သေဆုံးသွားသည့် လူငယ် နှစ်ဦး ၏ အလောင်းထားရှိ ရာ ပဲခူး အထွေထွေရောဂါကု ဆေးရုံကြီး တွင် မကျေမနပ် စောင့်ဆိုင်း နေသည့် ပဲခူး မြို့ ခံ ပြည်သူများ
Freedom News Groupလူငယ်နှစ်ဦး အား ပစ်သတ်ခဲ့သည့် ဗိုလ်ကြီး နှစ်ဦး နှင့် စစ်သားရှစ် ဦးအား
ခလရ ၅၉ တပ်တွင်းမှာပင်ပုံမှန် ရှိ နေဆဲ (အရေးယူမှု မရှိ)
Source : ပဲခူးရဲစခန်း တစ်ခု နှင့်ဆက်သွယ်ပြောဆိုချက်
ပဲခူး အခြေစိုက် ခလရ ၅၉ မှ စစ်ဗိုလ် တစ်ဦး ဖြစ်သူ ဗိုလ်ကြီး သိဒ္ဓိစိုး က ပစ်မိန့် ပေးသဖြင့်
စစ်သားများက ကျဉ်ကပ် အတွဲ လိုက် ပစ်ခတ်၍ သေဆုံးခဲ့သည့် လူငယ်နှစ်ဦး ဖြစ်သည့်
ကို အောင်သူဟိန်း နှင့် ကိုစိုးပိုင် ဇော် တို့ နှစ်ဦး၏ ရုပ်အလောင်း ကို အင်္ဂါနေ့ နံနက်တွင် ပဲခူးမြို့ ဆေးရုံကြီးမှ ဆင်ဖြူကွင်း သုဿာန် သို့ ပို့ ဆောင်မီးသဂြိုလ် မည့် အစီအစဉ် တွင် ပဲခူးမြို့ အနီး ရှိ ဝေါ ၊ ဘုရားကြီး
စသည့် မြို့ များ မှ ပြည်သူလူထု အပြင် လှည်ကူး၊ဒိုက်ဦး ၊မှော် ဘီ စသည့် ကျေးရွာများ မှ ပြည်သူများ
လည်း လိုက်ပါပို့ ဆောင် မည်ဖြစ်သည်။
စစ်တပ်၏ ဥပဒေမဲ့ လုပ်ရပ်ကြောင့် ကာယကံရှင် မိသားစု ၀င်များ သာမက ပဲခူးမြို့ နေ လူထု လည်း စစ်တပ်ကိုရွံ့ မုန်း လျှက် ရှိပြီး အချို့ မြို့ ခံများ က စစ်သားများ အား ကန့် ကွက်ရှုံချရန် ပြင်ဆင် ထားသောကြောင့်ပဲခူး အခြေစိုက် စစ်တပ်များ မှာ လုံခြုံရေး တင်းကျပ် စွာချထားပြီး တပ်ရင်းမှုးများ က လည်း ၎င်း တို့ ၏ ငယ်သားများ အား တပ်ပြင် သို့ စစ်ဝတ်စုံ ၀တ်၍ မထွက်ရန် အမိန့် ပေးထားသည်။
ပဲခူးမြို့ နေ ပြည်သူများ က စစ်တပ်၏ ယုတ်မာ ရက်စက်မှု ကို အော့နှလုံးနာလျှက် ရှိပြီး ပဲခူးမြို့ အထက်တန်း
ကျောင်းမှ ကျောင်းဆရာ မ တစ်ဦး ဖြစ်သူ ဒေါ်သီတာမြင့် က ‘ဒါ ပဲခူးက ဒုတိယ ပခုက္ကူ ဖြစ်သွား နိုင်တယ် ၊လူတွေက စစ်တပ် ဆို စိတ်နာနေပြီ ဟု ယနေ့ အခြေအနေ များ နှင့် ပတ်သက်၍ သုံးသပ် ပြောကြား သွားသည်။
4 comments :
မိုးသီးတို့ခုမှပဲအလုပ်လေးဘာလေးရတော့တယ်.. ပြောစရာ.. ဘာအကြာင်းရှာပြီးလုပ်စားရမှန်းမသိတာကြာပြီ... ဟားဟား
ဟေ့ လူ..Anonymous ဆိုတဲ့ စာလုံးကို ခုတုန်းလုပ်ပြီ..သူရဲဘောမကြောင်နဲ့ ..မင်းသတ္တိရှိရင်..နံမည်ဖွင့် ပြောပြီးရေး.မင်းနံမည် လိမ်ပြောရင် လည်း မင်းရဲ့  အဆင့် အတန်းမင်းမိဘ မျိုးရိုးကိုဖော်ပြနေတာဘဲ...မိုးသီးတို့  ခုမှ အလုပ်ရဆိုပြီးပြောရအောင် သူပြောထားတာ မဟုတ်လို့ လား...အဲဒီပဲခူး မှာ စစ်ခွေးကိုက်လို့ သေသွားတဲ့  လူငယ် နှစ်ယောက်က..မင်း အမျိုးဆိုရင် မင်းအခုလိုပြောမှာဘဲလား...သေခြာတာတစ်ခုက မင်းလည်း စစ်ခွေး မျိုးရိုးထဲက ဘဲ ဆိုတာ..ငါသိလိုက်ပြီ..မင်းလိုကောင်ဆီ ရေးရတာ အချိန် နှမြောပါတယ်..တော်ပြီ..။
yeah .. moe thee get a job ... ) lol
Yes absolutely, because your military thugs did one new insult after another.
It is clearly shows that it will be better without military in power fpr the sake of people.
Post a Comment