Friday, 22 October 2010

အခြေခံဥပဒေကို ခု ကတည်းချိုးဖေါက်နေတဲ့ သန်းရွှေ

 မနေ့ က နေ့ လည်း ၃ နာရီမထိုးခင်မှာ အလံဟောင်းတွေကို အကုန်ကိုမီးရှို့ ပြစ်ပြီးအလံသစ် ကိုတင်ကြတယ်လို့သိရတယ်။ အလံဟောင်းကို အင်္ဂသားသမီး ၀န်းထမ်းတွေက ချရ၊ မီးရှို့ ကြရပြီး 
အလံသစ်ကိုတော့ ဗုဒ္ဓဟူးနေ မွေး ၀န်ထမ်းတွေက တင်ကြရတယ်လို့ ဆိုပါတယ်။ အရူးထမှုတမျိုးပါ။ 
တကယ်က သူတို့ ပြဌာန်းထားတဲ့အခြေခံဥပဒေအရ ဆိုရင် ပြည်ထောင်စုလွှတ်တော်ကိုခေါ် ယူအတည်ပြုပြီးမှသာ အလံဟာ အတည်ပြုနိင်မှာဖြစ်ပါတယ်။ သန်းရွှေနဲ့  ဗိုလ်ချုပ်ရူးတွေကတော့ ရွေးကောက်ပွဲတောင်မလုပ်ရသေးဘူး အခြေခံဥပဒေကို စတင်ချိုးဖေါက်နေကြတာဖြစ်ပါတယ်။ လွတ်တော်ပေါ်လာရင် အခြေခံဥပဒေဘောင်အတွင်းထဲက တိုက်ပွဲဝင်ကြမယ်ဆိုတဲ့ ပုဂိုလ်တွေအတွက် သတိပြုစရာပါ။ ဒီပုံကြည့်ရတာကတော့  ဗေထိဆိုကထည်း ဂျီ့  နေတဲ့ သဘောတော့ဖြစ်နေပါပြီ။ 
ဒါပေမဲ့ အလံပြောင်းလိုက်ကတည်း ၀င်လာတဲ့ ဂီရိ မုန်တိုင်းကလည်း နအဖ အတွက် အကုသိုလ် ၀င်လာတဲ့သဘောပါ။

No comments :