ထုတ်ကြမှာကို “ မဟာဗျူဟာ ကြီးတခု” အနေနဲ့ မသတ်မှတ်ကြပါနဲ့၊ ဒါဟာ နည်း ဗျူဟာတခု သက်သက်သာသာဖြစ်တယ်။ စောင့် ကြည့်ကြတာတို့ ၊ ဖော်ထုတ်ကြတာတို့ဆိုတာ ပြည်သူ တွေလည်း လုပ်နေတဲ့၊ လုပ်နိုင်တဲ့ အလုပ်ပါ။ တကယ်တော့ ရွေးကောက်ပွဲဟာ နအဖ ရဲ့ တခန်းရပ်ပြဇတ်တခုပါပဲ။ ဒီအချိန်ဟာ ဖော်ထုတ်ကြရမဲ့ အချိန်မဟုတ်ဘူး၊ တိုက်ပွဲကိုဖော်ဆောင်ရမည့်အချိန်ပါ။ မြန်မာနိုင်ငံမှာရှိတဲ့ တိုက်ပွဲဟာ ဓမ္မနှင့်အဓမ္မတိုက်ပွဲ ဆိုတာလူတိုင်းသိနေကြပါပြီ။ အဲဒီတော့ ကျနော်တို့လုပ်ရမှာ က ရွေးကောက်ပွဲကြီး ကနေ နအဖ ကို တကမ္ဘာလုံး၊ တတိုင်းပြည်လုံး က ဆန့်ကျင်ရှုံ့ချဆန္ဒပြတဲ့ တိုက်ပွဲ တွေကို ဖော်ဆောင်ကြရလိမ့်မယ်။

နအဖ စစ်အစိုးရဟာ အဖြူ ကို အမဲ၊ လူကောင်းကိုလူဆိုး၊ လူသတ်သမား ကိုတိုင်းပြည် ကယ်တင်သူ၊ အတဲ့ကို ပြောင်းပြန်ပက်လက် လုပ်တက်တဲ့ စစ်ကျွန်ပြု အစိုးရပါ။ လက်နက်အားကိုး ပြည်သူကို မျိုးစုံ ဒုက္ခပေးနေတဲ့ ဓားပြဂိုဏ်း သာသာပါ။ မြန်မာပြည် မှာအုပ်ချူပ်နေတဲ့ နအဖ စစ်အစိုးရဟာ ရက်ရက်စက်စက် အစုလိုက်အပြုံလိုက် လူသတ်ခဲ့တဲ့ ခေမာနီကွန်မြူနစ် အစိုးရဟောင်း၊ အာဖဂန်နိုင်ငံက တာလီဘန်အကြမ်း ဖက်အစိုးရဟောင်း အဆင့်လောက်သာရှိတဲ့ စစ်အစိုးရဆိုတာ မြန်မာ ပြည်သူတွေကကော၊ နိုင်ငံတကာကကော သိနေကြပါပြီ။

ဖွဲ့စည်းပုံအခြေခံ ဥပဒေ မရှိဘဲနဲ့ လည်း တိုင်းပြည် အုပ်ချုပ် ပြီးသွားပြီ၊ ဖွဲ့စည်းပုံအခြေခံ ဥပဒေမရှိဘဲနဲ့ လည်း နောင်အ နှစ် ၅၀အုပ်ချုပ် ဖို့ လည်း ၀န်လေးမည့်သူတွေမ ဟုတ်ပါဘူး။ သူတို့ရဲ့ ကောက်ကျစ်စဉ်းလဲ ယုတ်မာမှုကို မြန်မာ ပြည်သူ တွေကကော၊ နိုင်ငံတကာက ကော သိနေကြပါပြီ။

မွေးကတည်းက ချက်ကြိုး နှင့် ရှက်ကြိုး မှားဖြတ်ခံလိုက်ရတဲ့ နအဖ စစ်ဗိုလ်ချုပ်ဆိုသူတွေကတော့ ကိုယ်တိုင် ဇတ်စင်ဆောက်၊ ကိုယ်တိုင် ဇတ်က ပြီး ပြိုင်ဘက်မရှိတဲ့ ၂၀၁၀ ရွေးကောက်ပွဲကြီးကိုအနိုင်ယူကြပါတော့မယ်။

တကယ်တော့ သူတို့ မသိတာက သူတို့ကိုယ်တိုင် တင်ဆက် နေတဲ့ တပင်တိုင်ပြဇတ်မှာ နစ်နာမှာ ၊ ဆုံးရှုးံမှာ က တိုင်းပြည် နဲ့ ပြည်သူ ပါ။





No comments :