Monday 27 September 2010

ကေဘဏ် က လက်ကမ်း ကြော်ငြာ မြန်မာဘာသာဖြင့် ထုတ်ဝေ


-WFWW-

ထိုင်းနိုင်ငံ ပုဂ္ဂလိကဘဏ်တွေထဲမှာ စတုတ္တ အကြီးဆုံး ဘဏ်ကြီးတခု ဖြစ်တဲ့ KBank ခေါ် ကက်ဆီကွန်ဘဏ် က မြန်မာလို ရေးသားထားတဲ့ လက်ကမ်း ကြော်ငြာ စာစောင်တွေ ကို ထိုင်းနိုင်ငံ တနိုင်ငံလုံးမှာ စတင် ပုံနှိပ် ဖြန့်ချီ ထုတ်ဝေလိုက်ပါပြီ။ ကေဘဏ် က ထိုင်းနိုင်ငံအတွင်း မှာ သန်းနဲ့ချီ နေထိုင်နေကြတဲ့ မြန်မာလူမျိုးများ ဘဏ်မှာအပ်နှံမှု၊ ထုတ်ယူမှုတွေမှာ ပိုမိုအဆင်ပြေချော်မွေ့လာအောင် ဒီလို မြန်မာဘာသာဖြင့် ပုံနှိပ်ထုတ်ဝေခဲ့ကြောင်း၊ မြန်မာလူမျိုးများအတွက် ပိုမို သိရှိနားလည် လွယ်ကူနိုင်သော ဘဏ်ဝန်ဆောင်မှုလုပ်ငန်း တွေကို ဆက်လက်၍ တိုးချဲ့လုပ်ဆောင်သွားမှာဖြစ်ကြောင်း ကက်ဆီကွန် ဘဏ်မန်နေဂျာ တစ်ဦး က ပြောဆိုခဲ့ပါသည်။

ကက်ဆီကွန်ဘဏ် ဟာ မြန်မာဘာသာဖြင့် ဖော်ပြထားတဲ့ အေတီအမ် စက်တွေကို ပထမဦးဆုံး ထိုင်းနိုင်ငံမှာ စတင်အသုံးပြု ၀န်ဆောင်မှုတွေ ပေးနေတဲ့ ပုဂ္ဂလိက ဘဏ်ကြီး တစ်ခုလည်းဖြစ်ပါသည်။

ယခုဆိုလျှင် KBank ခေါ် ကက်ဆီကွန်ဘဏ် မှာ ထိုင်း၊ အင်္ဂလိပ်၊ တရုတ်၊ ဂျပန်နှင့် မြန်မာဘာသာတို့ဖြင့် အသုံးပြုလာနိုင်ပြီ ဖြစ်ပါတယ်။ ကက်ဆီကွန်ဘဏ်ဟာ တခြား အိမ်နီးချင်း နိုင်ငံများဖြစ်တဲ့ ကမ္ဘောဒီးယား၊ လာအို ရွှေ့ပြောင်း အလုပ်သမားများ တွေ အတွက်လည်း ဝန်ဆောင်မှု တိုးချဲ့ရန် အစီအစဉ်များရှိကြောင်း ထုတ်ဖော်ပြောဆိုလိုက်ပါသည်။

No comments :