၈၈ ဖြစ်လာကတည်းက ကျောင်းသား၊သံဃာ၊ မူစလင်များဟာ ဟန်ချက်ညီညီ ၊ လက်တွဲညီညီ တိုက်ပွဲဝင်လာခဲ့ကြတာ နှစ်ပေါင်း ၂၀ ကျော်ခဲ့ပါပြီ။ ထောင်ထဲမှာရော၊ တောထဲမှာရော တသားတည်း ရပ်ခဲ့ကြတယ်။ မြန်မာ့ ဒီမိုကရေစီအရေးဟာ ကမ္ဘာ စာနာမှု အရဆုံးတော်လှန်ရေးလို့ တောင်ပြောလို့ ရတယ်။ ဘုရှ်ကြီးရော၊ ဘင်ကြီး က ပါထောက်ခံကြတယ်လေ။ ခုမှာ မင်္ဂလာတောင်ညွန့် မြို့ နယ် ဗလီဆရာ
ကဘယ်နဲ့  ဖေါက်ခြင်ရတာတုံးလို့ မေးခြင်ပါတယ်။ သူရဲ့ လုပ်ရပ်ကြောင့် ကျန်တဲ့ ဒီမိုကရေစီအရေးမှာ စွမ်းစွမ်းတမံဆောင်ရွက်နေတဲ့ တခြားသော မူစလင်သူတော်ကောင်းတွေကိုထိခိုက်နိင်ပါတယ်။ ယမန်နေ့ နေ့ လည်ဆယ့်နှစ်နာရီခွဲခန့် ကမင်္ဂလာတောင်ညွန့် မြို့ နယ်အတွင်းရှိရောင်နသ်ဗလီတွင်
သောကြာနေ့တိုင်းမွတ်ဆလင်ဘာသာဝင်တိုဝတ်ပြုဆုတောင်းပွဲရှိသည်နှင့်အညီဝတ်ပြုဆုတောင်းရန်
၏မွတ်ဆလင်ဘာသာဝင်များအဆိုပါဗလီသို့ဝတ်ပြုဆုတောင်းရန်အစ္စလာမ်ဘာသာဝင်(၁၅၀၀)ကျော်စုရုံးရောက်ရှိလာကြစဉ်ရောင်နသ်ဗလီရှေ့ဆောင်ဗလီဆရာ(မွတ်ဖသီ)ဦးအလီမှဝတ်ပြုရန်ရောက်ရှိစုရုံးနေကြသောအစ္စလာမ်ဘာသာဝင်များကိုဘာသာရေးနှင့်မသက်ဆိုင်သောကြံ့ဖွတ်ပါတီကိုမဲထည့်ကြပါဟူသောနိုင်ငံရေးစည်းရုံးလှုံ့ဆော်မှုကိုပြုလုပ်ခဲ့သဖြင့်ပုံမှန်ဝတ်ပြုဆုတောင်းသူများနှင့်ရပ်ကွက်နေပြည်သူများကမကျေနပ်ရာမှရွေးကောက်ပွဲကော်မရှင်ကိုစာရေးတိုင်ကြားမှုအထိဖြစ်ပွားခဲ့ကြောင်းသတင်းရရှိသည်။

ဖြစ်ပွားပုံမှာမင်္ဂလာတောင်ညွန့်မြို့နယ်ရောင်နသ်ဗလီ၏ရှေ့ဆောင်ဆရာ(မွတ်ဖသီ)ဦးအလီက၀တ်ပြုဆုတောင်းရန်လာကြသောအစ္စလာမ်ဘာသာဝင်(၁၅၀၀)ကျော်တိုအားဝတ်ပြုဆုတောင်းမှုမပြုမီတရားဒေသနာများဟောကြားရမည့်အချိန်တွင်ဘာသာရေးတရားများမဟောကြားပဲဘာသာရေးနှင့်မသက်ဆိုင်သည့်နိုင်ငံရေးတရားများဟောပြောစည်းရုံးခဲ့မှုကြောင့်ဝတ်ပြုဆုတောင်းရန်ရောက်ရှိလာသောမင်္ဂတောင်ညွန့်မြို့နယ်(NLD)လူငယ်များနှင့်ဝတ်ပြုဆုတောင်းသူများကယခုကဲ့သို့ဘာသာရေးကိုခုတုံးလုပ်ရ်ျနိုင်ငံရေးအရစည်းရုံးခြင်းကိုကျေနပ်မှုမရှိသဖြင့်ရောင်နသ်ဗလီဂေါပကအဖွဲ့သို့က်ျကိစ္စအားဖြေရှင်းပေးပါရန်သွားရောက်တိုင်ကြားခဲ့ကြရာဂေါပကအဖွဲ့မှ၎င်းကိစ္စအားပြေလည်အောင်ဖြေရှင်းပေးခြင်းမရှိသဖြင့်မင်္ဂလာတောင်ညွန့်မြို့နယ်(NLD)လူငယ်များမှဦးဆောင်ပြီးမြိုနယ်ရွေးကောက်ပွဲကော်မရှင်သို့ သွားရောက်တိုင်ကြားခဲ့ကြသည်။
ဗလီဆရာဦးအလီမှပြောကြားရာတွင်”မိမိတို့ အစ္စလာမ်ဘာသာဝင်များသည်လူနည်းစုဖြစ်ကြောင်း၊ထို့ ကြောင့်အုတ်နံရံကိုခေါင်းနဲ့ တိုက်လို့မရကြောင်း၊ယခုအခါမင်္ဂလာတောင်ညွန့်မြို့နယ်မှမွတ်ဆလင်လုပ်ငန်းရှင်အချို့ဖြစ်သောဦးဇော်ဝင်း၊ဦးလှသိန်း၊ဦးကျော်သင်းစသူတို့ကအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးဒီမိုကရက်တစ်ပါတီ(N.D.P.D)ပါတီကိုတည်ထောင်ထားပြီးအစ္စလာမ်ဘာသာဝင်များ၏အကျိုးကိုဆောင်ရွက်မည်ဖြစ်ပြီး၎င်း(N.D.P.D)ပါတီသည်ကြံ့ဖွတ်ပါတီနှင့်မဟာမိတ်ဖွဲ့ထားကြောင်း၊ထို့ကြောင့်မိမိကိုယ်တိုင်သည်လည်းကြံ့ဖွတ်ပါတီကိုမဲထည့်မှာဖြစ်ကြောင်းနှင့်မင်္ဂလာတောင်ညွန့် မြို့ နယ်မွတ်ဆလင်လူထုအနေဖြင့်လည်းကြံ့ဖွတ်ပါတိကိုပင်မဲပေးကြစေဖို့ ပွင့်ပွင့်လင်းလင်းပြောဆိုခြင်းဖြစ်ကြောင်း”ပြောဆိုသွားပါသည်ဟုဝတ်ပြုဆုတောင်းသူများကပြန်လည်ပြောကြားခဲ့ကြသည်။
၎င်းဗလီတွင်ဝတ်ပြုဆုတောင်းနေသည်မှာအနှစ်နှစ်ဆယ်ရှိပြီဖြစ်သောဦးအာလီများကယခုဖြစ်စဉ်ကိုသုံးသပ်ပြောဆိုရာတွင်”ကျွန်တော်ဒီဗလီမှာပုံမှန်ဝတ်ပြုလာတာအနှစ်နှစ်ဆယ်ရှိပါပြီ။ဒါပေမယ့်ဒီနေ့လိုဘာသာရေးကိုခုတုံးလုပ်ပြီးနိုင်ငံရေးတရားဟောတာတခါမှမရှိခဲ့ဘူးပါဘူး။
ဒီဗလီရဲ့ကြော်ငြာသင်ပုန်းမှာလဲဗလီကိုဝတ်ပြုဆုတောင်းရန်လာသူများနိုင်ငံရေးအကြောင်းမဆွေးနွေးမဟောပြောဖို့သတိပေးတားမြစ်ထားတာရှိပါတယ်။အခုလိုမျိုးဗလီရှေ့ဆောင်ဆရာတစ်ဦးကပြောတာဟာဘာသာရေးအရပဲကြည့်ကြည့်၊နိုင်ငံရေးအရပဲကြည့်ကြည့်ဘယ်လိုမှမကောင်းပါဘူး။ဘာသာရေးနဲနိုင်ငံရေးဆိုတာမရောယှက်သင့်တဲ့အရာတွေပါ။တခုဆီသီးခြားခွဲထားသင့်တယ်ဆိုတာဘယ်ဘာသာဝင်မဆိုအားလုံးနားလည်ကြမှာပါ။အခုဗလီဆရာတယောက်ဒီလိုပြောတော့အစ္စလာမ်ဘာသာဝင်တွေအချင်းချင်းမှာလဲစည်းရုံးရေးကွဲပြားတာကိုဖြစ်စေသလို၊၀တ်ပြုဆုတောင်းရန်လာကြသူတွေဘက်ကလဲသာသနာ့ဝန်ထမ်းတစ်ယောက်ကသာသနာရေးကိုခုတုံးလုပ်ပြီးနိုင်ငံရေးစည်းရုံးတာကိုမကြည်ဖြူကြပါဘူး”ဟုပြောကြားသွားပါတယ်။
လာမယ့်တနင်္လာနေ့မှာတော့မင်္ဂလာတောင်ညွန့်မြို့နယ်မှာရှိတဲ့(NLD)ပါတီဝင်လူငယ်များဦးဆောင်ရ်ျမြို့နယ်ရွေးကောက်ပွဲကော်မရှင်သိုစာဖြင့်ရေးသားရ်ျထပ်မံတိုင်ကြားသွားဦးမည်ဖြစ်ကြောင်းသတင်းရရှိပါသည်။
5 comments :
သေချာ ၇ဲ့လား...ကို မိုးသီး..ခင်ဗျာမှန်၇င်တော့...ကျွန်တော်တို့လဲ...ဝိုင်းအော်၇မှာပဲ...
ကို မိုးသီး
ကျမကဆ၇ာမတယောက်ဖြစ်ပါတယ် ကျောင်းသားတွေကိုအ၇မ်းချစ်တတ်ပါတယ် ဒါကြောင်. ၁၉၉၀ေ၇ွးကောက်ပွဲမှာ လူ.ဘောင်သစ်ကို ကျမေ၇ာ ကျမယောကျာ်းပါ မဲထည်.ခဲ.ပါတယ် မင်းကိုနိုင်ကိုလဲ အ၇မ်းလေးစားတယ် သူထောင်ကလွတ်တယ်ကြား၇တဲ.နေ.က ကျမ မျက်၇ည်ကျတဲ.အထိ ဝမ်းသာခဲ.မိတယ် သူပြောခဲ.တဲ.စကားက ကောင်းကင်ကကြယ်တွေကို ညဘက်မှာမမြင်ဘူးတာ ၁၆နှစ် ၇ှိသွားလို.တညလုံးထိုင်ကြည်.နေမိတယ်လို.ပြောတာကို ကျမ၇င်ဆို.အောင်ခံစားခဲ.မိပါတယ် မှန်တာတခုပြော၇၇င် ကိုမိုးသီးဇွန်ကို မလေးစားပါဘူး ထောင်ထဲမဝင်၇ဲလို. ထွက်ပြေးပြီး အမေ၇ိကန်မှာ ကောင်းစားနေတာကို အေးအေးမနေပဲ မြန်မာပြည်ထဲက ဖိနှိပ်ခံကျောင်းသားလေးတွေကို အပြင်ကနေ လေတခုပဲ၇င်းပြီး သွေးထိုးပေးတယ် ကျောင်းသားလေးတွေဆန္ဒ ပြကြတယ် ကျောင်းသားလေးတွေအဖမ်းခံ၇တယ် ဦးသန်းေ၇ွှ ဘာမှမလိုက်လျောဘူး အဲ.ဒီအတွက် ကိုမိုးသီးကတော. ထောက်ပံကြေးတွေပို၇တယ် အားလုံးကိုခြူံကြည်.၇င် ဘယ်သူအမြတ်ထွက်လဲ ကျောင်းသားလေးတွေကသူတို. ဘဝတွေ အသက်တွေ၇င်းလိုက်၇တယ် ဒါပေမဲ. ကိုမိုးသီးပဲ အမြတ်ထွက်သွားတယ် ယခူလဲ မွတ်ဆလင်ဘာသာဝင်တွေနဲ. ဗုဒ္ဒဘာသာဝင်တွေကို တိုက်ပေးနေပြန်ပြီ မြန်မာပြည်မှာ ကုလားဗမာ တိုကိုပွဲတွေဖြစ်၇င် ဘယ်သူတွေနာမလဲ ကျမတို. မြန်မာပြည်ကသားသမီးတွေပဲနာမယ် ဒါပေမဲ.ကိုမိုးသီှး် သိအောင်ပြော၇အုံးမယ် ကုလား-ဗမာ အေ၇းအခင်းဖြစ်အောင်လှုံ့ဆော်တဲ.သူတိုင်း ဒူက္ခတွေ.တတ်တယ် သာဓကတွေနဲ.ပြမယ်
၁။ နေမဝင်အင်ပါယာကြီးကိုတည်ထောင်ခဲ.တဲ. အင်္ဂလိပ် အစိုး၇ ကုလား-ဗမာအေ၇းအခင်းဖြစ်အောင်လှုံဆော်တယ် မကြာဘူး ပြူတ်ကျသွားတယ်
၂။ မဆလခေတ်က မျက်မှန်တင်ဦး မော်လမြိုင်မှာ ကုလား-ဗမာ လှုံဆော်စာတွေဖြန်.ဝေတယ် မကြာဘူး အ၇ှက်တကွဲပြူတ်ကျခဲ.တယ်
၃။ ကျောက်အုတ်ကြီးလိုခိုင်မြဲတဲ. မဆလဦးနေဝင်း တောင်ကြီးနဲ.ပြည်မှာ ကုလား-ဗမာ အေ၇းအခင်းကိုဖန်တီးခဲ.အပြီးမှာ အ၇ှက်တကွဲပြူတ်ကျခဲ.တယ်
၎။ ထောက်လှမ်းေ၇းဦးခင်ညွန်. သူ.တပည်.တွေနဲ. ဗလီတွေလိုက်ဖျက်တယ် ထောက်လှမ်းေ၇းတဖွဲ.လုံး ပြူတ်ကျပြန်တယ်
အဲ.ဒါဘာလို.လဲ သိလား အပြစ်မ၇ှိတဲ.လူတွေကို အနိုင်ကျင်.ကြလို. ဘု၇ား၇ိုက်တာ
ကိုမိုးသီးသိသင်. တာတခု၇ှိသေးတယ် အဝေးကြီးကိုလှမ်းမျှော်ပြီး မြန်မာပြည်အထိ ပြောနေမဲ.အစား ကိုမိုးသီးနေတဲ.ပတ်ဝန်းကျင်မှာ ယခုလက်၇ှိ တိုင်းမှူးဗိုလ်ချုပ်တယောက်၇ဲ. အမတွေ ယောက်ဖတွေ တူ တူမတွေ အဲ.ဗိုလ်ချူပ် ၇ဲ. သားသမီးတွေ နယူးယောက်မြို.မှာ နိုင်ငံေ၇းခိုလှုံပြီး ကြီးပွားချမ်းသာနေကြတာေ၇ာ သိပါ၇ဲ.လား နယူးယော.မြို.မှာပဲ ယခင်လယ်ဆည်ဝန်ကြီး နှင်. ဧ၇ာဝတီတိုင်းမှူးဟောင်း ၇ဲ. သားနဲ.သူငယ်ချင်းတစူ လာေ၇ာက်လည် ပတ်သုံးဖြုန်းသွားတာ ကိုမိုးသီးသိလိုက်ပါ၇ဲ.လား ကိုယ်.၇ဲ. ပတ်ဝန်းကျင် ကိုအ၇င်လေ.လာ သင်.ပါတယ်လို. အကြံပေးလိုက်ပါတယ်

ှဆရာမ ပြောတာ ကျန်တာတော့ မသိဘူး။ ဘလော့ပိုင်ရှင် အကြောင်းတော့ တော်တော် လေးမှန်တယ်။
Post a Comment