ရွေးကောက်ပွဲမှာ မဲမပေးရေး စာရွက်တွေ လိုက်ဝေတဲ့သူ ၁၀၀ ကျော်ကို ရဲတွေက တားထားပြီး နာမည်စာရင်းတွေ ကောက်ယူနေတယ် လို့ သိရပါတယ် ။ အန်အယ်လ်ဒီ လူငယ်တွေ နဲ့ တက်ကြွလှုပ်ရှားသူ လူငယ်တွေ ပါဝင်တဲ့ အဲ့ဒီအဖွဲ့ဟာ ဒီနေ့မနက်ခင်းက တောင်ဒဂုံ၊ ရပ်ကွက် ၂၀ ကို ရောက်နေတဲ့အချိန်မှာ ရဲတွေရောက်လာပြီး စာရွက်တွေကို သိမ်း၊ ရှေ့ဆက်မသွားဖို့ တားပြီး အခုလို လုပ်နေတာဖြစ်တယ်လို့ သိရပါတယ်။
တောင်ဒဂုံ ရပ်ကွက် ၂၀ အဝေရာ ၁ လမ်း၊ အိမ်အမှတ် ၁၉၄၀ (ခ) မှာလုပ်တဲ့ အန်အယ်လ်ဒီနဲ့ ပတ်သက်တဲ့ ရပ်ကွက်တွင်းက သက်ကြီးတွေကို ပူဇော်တဲ့ပွဲအပြီးမှာ သခင်ကိုယ်တော်မှိုင်း၊ ဦးဝင်းတင်နဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ ပုံတွေပါတဲ့ တီရှပ်အဖြူတွေဝတ်ပြီး စီတန်းလမ်းလျှောက်လာခဲ့တယ်။
အဲ့ဒီမှာ ရွေးကောက်ပွဲ ကော်မရှင်က ကြေငြာထားတဲ့ နိုင်ငံသားတယောက်ဟာ မဲပေးပိုင်ခွင့်ရှိသလို မဲမပေးပဲလည်း နေထိုင်ခွင့်ရှိတဲ့ဆိုတဲ့စာတွေ ရိုက်နှိပ်ထားတဲ့ စာရွက်တွေကို ဝေတဲ့အခါ ရဲတွေက ၃ ယောက်တတန်းလျှောက်လို့ အမိန့်ပေးပြီး လူငယ်တွေရဲ့ နာမည်တွေကို ရေးမှတ်ကြတယ်လို့ ပါဝင်တဲ့ လူငယ်တဦးက ပြောပြပါတယ်။
အဲ့ဒီလို တားဆီးနေတဲ့ကြားက ဖောက်ထွက်လာတဲ့လူငယ်တချို့ဟာ မြောက်ဥက္ကလာ ဖက်ကို ဆက်သွားနေကြတယ်လို့ ပြောပြပါတယ်။လူငယ်တချို့ကတော့ တောင်ဒဂုံမှာ တားဆီးခံနေရဆဲလို့ သိရပါတယ်။
မူရင်း- အညာနွေတမာမြေ (anyarnwaytamarmyay )
Saturday, 30 October 2010
Subscribe to:
Post Comments
(
Atom
)
No comments :
Post a Comment