Saturday 18 September 2010

ကျနော့် ရဲ့  သဘောထား


ကိုလွဏ်းဆွေဘလောက်မှာ တင်ထားတဲ့ အက်စစ်ဆိုသူရေးတဲ့  ဆောင်းပါးကို ဘယ်လို သဘောထားပါသလဲ လို့ မိတ်ဆွေတချို့ က မေးလာတယ်။ ဒီတော့မှရှာဖတ်ကြည့်မိတယ်။  အတွေးအ ခေါ်ရော တင်ပြပုံပါ လက်မခံနိင်ပါဘူး ။
ဒီဆောင်းပါးနဲ့ ပတ်သက်လို့  တချို့ က  ကျနော်ရေးတယ်လို့ စွပ်စွဲပြီးအခွင့်ကောင်းယူပြီး တိုက်ခိုက်သူတွေ ရှိလာတယ်။ သခွပ်ပင်မီးတကျီကျီဖြစ်နေတယ်။

ပေါ်လစီ ပိုင်းဆိုင်ရာတွေပါ ရှုပ်ထွေးအောင်တချို့ က ရည်ရွယ်ပြီး တိုက်ခိုက်လာတဲ့အတွက်  ရှင်းလင်းဖေါ်ပြလိုက်ပါတယ်။ 


ပထမဆုံးပြောချင်တာကတော့ ဒီဆောင်းပါးမျိုးကျနော်မရေးဘူး။သူရေးတာတွေကို ကျနော်သဘောမတူဘူး။ ကျနော်တို့  အဖွဲ့ တွင်း မေးလ်မှာလည်း ရေးတဲ့သူကို သိလားလို့ ကိုလွဏ်းဆွေကို ကျနော်မေးခဲ့တယ်။  သူကလည်းမသိဘူးလို့ ပြောတယ်။ သိရဲံင်ဖေါ်ထုတ်ပေးပါလို့  သူကို မေတ္တာရပ်ခံခဲ့တယ်။ ဒါကြောင့်ဒီဆောင်းပါးဟာ  ရေးတဲ့သူအနေနဲ့  တာဝန်ပဲဖြစ်တယ်။ ဒီလူဟာဘာလို့ များ နာမည်မခံရဲ  ပါသလဲ လို့  စိတ်ပျက်မိတယ်။ 

ဒုတိယ ပြောချင်တာကကျနော်ရော ကျနော်တို့လူထုတိုက်ပွဲကော်မတီကော ဒေါ်အောင်ဆန်းစုကြည်၊ဦးတင်းဦး၊ဆရာကြီးဦးဝင်းတင်တို့ ကို ရာနှုန်ူြး့ပည့် ထောက်ခံနေတာ ထက်ကိုပိုပါတယ်။ မြတ်နိုးလေးစားမှု၊ ယုံကြည်မှုနဲ့  ပါထောက်ခံနေကြတယ်။ ဒေါ်စုရွေးကောက်ပွဲကိုမ၀င်တဲ့ဆုံးဖြတ်ချက်ကိုထောက်ခံခဲ့တယ်။ ဘူးလှုပ်ရှားမှုကို လုပ်ပြီး သူ ကို ၀ိုင်းရံပေးခဲ့တယ်။  

ဒါပေမဲ့ တချို့ က ဒါတွေကိုလစ်လျူ ရှုနေ တယ်။ တနွေလုံး  ကျနော်တို့  ရဲဘော်တွေ က ဒေါ်စုရဲ့ ဘူးလှုပ်ရှားနေတာတွေ လုပ်နေတုံးက ဒီလူတွေ ဘယ်ရောက်နေပါသလဲ။  ဒေါ်စုကို ကျနော် တို့ ချတယ် ဆိုပြီး သူဖါသာသူအဆိုတင်၊ သူဖါသာသူထောက်ခံပြီး ပွဲဆူအောင်လုပ်ပြီး အချောင်အသားယူနေတာ ကို လုည်း  ယိုသူမရှက်မြင်သူရှက်တွေ့ နေရတယ်။   သူပြောနေတဲ့  လေသံက ခုမှ နိင်ငံရေးထလုပ်တဲ့ကလေးဆို
ရင် အထင်ကြီးစရာ ဦးအောင်ရွှေကိုတောင်ဆဲပြီးထွက်ခဲ့ဘူးတယ်ဆိုပဲ။  တွေ့ ဘူးခြင်လိုက်စမ်းတယ်။ ဦးထုတ်ချွတ်ပြီး အလေးပြုခြင်လို့ ပါ။

တကယ်က တချို့ သော သူတွေက  ကျနော်ဘာလုပ်လုပ် မနာလိုမှုတွေဖီဆီးခံနေရသူတွေပါ။ ဒါကြောင့် ကျနော်သဘောထားကို တင်ပြလိုက်ရတာပါ။ ဦးအောင်ကြီးကိုမဆလ ကဖမ်းတုံးက ဦးအောင်ကြီးနဲ့  ဦးစိန်ဝင်းတို့ လွတ်မြောက်ရေးအတွက် ကျနော်ကိုယ်တိုင် ဗါးကရာခြောက်မှာ ဦးအောင်ကြီးနဲ့ ဦးစိန်းဝင်းတို့ ကိုလွတ်ပေး လို့ ရေးခဲ့တယ်။တောင်းဆိုတိုက်ပွဲဝင်ခဲ့တယ်။ အခု ကိုယ်တကယ်လေးစားတဲ့ချစ်ခင်တဲ့ ခေါင်းဆောင်တွေ အလှည့် ကြမှာ သူတို့ လွတ်မြောက်အောင် ကိုယ်ထိလက်ရောက်မလုပ်နိင်တာကိုရှက်မိတယ်။
ကျနော်အမေရိကန်မှာ နေတယ်။ ဒါပေမဲ့  နိင်ငံရေးလှုပ်ရှားမှုနဲ့ မဝေးဘူး။မလုပ်တဲ့ နေ့ မရှိဘူး။ နယ်စပ်ကို အခွင့်အရေးရတာနဲ့ ကျနော်တို့ ပြန်လာလှုပ်ရှားနေတယ်။ ခင်ဗျားတို့  အားပေးမှုလိုတယ်။ ခင်ဗျားတို့ က ကျနော်ထက်ပိုလုပ်နိင်တဲ့သူတွေရှိမယ်။ နောက်ကလိုက်ဖို့ အသင့်ရှိတယ်။ ကျေးဇူးပြုပြီးခေါင်းဆောင်မှုပေးတော်မူပါ။ တတ်လို့ တော်လို့ မဟုတ်ပါ။ မတရားဘူးထင်လို့  ၀င်ချနေတာပါ။
ခေါင်းဆောင်ကောင်းဆိုတာနောက်လိုက်ကောင်းကနေဖြစ်လာကြတာပါ။ကျနော်နောက်လိုက်ကောင်းဖြစ်အောင်အမြဲတမ်းကြိုးစားနေတယ်။

သတ္တိရှိကြပါ။ 


ဒီမိုကရေစီ လှုပ်ရှားမှုမှာ လူတိုင်းမှာလွတ်လပ်စွာ ဖေါ်ထုတ်ပြောဆိုခွင့်ရှိပါတယ်။  ဝေဖန်မှုလည်းလိုအပ်တယ်။  မော်စီတုန်းက ဝေဖန် မှု မရှိရင်  စီးဆင်းမှုမရှိတဲ့ရေလို ပဲ ပုတ်တယ်။ လည်ပတ်မှုမရှိတဲ့ဒလက်လို ပဲ ပိုစားနိင်တယ်လို့ ထောက်ပြဘူးတယ်။  ဝေဖန်ပါ။ မိုးသီးကိုပဲ ဖြစ်ဖြစ်၊ ဒေါ်စုကိုပဲဖြစ်ဖြစ် ။ ဘုရားကိုဝေဖန်လို့ လည်းရတယ်။ ဒါပေမဲ့ နာမည်ခံပြီး ဝေဖန် ပေါ့။  သတ္တိရှိပါ။

နာမည်ခံပြီး ရိုးရိုးသားသား ဝေဖန် ကြ၊ ရေးကြပါ။အက်စစ်လို့ ရေးလိုက် ၊ တခါအက်စစ်ကို မုန်းတိုင်းဆိုသူက ပြန်ရေးလိုက်နဲ့  အမှန်တရား ကို ဆွေးနေတယ်ဆိုတာတောင်မှာ သူတို့ နှစ်ယောက်စလုံးကို ဘယ်လောက်ယုံကြည်နိင်မလဲ ။ ယုံကြည်လက်ခံနိင်မှု (Credibility) မရှိဘူးပေါ့။ ငါမိုးသီး၊ ငါသံဒုတ် စသဖြင့် ကိုယ် မှာ နာမည်တွေရှိနေတာပဲ။

၈၈ - ဇွန်လ ကျောင်းသားလှုပ်ရှားမှု ကတည်း  မျက်နာဖုံးချွတ်ပြီး ငါ မိုးသီးလို့ တရားဟောလာခဲ့တာကနေအထိ မျက်နှာဖုံးစွပ်ခဲ့ ဘူး။ ကိုယ်ကအမှန်တရား အတွက်တိုက်နေတာလေ။
နာမည်ခံ ရေးရဲ ကြစမ်းပါ။ ကိုယ်နံမည်ခံရေးရင်ကြွေးရှင်တွေ လိုက်လာမှာ စိုးနေကြလို့ လား။ ဒီထက်စိုးရိမ်စရာတွေရှိနေလို့ လား။ ကိုယ်နာမည်ခံရေး ပါ။ မကြောက်ပါနဲ့ ။ သူတို့  ဒီလိုရေးနိင်ဖို့ 
ခင်ဗျားတို့ နာမည်ခံပြီး သတ္တိရှိရှိရေးနိင်ဖို့  ကျနော်တိုက်ပွဲဝင်နေတာပါ။ တလောက ဦးအေးမြင့်က အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် ခေါင်းဆောင်မှုအပေါ်မှာ ဝေဖန် ဆွေးနွေးထားတာကို ဖတ်ရတယ်။ လက်မခံနိင်တာ လက်ခံနိင်တာထား သူ က အမည်ခံပြီးရေးတာကို တော့ ချီးကြူးတယ်။
ဒါဟာသတ္တိကို ပြတာ။ ရန်သူကိုသေနပ်နဲ့  ပြစ်တာ ၊ လူထုတိုက်ပွဲမှ ရှေ့ ဆုံးက ချီတက်တာ လွယ်တယ်။
ကိုယ်အချင်းအချင်း ထဲမှာ ပေါ်လစီတခုကို ဝေဖန်ရတာ ဟာ အလွန်ခက်တယ်။ အလွန်လည်း သတ္တိရှိဖို့ လိုတယ်။ ဘာဖြစ်လို့ လည်း ဝေဖန်ရေးဟာ နှစ်ဖက်သွားဒါးလို ကိုယ်ကို ပြန် ထိနိင်လို့ ဖြစ်တယ်။ နောက်တခုက ကိုယ်ရဲ့  အနုမာန (ရင့်ကျက်မှု ) ကို စာဖတ်သူ (၀ါ) ပြည်သူက တွေ့ ခွင့် သွားတယ်။ ကိုယ်က
လေ့လာ ရေး အဆင့်အတန်း နဲ့ အကဲဖြတ်ချက်တွေက မှတ်တမ်းအဖြစ် ကျန်ခဲ့တာကိုး။ ဒါကို လူတော်တော်များက  သိတယ်။ မသိစိတ်မှာ ဒီအခြေအနေကိုမရင်ဆိုင်ရဲ ဘူး ဒီတော့ အမည်ခံပြီးမရေးဝံကြဘူး။

ကျနော်အနေနဲ့ ကတော့ ဟောပြောပွဲတွေမှာ ၊ စာတန်းတွေမှာ ကိုယ်အမြင်ကို
ထုတ်ဖေါ်ဖို့  ၊ရေးသားဖို့  မေးခွန်းတွေကိုမေးရဲ ဖို့  တိုက်တွန်းလေ့ရှိတယ်။ ရေးပါ။ မေးပါ လို့  ပြောချင်တယ်။


ဒီလိုရေးရင် ခင်ဗျားတို့  အတွေးအမြင်တွေကို ကျနော်တို့  လေ့လာခွင့် ရနိင်တယ်။ အလေးအနက်ထားနိင်မယ်။ အကြံညဏ်တွေကိုရနိင်တယ်။ လှုပ်ရှားမှုအတွက် အကျိုးရှိနိင်တာပေါ့။ ခုတော့ ပြစ်စာ လိုမျိုးရေးနေရင် ကျနော်တို့ က မှန်နေတာတောင် လက်ခံရ ခက်တာပေါ့။ အလကား နေရင်းပွဲဆူအောင်လုပ်နေတာနဲ့ မတူပေဘူးလား။ရန်သူက အသုံးချတတ်တယ်။ သတိထားပါ။
ခင်ဗျားတို့ နာမည်ခံပြီး သတ္တိရှိရှိရေးနိင်ဖို့  ကျနော်တိုက်ပွဲဝင်နေတာပါ။  မကြောက်နဲ့ ။


21 comments :

Anonymous said...

လုပ်စရာရှိတာကိုရှေ့ဆက်ပြီးမှန်မှန်ကန်ကန် ဆက်လုပ်ပါ။အမြင့်ပင်ဟာလေတိုက်တာပိုခံရစ မြဲပါ...

TTT said...

တချို့ ကိစ္စတွေ ကျွန်တော်နဲ့ ကိုမိုးသီး အယူအဆ အတော်ကွာတယ်။ ဒါပေမဲ့ ဒီဆာင်းပါးရဲ့ အဘော်ကိုတော့ ကြိုက်သွားပြီး။

Anonymous said...

ရုပ်တော့ အတော်ဆိုးတဲ့လူပဲ

Anonymous said...

ရုပ်တော့အတော်ဆိုးတဲ့လူပဲ :D

Anonymous said...

ရုပ်တော့အတော်ဆိုးတဲ့လူပဲ :D

Anonymous said...

လူအားလုံးသိစေဘို့ ကျနော်ဇော်နိုင်ဆွေးနွေးပါမယ်၊
ကျနော်တော့စိတ်ညစ်ခံပြီးမဖတ်တော့ပါ၊ကိုလွမ်းဆွေရဲ့ 
ဘလော့မှာရေးရင် ကိုလွမ်းဆွေ သိရမှာပါ၊မသိရင်မတင်
နဲ့ ပေါ့ဗျာ၊ကျနော်နဲ့ မိုးသီးက တလောကလုံးမှာ(နိုင်ငံရေးကလွဲရင်) အတော်ချစ်ခဲ့ကြ
ဘူးတဲ့သူငယ်ချင်းတွေပါ၊သူမကောင်းတာရှိရင်
ကျနော်နာမည်ပြပြီး ရေးတတ်လွန်းလို့ သူ့ အနေနဲ့ 
ဖင်ဝ အရက်ပျံစွတ်ခံရသလို မကြာခဏဖြစ်ဘူးပါတယ်။
ဝေဖန်ပါ၊ရိုးသားပါ၊နာမည်ခံရဲပါ၊အခကြေးငွေကြောင့်
ဝင်ယားတာမကောင်းပါ၊မိုးသီးကိုယ်တိုင်က ပြန်ဖြေ
ရှင်းရင် ဒေါသ သံ မပါဘို့ ထိန်းပါ။
ကိုလွမ်းဆွေ ကိုယ်တိုင်ကရိုသားပါ၊
ဇော်နိုင်

Anonymous said...

တရားခံဘယ်သူလဲ

ဇော်နိုင့်ဖင် ၀ ဘယ်သူ အရက်ပျံစွတ်သွားသလဲ
ပြောကြစမ်း ပြောကြစမ်း ပြောကြစမ်း ။
အရက်ပျံ ဆွတ် သွား ရင်တော်မယ် အက်ဆစ်လောင်းသွားရင် တော့ ခက်မယ်

Anonymous said...

ကိုလွမ်းဆွေသိသင့်တာထက် သူသိပါတယ်ပြောသင့်ပါတယ်။ ကိုယ်အိမ်လာတည်တဲ့သူ မသိဘူးဆိုတော့ စဉ်းစား..။ လမ်းဘေး အရူးမတောင် သိတယ်။ (ဟိုဒင်း ဟိုဟဟွာ..ဟိုဟာပေါ့။) အခုတော့ အဖေ မပေါ်ပဲ ခလေးမွေး သလိုဖြစ်နေပြီ။ တနည်းအားဖြင့် နိုင်ငံရေး ဟီးရိုးလုပ်ချင်တာလား။ ဇီးရိုး ဖြစ်မယ်နော် ကိုယ့် ကတောင်းကိုယ် ကျစ်အောင်ကျိုက်ထား..တော်ကြာ ပြုတ်ကြမယ်...။

Anonymous said...

ကျန်တော် တခုတော့ ပြောချင်တယ် နိုင်ငံရေးစကား ပြောတဲ့ အချိန်မှာ ဘာသာရေးတော့  မထိခိုက်စေချင်ဘူး ဖင်ကုန်းပြီးရှိခိုး တယ်ဆိုတဲ့ စကား ကိုမသုံးသင့် ဘူး

Anonymous said...

Dont afraid.Thats why u drop the gun and come to America from jungle

ei ko said...

လွှဏ်းဆွှေဆိုတဲ.ကောင်အမှန်တကယ်နိုင်ငံေ၇းလုပ်တဲ.
ကောင်လား၊အကြံအစည်တခုခုနဲ.ကောင်လားဆိုတာ
တော.သေသေချာချာမသိဘူး၊သေချာတာတခုကတော.
ပွဲဆူအောင်မကြာခဏလုပ်တာဘဲ။သူဆူအောင်လုပ်တဲ.
အချိန်လဲ၊တခုခုနဲ.အမြဲတိုက်ဆိုင်နေတာဘဲ။အခုလည်း
NLD ကိုဖျက်သိမ်းတယ်လို.စစ်ခွေးတွေအော်ချိန်နဲ.တိုက်
ဆိုင်နေတာဘဲ၊၇န်သူလား၊မိတ်ဆွေလားသတိထားကြပါ။
သူ.စီဘောက်မှာလဲနိုင်ငံေ၇းသမားတွေကိုမိန်းမလိုဆဲနေ
တာပလူပျံနေတာဘဲ။ဒါမျိုးတော.မဘမ်းဘူး၊တခြားဟာ
တွေတော.ဘမ်းတယ်၊သူကိုယ်တိုင်ဆဲပြီးဝေစုတောင်းနေ
လားလို.တောင်တွေးမိတယ်။

SpecialOne..GERMANY said...

ကိုမိုးသီး..ပြောတာထောက်ခံတယ်ဗျာ..သတ္တိရှိရင်..နာမည်ဖော်ပြီးဆွေးနွေးပါ..ဝေဖန်ပါ..ကြိုဆိုပါတယ်

Anonymous said...

ကိုမိုးသီး..ပြောတာထောက်ခံတယ်ဗျာ..သတ္တိရှိရင်..နာမည်ဖော်ပြီးဆွေးနွေးပါ..ဝေဖန်ပါ..ကြိုဆိုပါတယ်

SpecialOne..GERMANY said...

ကိုမိုးသီး..ပြောတာထောက်ခံတယ်ဗျာ..သတ္တိရှိရင်..နာမည်ဖော်ပြီးဆွေးနွေးပါ..ဝေဖန်ပါ..ကြိုဆိုပါတယ်

SpecialOne..GERMANY said...

ကိုမိုးသီး..ပြောတာထောက်ခံတယ်ဗျာ..သတ္တိရှိရင်..နာမည်ဖော်ပြီးဆွေးနွေးပါ..ဝေဖန်ပါ..ကြိုဆိုပါတယ်

SpecialOne..GERMANY said...

ကိုမိုးသီး..ပြောတာထောက်ခံတယ်ဗျာ..သတ္တိရှိရင်..နာမည်ဖော်ပြီးဆွေးနွေးပါ..ဝေဖန်ပါ..ကြိုဆိုပါတယ်

SpecialOne..GERMANY said...

ကိုမိုးသီး..ပြောတာထောက်ခံတယ်ဗျာ..သတ္တိရှိရင်..နာမည်ဖော်ပြီးဆွေးနွေးပါ..ဝေဖန်ပါ..ကြိုဆိုပါတယ်

SpecialOne..GERMANY said...

ကိုမိုးသီး..ပြောတာထောက်ခံတယ်ဗျာ..သတ္တိရှိရင်..နာမည်ဖော်ပြီးဆွေးနွေးပါ..ဝေဖန်ပါ..ကြိုဆိုပါတယ်

မန်းကိုကို said...

ကိုမိုးသီး၊

ရေးထားတာကို အခြေခံအားဖြင့်တော့ ကြိုက်တယ်ဗျာ။ ပြောစရာစီကြည့်မယ်နော။

၁။ ကိုမိုးသီးဘလော့မှာ မှတ်မှတ်ရရ ကွန်မန့်တစ်ခါပေးဖူးတယ် လေထဲမှာပါးပါးလေးဖြစ်ပြီး ပျောက်သွားဖူးတယ်။

၂။ ei ki ပြောတာလည်း ဟုတ်တုတ်တုတ်ပဲ။ ဒေါက်တာလွဏ်ဆွေစီပုံးမှာ ကိုယ့်မြို့နာမည်သုံးပြီး ဗလိုင်းကြီးခွပ်နေသူတစ်ယောက်ကို သူရေးတဲ့အတိုင်းပြန်ထည့်ရေးတဲ့အခါကျတော့ ၃ ခုမှာ ၂ ခုအဖျက်ခံရသဗျ၊ ထူးဆန်းတယ်။

၃။ SpecialOne..GERMANY ကတော့ သံသယတွေတိတိပပ ပေးလာတယ်။ ပထမ - ဂျာမဏီအခြေစိုက် နအဖလူမိုက်တစ်ယောက် တိုင်းရင်းသားဘလော့တွေမှာ ဒုက္ခလိုက်ပေးနေတယ်၊ ဒုတိယ - multiple post တွေတင်တယ်၊ တတိယ - ကိုမိုးသီးစကားကို သံယောင်လိုက်ပြီး ပြောတယ် (ဘယ်သူတွေလဲဆိုတာ တကယ်ကိုသိချင်နေပုံပဲ၊ ကိုမိုးသီးဖိနပ်နဲ့ပေါက်တဲ့ကိစ္စ မဖြစ်ခင်လေးမှာ လူတစ်ယောက် ဗီဒီယိုထွက်ရိုက်တာ မှတ်မိမှာပါ၊ ငါတို့လက်ထဲရောက်လို့များတော့ကွာ ဆိုတဲ့အထာလေးတွေပေါ့)။

၎။ နောက်ဆုံးတစ်ချက်၊ လိုရင်းပြောရရင်တော့ နာမည်ရင်းသုံးဖို့ကို လက်ခံတယ်။ ဒါဟာလူတစ်ယောက်ရဲ့ သတ္တိနဲ့ ကျင့်ဝတ်ကိုပြတာပါပဲ။ အချို့နေရာတွေမှာ လူအချို့ရဲ့ အင်မတန်ကျိုးကြောင်းမကျတဲ့ အမြင်တွေနဲ့ရေးလာတာတွေ တွေ့ရတဲ့အခါမျိုးတွေမှာ ကိုယ့်သိက္ခာကိုချပြီး ကလေးကလားက မရေးချင်။ မရေးပြန်ရင်လည်း ဇာတ်လမ်းမဆုံးနိုင်တာမို့ အခြားနာမည်နဲ့ ကျိုးသင့်ကြောင်းသင့်ဝင်ပြောခဲ့ဖူးတာတွေ ရှိခဲ့ပေမယ့်လဲ စိတ်တော့မသန့်ခဲ့ပါဘူးဗျာ။ ကိုမိုးသီးပြောမှပဲ စိတ်ရှင်းသွားပါတယ်။ လာမယ့်ဘေးပြေးတွေ့သင့် တွေ့ရမှာပေါ့ဗျာ။ ကျေးဇူးပါ။

မန်းကိုကို

Unknown said...

i am acid ! what u want to do ?

Unknown said...

i m acid ,what u want to do?