Monday, 18 October 2010

ငွေစက္ကူအတုများ ရှိနေပြီလော

ဘဏ်များသို့ လာရောက်အပ်နှံသော အချို့ငွေများစက္ကူတွင် ဗဟိုဘဏ်မှ ထုတ်ထားခြင်းမရှိသည့် ငွေကြေးများ ရောနှောပါဝင်သည့်အတွက် ယခုကဲ့သို့ သတိပေးမှု ထုတ်ပြန်ခြင်းဖြစ်

နိုင်ငံတော်ဘဏ်နှင့် ပုဂ္ဂလိကဘဏ်များရှိ ငွေကြေးဌာနများမှ ၀န်ထမ်း များအား အပ်ငွေများလက်ခံရာတွင် စနစ်တကျ စိစစ်ပြီးမှသာ လက်ခံရန် ဗဟိုဘဏ်မှ ညွှန်ကြားထားကြောင်း ပုဂ္ဂလိကဘဏ်များမှ သတင်းရရှိသည်။ ဘဏ်များသို့ လာရောက်အပ်နှံသော အချို့ငွေများစက္ကူတွင် ဗဟိုဘဏ်မှ ထုတ်ထားခြင်းမရှိသည့် ငွေကြေးများ ရောနှောပါဝင်သည့်အတွက် ယခုကဲ့သို့ သတိပေးမှု ထုတ်ပြန်ခြင်းဖြစ်ကြောင်း ပထမပုဂ္ဂလိကဘဏ်များမှ ဘဏ်ခွဲမန်နေဂျာတစ်ဦးက ပြောကြားသည်။

ယင်းငွေစက္ကူများသည် တစ်ထောင်ကျပ်တန်၊ ငါးထောင်ကျပ်တန်များကို အတုအပ ပြုလုပ်ထားခြင်းဖြစ်ပြီး ဘဏ်အပ်ငွေများတွင် ရောနှောပါဝင်နေတတ်ကြောင်း၊ ၎င်းငွေစက္ကူကို တာဝန်ယူလက်ခံသူက တွေ့ရှိပါက အလျားလိုက်နှစ်ပိုင်း ဆုတ်ဖြဲပြီး တစ်ပိုင်းကို အပ်နှံသူကို ပြန်လည်ပေးအပ်၍ ကျန်တစ်ပိုင်းကို ဘဏ်က သိမ်းဆည်းထားရကြောင်းလည်း ပုဂ္ဂလိကဘဏ်မှ ဝန်ထမ်းတစ်ဦးက ရှင်းပြသည်။ “ငါးထောင်ကျပ်တန်ဆိုရင် ပြန်လဲခိုင်းလိုက်တယ်။ တစ်ထောင်ကျပ်တန်တို့၊ ဘာတို့ဆိုရင်တော့ ဖြဲယူထားပြီး တန်ဖိုးအတိုင်း ထပ်ပြီးတောင်းယူတယ်။ ဒီလိုမှမလုပ်ရင် ကိုယ်က စိုက်ပြီးပေးရမှာ။ ဖြဲယူထားတဲ့ တစ်ခြမ်းကိုတော့  ဗဟိုဘဏ်ကိုပို့ပေးရမယ်”ဟု ပထမပုဂ္ဂလိကဘဏ်မှ ဘဏ်ခွဲမန်နေဂျာက ပြောသည်။

ဘဏ်ဝန်ထမ်းများကို ယင်းငွေများနှင့် ပတ်သက်၍ မည်ကဲ့သို့ ခွဲခြားနိုင်သည်ကိုလည်း ဗဟိုဘဏ်က ကြိုတင် အသိပေးထားမှုများရှိကြောင်း သိရသည်။ ယင်းတို့ထဲမှ သိသာထင်ရှားသည့် ခွဲခြားမှုမှာ ဗဟိုဘဏ်မှ ထုတ်လုပ်ထားခြင်း မဟုတ်သည့် ငွေစက္ကူသည် သာမန်ငွေစက္ကူနှင့် နှိုင်းယှဉ်ပါက မတူညီမှု နှစ်ခုရှိကြောင်း၊ ပထမတစ်နည်းမှာ သာမန်ငွေစက္ကူသည် တန်ဖိုးဂဏန်းများ ရိုက်နှိပ်ထားသည့် နေရာတွင် အနည်းငယ်ကြမ်းတမ်းသည်။ သာမန်မဟုတ်သည့် ငွေစက္ကူသည် အဆိုပါ ဂဏန်းစာလုံးနေရာတွင် ချောမွေ့နေသည်။ ယင်းကဲ့သို့ပင် သာမန်ငွေစက္ကူများ၌ အဖြူကွက်တွင် ရေစာကဲ့သို့ ဂဏန်းစာလုံးနှင့် ရုပ်ပုံမှာ ထင်ရှားပြီး သာမန်မဟုတ်သည့် ငွေစက္ကူသည် အဆိုပါ သိသာထင်ရှားမှုများ မရှိကြောင်းလည်း သိရသည်။

Credit: ပြည်သိမ်း (7Day News Journal)
Planet News မှ ကူးယူဖော်ပြသည်။

1 comment :

Anonymous said...

My Dear. Great job.
Ofcourse, what a great site and informative posts.
[b][url=http://herbalviagrainfo.com/]Herbal Viagra cure Erectile Dysfunction[/url] [/b]

Herbal Viagra, also known as natural Viagra, is the general name for erectile dysfunction drugs that are being advertised as herbal products with sildenafil citrate. It’s actual the herbal and more natural version of Pfizer’s Viagra. There are different herbal Viagra products on the market including VigaPlus. [b][url=http://herbalviagrainfo.com/]Herbal Viagra[/url] [/b]

Herbal Viagra: Does it work? Yes Herbal Viagra really works

Anyhow keep up the good work.
Regards!