Tuesday, 26 October 2010

ဆင်ဖြူတကောင်က ဆင်ဦးစီးကိုသတ်လိုက်ခြင်း

သီတင်းကျွတ်လပြည်နေ့က  ကြပ်ပြေးရှိ တရိစ္ဆာန်ဥယဉ်သို့  ဆင်ဖြူတော်ပြပွဲလုပ်ဖို့  နအဖ က ပြင်ဆင်ပါတယ်။ ဆင်ဦးစီးများက  နံနက်လင်းအားကြီးကတည်းက ဆင်ဖြူများကိုရေချိုးခြင်း၊ အမွေးနံသာများကိုလူးခြင်းလိမ်းခြင်းများ ပြုလုပ်ကြရတယ်လို့ သိရပါတယ်။ အမွေးအနံများကြောင့်
ဘဓ္ဒ၀တီ အမည်ရှိ ဆင်ကြီးမှာ  စိတ်ဖေါက်ပြီး ဆင်းဦးစီးများကိုတိုက်ခိုက်ရာ ဆင်ဦးစီးတဦး သေဆုံးပြီး တဦး ပြင်းထန်စွာဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။  သေဆုံးသူဆင်ဦးစီးမှာ ဦးကျင်သန်း ဟုသိရပါတယ်။
အဆိုပါဆင်ကို ကိုယ်လုံးကိုပါ သံကြိုးများတုတ်နှောင်ပြီး ထားတယ်လို့ သိရပါတယ်။

လာရောက်ကြည့်ကြတဲ့ပရိတ်သပ်များထဲ မှာ နောက်ပြောင်တတ်သော လူငယ်များကလည်း သံကြိုးဆိုင်းလျှက်ရှိသောဆင်ကြီးကို ကြည့်ပြီး ဆင်ကြီး ဂျီ စတင်း (  G- String )  ၀တ်ထားတယ် ဟု နောက်ပြောင်ကြသဖြင့် ပရိတ်သပ်များ တသောသော ဖြစ်နေကြောင်းသိရပါတယ်။

 ဆင်ဖြူကိုပြသထည့်အဓိပါယ်မှာ သန်းရွှေနှင့်ဒေါ်ကြိုင်ကြိုင်အား လူအများက ချစ်ခင်လေးစား လာရန်အတွက် ရည်ရွယ်ပြီး ယတြာယာသဘောမျိုးနှင့်ပြသထားခြင်းဖြစ်ကြောင်း လူအများက ဆိုပါတယ်။




 တောစိတ်မကုန်သော ဘဓ္ဒ၀တီဆင် ကိုတွေ သံကြိုးဆိုင်လျက်တွေရစဉ်။

No comments :