ရွေးကောက်ပွဲမှာ ကြံ့ဖွတ်နိင်ရင်
ကော့မူးမြို့ နယ် ကွန်းခြံကုန်းကျေးရွာမှာ ကြံ့ဖွတ်ကိုယ်စားလှယ်လောင်းက မဲဆွယ် ပွဲမှာ ရွာသားတွေနဲ့ အမေးအဖြေခန်း လုပ်နေခြင်းဖြစ်ပါတယ်။
ပထမ ရွာသား - ရွေးကောက်ပွဲပြီးရင် စစ်တပ်က အာဏာသိမ်းဦးမှာလား။
ကြံ့ဖွတ် - ၂၀၀၈ အခြေခံဥပဒေ အရ အာဏာသိမ်းပြီးဖြစ်နေလို့  မသိမ်းတော့ပါဘူး။
ဒုတိယရွာသား -‘’ ရွေးကောက်ပွဲမှာခင်ဗျားတို့ နိင်ရင် လယ်တွေကိုသိမ်းဦးမှာလား ‘’
ကြံဖွတ် - ‘’ လယ်တွေကို မသိမ်းပါဘူး။ လယ်တွေ ပြန်ယူတာ တော့ရှိမယ်။
တတိယ ရွာသား - ‘’ ခင်ဗျားတို့ နိင်ရင် ပေါ်တာဆွဲဦးမှာလား ‘’
ကြံ့ဖွတ် - ‘’ တပ်မတော် ရဲ့  အထုတ်အပိုးတွေ သယ်ပေးရတာ၊အလုပ်တွေဝိုင်းလုပ်ပေးရတာလေးတွေ
တော့ရှိနိင်ပါတယ်။’’
စတ္တုထ ရွာသား - ‘’ သယ်ပေးခ ကျူပ်တို့ က ဘာရမှာလဲ ‘’
ကြံဖွတ်- ‘’ ကုသိုလ် ရမှာပါ။ ‘’
ပဉ္စမရွာသား - ‘’ ဘယ်တော့မီးရမှာလဲ’’
ကြံ့ဖွတ် - ‘’ ၁၁ မီးငြိမ်းအောင်ကျနော်တို့ လုပ်နေပါတယ်။ မီးလွတ်စားတာ ကျမ္မာရေးနဲ့ ညီပါတယ် ။ ‘’
ဆဌမ ရွာသား - ‘’ အလုပ်ကိုင်တွေ ပိုရလာမှာလား ‘’
ကြံဖွတ်- ‘’ ထိုင်း နဲ့ မလေးမှာ အလုပ်တွေသွားလုပ်နိင်ဖို့  ပစ်စပို့ တွေ ပိုထုတ်ပေးမှာပါ။ ‘’
သတ္တမ ရွာသား - ‘’ ရွေးကောက်ပွဲမှာ ခင်ဗျားတို့ နိင်ရင် စရဖ တို့  ပုလိပ်အဖွဲ့ တို့  ကရှိဦးမှာလား ။ ‘’
ကြံ့ဖွတ်ကိုယ်စားလှယ်- ‘’ ဒါကတော့ဗျာ ခင်ဗျားတို့ က ကိုယ်ဖါသာကိုယ်လာအဖမ်းခံကြမယ်ဆိုရင်ပေါ့။ ‘’
န၀မ ရွာသား- ‘’ ခင်ဗျားတို့ လုပ်လို့  လူတွေမှာ ဘာမှစားစရာမရှိတော့ဘူး။ ချီးပဲရှိတော့တယ်။ ရွေးကောက်ပွဲပြီးရင်ကျူပ်တို့ ဘာစားရမှာလဲ ။ ‘’
ကြံဖွတ် - ‘’ နေပြည်တော်စက်မူဇုံ က အစားဟောင်းကို အစာသစ်ပြန်လုပ်တဲ့နည်းပညာ ကို ဗိုလ်ချုပ်ကြီး
သန်းရွှေလမ်းညွန်ချက်နဲ့ အညီ တီထွင်ထုတ်လုပ်ထားပြီးပါပြီ။ ရွေးကောက်ပွဲအပြီး စာနပ်ရိက္ခာအတွက် မစိုးရိမ်ပါနဲ့ ။ ‘’
(သကြားမင်းကြီး)
No comments :
Post a Comment