Tuesday, 5 October 2010

အောင်သိန်းလင်းရှုံး ဖို့ သေချာနေပြီ


မြို့ တော်ဝန် အောင်သိန်းလင်းဘ၀ မသေချာမရေရာ ဖြစ်လာပြီ။ သူကေ တောင်ဥက္ကလာပမြို့နယ် ပြည်သူ့လွှတ်တော် တွင် အောင်သိန်းလင်းကြံ့ဖွတ်ပါတီမှ ဝင်ပြိုင်မှာဖြစ်တယ်။ ဒါကြောင့်တောင်ဥက္ကလာ မှာနေသူများ ဒေါ်ကမ်းခန့်ဒိမ်း(အမျိုးသားဒီမိုကရေစီအင်အားစုပါတီ) အားမဲပေးကြမယ်လို့  လူအများစုက ဆိုကြပါတယ်။ လူအများစုကသန်းရွှေကိုသိပ် မုန်းတီးနေကြတဲ့အတွက်  အောင်သိန်းလင်း ရှုံးဖို့ များနေပြီလို့   
အကဲခတ်များက ဆိုကြပါတယ်။   အောင်သိန်းလင်းက ရွေးကောက်ပွဲမှာရှုံးသွားမယ်ဆိုရင် စစ်အာဏာရှင်စနစ် က ပျောက်မပျောက်တော့မသိရသေးပေမဲ့ အောင်သိန်းလင်းက တော့ ကုလားထိုင်ပျောက်သွားမဲ့သဘောရှိနေပါတယ်။ ဒါကိုပဲအောင်သိန်းလင်း က စိုးရိမ်တာပါ။
သိန်းစိန် နဲ့ အောင်သိန်းလင်းတို့ ဟာ တတ်နိင်ရင်ရွေးကောက်ပွဲမ၀င်ချင်ကြဘူး။ တပ်ထဲမှာ ပဲ ဇိမ်နဲ့ တသက်လုံး  ဗိုလ်လုပ်ခြင်နေကြသူတွေပါ။ သန်းရွှေက မင်းတို့ တပ်ကထွက် ရွေးကောက်ပွဲဝင်ကြရမယ်ဆိုတော့ သူတို့  တော်တော် ဂယောင်လိုက်ခဲ့ကြတယ်လို့ သိရတယ်။ 
အောင်သိန်းလင်းက  တပ်ချုပ်ကြီး ခင်ဗျား ၁ဝ တန်းကျရင် တောင်  နောင်နှစ်ပြန်ဖြေလို့ ရတယ်။ ရွေးကောက်ပွဲမှာ ကျရင်တော့ ကျနော် တို့ ဘ၀ပျက်မယ်။ နောင် ၄ နှစ်စောင့်ရမှာ နော်လို့ စောဒက တက်ခဲ့တယ်လို့ သိရပါတယ်။ 

သန်းရွှေက တချက်ခုတ်နစ်ချက်ပြတ်အနေနဲ့  အောင်သိန်းလင်းကို ကန်ထုတ်လိုက်တာလည်းဖြစ်နိင်တယ်လို့ ဆိုနေကြပါတယ်။ ဘာဖြစိလို့ လည်းဆိုတော့ သန်းရွှေနားကို အပိုင်ကပ်ထားနိင်သူတွေကို ရွေးကောက်ပွဲမှာ  အပိုင်အနိင် ရနိင် တဲ့ ကြပ်ပြေးကရပ်တွေ မှာ ချပေးပြီး အောင်းသိန်းလင်းကို ရန်ကုန် တောင်ဥက္ကလာမဲ ဆန္ဒနယ်က နေပြိုင်ခိုင်းလိုက်တာကတော့ အောင်သိန်းလင်း ကို  လူထု ကျား ရဲ တွင်းထဲကို ခုန်ချခိုင်း လိုက်တဲ့ဘ၀ဖြစ်နေပါတယ်။

၂၀၀၇ ခုနစ်ရွှေဝါရောင်တော်လှန်ရေးနဲ့  နာဂစ်ကတည်းက နအဖ ကို  နာကျည်းနေတဲ့ ရန်ကုန် လူထုက
အောင်သိန်းလင်း အတွက် ကန့် ကွက်မဲ တွေ သာဖြစ်ပါကြောင်း။ 




3 comments :

* said...

စစ်အစိုးရလုပ်နေတာက ရွေးကောက်ပွဲ ဖြစ်မြောက်ရေးပဲ။ မဲထည့်တာ မထည့်တာ ကန့်ကွက်မဲတာ မမဲတာ အရေးမပါဘူး။
ရွေးကောက်ပွဲ ဖြစ်ပြီးတာနဲ့ သူတို့လိုချင်တဲ့ ရလဒ်ကို ကြေညာမှာ။ ဒီအချိန်မှာ ရွေးကောက်ပွဲ ပျက်အောင် မဖျက်နိုင်ဘဲ။ ကန့်ကွက်ထောက်ခံ လုပ်နေကြလို့ကတော့။ ပွဲပြီးရင် မီးသေ သွားတာ ထိုင်ကြည့်တော့။ စစ်အစိုးရ နိုင်သွားပြီ။

Anonymous said...

ပြည်သူခေါင်းထဲမှာ ဘယ်သူက နိုင်ငံတွက်တကယ်လုပ်ပေးနိုင်မယ် ဘယ်သူက ပြည်သူတွက်လုပ်ပေးနိုင်မယ် ဘယ်သူက ပြည်သူတွက်ပိုကောင်းတယ် ဘယ်သူ့ကို မဲထည့်ကြမယ်ဆိုတာ ပြည်သူတိုင်း ဦးနှောက်ရှိတဲ့အတွက် ပြည်သူတွေခေါင်းထဲမှာ မဲတစ်ပြားထည့်ဖို့ ဘယ်သူ့ကိုထည့်ရမယ်ဆိုတာ စဉ်းစားပြီးသားပါ..ဒါကြောင့် ဘေးကနေ ဆိုက်ဝါးတွေ ထည့်ပေးနေစရာမလိုပါဘူး...



မောင်

Anonymous said...

I am totally agreed with IP checker.

No matter to whom people vote, aung thein lin will win with 99% vote.

Don't waste your effort not to vote Aung thein lin, focus on destroy election.