ဂီရီ အမည်ရ မုန်တိုင်း တနာရီ မိုင် ၈၀ မှ ၁၀၀ အထိ အရှိန်ဖြစ်ပေါ်လျက်ရှိလာပြီဖြစ်ပါတယ်။ ကမ်းရိုးတန်းများတလျောက်နဲ့  ကုန်းတွင်းပိုင်းကို ဦးတည် နေပြီဖြစ်ပါတယ်။
ကချင်နဲ့  နအဖ စစ်အစိုးရ တပ်များ သေနပ်ခြင်း ပြောင်းထိုးချိန် နေသည့်အဆင့်ကိုရောက်ရှိနေပြီဖြစ်ပါတယ်။ လိုင်ဇာာရှိ ကချင်တပ်ဖွဲ့ တခုကိုနအဖ တပ်က တနလာင်္နေ့ က ၀ိုင်းထားပါတယ်။
ကချင်လွတ်မြောက်ရေးတပ်မတော်သားများမှကချင်ခေါင်းဆောင်ပိုင်းကိုလည်းအားမရကြသဖြင့်တပ်တွင်းပုန်ကန်မှုအသစ်များ ထပ်မံဖြစ်ပေါ်လာနိင်တယ်လို့ သတင်းများထွက်ပေါ်နေပါတယ်။ ဒေါက်တာတူးဂျာနှင့် ဗိုလ်မှုး ဇော်ဆိုင်းတို့  သြဇာကျဆင်းလျက်ရှိတယ်လို့ သိရပါတယ်။
ဒီကေဘီအေ မှာ ဗိုလ်နှုတ်ခမ်းမွေးဦးဆောင်တဲ့ တပ်သားများနှင့် မြ၀တီအခြေစိုက် နအဖ တပ်များကြားမှာလည်း တစတစ တင်းမာမှုများတိုးပွားလျက်ရှိနေပါတယ်။ ဒါပေမဲ့  မြိုင်ကြီးငူ ဘုန်းကြီးမှာ
နအဖ ကမ်းလှမ်းချက်ဖြစ်သော နယ်ခြားစောင့်တပ်ဖွဲ့ များအဖြစ်လက်ခံဖို့  ပြီးခဲ့တဲ့အပတ်က ဗိုလ်နှုတ်ခမ်းမွေးအား လာရောက်နားချလျက်ရှိတယ်လို့ သတင်း ရရှိပါတယ်။
ပြည်တွင်းလှုပ်ရှားမှုများကတော့ ငြိမ်သက်လျက်ရှိတယ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်ခေါင်းဆောင်များ ဖြစ်သော
မြို့ နယ်ရုံးများသို့ သွားရောက်ပြီး ရုံးခန်းဖွင့်ခြင်း၊ ဟောပြောပွဲများပြုလုပ်ခြင်းများကိုဆက်လက်လုပ်ကိုင်လျက်ရှိပါတယ်။
No comments :
Post a Comment