Tuesday, 5 October 2010

လူထုစစ်ပွဲ ဗျူဟာ ( ဦးအေးဆောင်)

          ၂၀၁၀ နအဖရဲ့ ဟန်ပြရွေးကောက်ပွဲပြီးနောက် စည်းမျဉ်းခံ လက်ကိုင်ဒုတ်ပါလီမန် ဟာ ပေါ်လာမယ်။ လက်တဆုတ်စာ စစ်အာဏာာရှင်တွေဟာ ပါလီမန် အမွေးအတောင် တွေနဲ့ အကောင်ကြီးသလို ဟိတ်ဟန်ထုတ်ရင်း လူထုကို ပိုမိုဖိနှိပ်လာကြလိမ့်မယ်။တိုး ပွါးလာတဲ့ သူလက်ပါးစေတွေနဲ့ကျွန်တော်တို့ကို ၀ိုးပတ်နိုင်အောင်ကြံစည်ကျိုးပမ်းးကြ လိမ့်မယ်။
          ကျွန်တော်တို့ကလဲ သူတို့ထက် ပိုမိုကြီးမားတဲ့ လူထုအင်အားတွေနဲ့ သူတို့ကို ၀ိုင်းပတ်ချေမှုန်းနိုင်အောင် ကြီးမားကျယ်ပြန့်တဲ့ဗျူဟာကို ချမှတ်ပြီး သူတို့ကိုဝိုင်း ပတ်ချေ မှုန်းရမှာ ဘဲ။ဒါအတွက် ဒီစာတမ်းကို တင်ပြလိုက်ပါတယ်။
ဒီလူထုစစ်ပွဲနည်းဗျူဟာ စာတမ်းဟာ “ ပြည်သူ့စစ်ပွဲမီးပင်လယ်” ဆိုတဲ့ စကားလုံး ကို ပြောင်းသုံးထားလိုက်တာပါ။ “ပြည်သူ့စစ်” ဆိုတဲ့ စကားကို ရန်သူသုံးတဲ့ လက်ပါးစေ ပြည်သူ့စစ်နဲ့ ကွဲလွဲအောင် ပြောင်းထားလိုက်တာပါ။ အဓိပ္ပါယ်က ပြည်သူ့စစ်ပွဲမီးပင် လယ်နဲ့မကွာ ပါဘူး။ ရန်သူစစ်အာဏာရှင်တွေကို လူထုစစ်ပွဲမီးပင်လယ်ထဲမှာ လောင် မြိုက် စေဖို့ပါ။
လူထုစစ်ပွဲမီးပင်လယ် ဆိုတာကို သိထားတဲ့လူတွေ တော်တော်များပေမဲ့ သဘော ပေါက်သူနည်းတယ်။သဘောပေါက်တော့လဲ ကျင့်သုံးနိုင်တဲ့သူ ကျွန်တော်တို့ တိုင်းပြည် မှာ နည်းတယ်။ဒီလို ဖြစ်ရတဲ့ အကြောင်းက လူမျိုးစွဲ၊ဒေသစွဲ၊ ပါတီစွဲ၊ ဂိုဏ်းဂဏစွဲ၊ ပုဂ္ဂိုလ်ရေး အကျိုးစီးပွါးတွေကြောင့် ကိုယ့်ကြိုးနဲ့ကိုယ်ရှုပ်နေကြလို့ပါ။ ကျယ်ပြန့်တဲ့ လူထုစစ်ပွဲ မီးပင်လယ်ဗျူဟာကို မကျင့်သုံးနိုင်ကြဘူး။
လူထုစစ်ပွဲဗျူဟာက လူထုထောက်ခံတဲ့ လမ်းစဉ်ရှိတဲ့ အဖွဲ့အစည်းမှသာ ကျင့်သုံး လို့ရတယ်။ လူထုနဲ့ ဆန်ကျင်သူတွေက ကျင့်သုံးလို့မရပါ။ လူထုထောက်ခံအားပေးမှု မရသူတွေ ကျင့်သုံးလိုမရနိုင်ပါ။
ဒီနေ့ဒီအချိန်မှာ ရန်သူစစ်အာဏာရှင်တွေက ဟန်ပြရွေးကောက်ပွဲနဲ့ စီးပွါးရေးမက် လုံးတွေပေးပြီး လက်ကိုင်ဒုတ်တွေမွေးနေတယ်။ လက်ပါးစေလက်ဝေခံတွေကို မွေးနေ တယ်။ နှစ်ကာလ ကြာရှည် အုပ်စိုးခဲ့တဲ့ စစ်အာဏာရှင် စံနစ်ကို အလှချယ် မျက်နှာဖုံး တပ်ပြီး မသိနားမလည်သူတွေ၊ အချောင်သမားတွေကို မြူဆွယ် ဖမ်းစားနေတယ်။ဒါပေမဲ့ သူတို့ဟာ လူထုအကျိုးစီးပွါးကို သယ်ပိုးတာထက် စစ်အာဏာရှင် အကျိုးစီးပွါးကို သယ်ပိုး သွားမှာမို့ လူထုထောက်ခံအားပေမှုကို မရနိုင်ပါဘူး။ စစ်အာဏာရှင် တွေအကျိုး  အတွက် လူထုကို ဖိနှိပ်နေရလို့ လူထုဆန့်ကျင်မှုကို နေရာတိုင်းမှာ ခံနေရမှာပါ။
ကျွန်တော်တို့က သူတို့နဲ့ ဆန့်ကျင်ဘက် ။ စစ်အာရှင် အကျိုးကိုလုံးဝကြည့်ဖို့ မလိုဘဲ ပြည်သူ့ လူထုအကျိုးစီးပွါး တခုထည်းကိုသာကြည့်ရတော့ သူတို့ထက်ပိုသွက် လက် ပိုထိရောက်အောင်လုပ်နိုင်မှာပါ။  
စစ်အာဏာရှင် တွေနဲ့ သူ့လက်ပါးစေလက်ဝေခံတွေကြားမှာလဲ အကျိုးစီးပွါးတွေ အဝေမတည့်လို့ပဋိပက္ခတွေ ပိုပိုပေါ်လာဦးတော့မယ်။ ဒါတွေဟာ မရှောင်လွှဲ နိုင်တဲ့ တရားတွေဘဲ။
ကျွန်တော်တို့ဘက်ကလဲကိုယ်ကျိုးစီးပွါး၊ဂိုဏ်းဂဏနဲ့လူမျိုးစွဲဒေသစွဲတွေလောက် ဘဲ ရှိနေရင်သူ့တို့ထက်ပို ဆိုးတဲ့ ပဋိပက္ခတွေ ဖြစ်နေဦးမှာဘဲ၊ နအဖစစ်အာဏာရှင်တွေ က သူတို့ အာဏာ အရိုးးအရင်းကို ချကျွေးပြီးလက်ကိုင်ဒုတ်ရှာသလို ကျွန်တော်တို့က ပြည်သူထုတွေကို တကယ်စစ်မှန်တဲ့ အခွင့်အရေးတွေ၊ နိုင်ငံရေးအမြင်ကျယ်ပြီး သဘော ထားကြီးကြီးနဲ့ ကျယ်ပြန်တဲ့ လှုပ်ရှားမှုတွေပေါ်လာအောင် ကျဉ်းမြောင်းတဲ့ အမြင်တွေ၊ လုပ်ဟန်တွေကို ပယ်ဖျက်ဆန့်ကျင်ဖို့လိုပါတယ်။ဒါမှသာ ရန်သူထက်ပိုမို ကြီးမားတဲ့ လူထုအားနဲ့ ရန်သူလက်ပါးစေလက်ဝေခံတို့ကို ပြန်ဝိုင်းပတ်ချေမှုန်းနီုင်မှာဖြစ်တယ်။
လူထုအားကိုရရှိဖို့က လူထုလိုလားချက်တွေကို ဖြည့်စည်းပေးရမယ်။လူထုလိုလား တာက သူတို့ကို နေရာတကာချုပ်ချယ်ဖိနှိပ်နေတဲ့ စစ်အာဏာကို ဖျက်သိမ်းစေချင်တာ ဒီအလုပ်ကို မလုပ်သရွေ့ လူထုကအားကိုးမှာ မဟုတ်ဘူး။ ဒီအလုပ်ကို လုပ်ဖို့က  အခွင့် အရေးအားဖြင့်ဆိုရင် စီးပွါးရေးလွတ်လွတ်လပ်လပ် ရှာနိုင်ဖို့၊ လွတ်လွတ်လပ် ပြောဆိုဆွေး နွေးစုဝေးတိုင်ပင် နိုင်ဖို့၊ ပိုင်ဆိုင်မှုကို ကာကွယ်နိုင်ဖို့၊ လယ်ယာမြေပိုင် ဆိုင်နိုင် ဖို့တွေ ရှိတဲ့ မူကို ကျင့်သုံးမှ လူထုကို အခွင့်အရေးပေးရာကျမယ်။
အရှင်းဆုံးပြောရရင် နအဖ စစ်အာဏာရှင်တွေဟာ လက်ဝါးကြီးအုပ်စစ်ပဒေသ ရာဇ်တွေပါ။ အခုအရင်းရှင် စံနစ်လိုလိုဟန်ဆောင်ကူးပြနေတာပါ။ သူတို့တကယ်ဘယ် တော့မှ မကူးနိုင်ဘူး။ တကယ်ကူးရင် သူတို့ ဇာတ်သိမ်းတော့မှာသူတို့သိ တယ်။ သူတို့အားကိုးတာ စစ်တပ်နဲ့ လက်နက်ဖြစ်ပြီး။ အရင်းရှင် စနစ်အားကိုးတာက ငွေကြေး ဖြစ် တယ်။ ငွေကြေးသြဇာလွှမ်းရင် သူတို့ အတွက် ခိုစရာနေရာ မရှိတော့ဘူးဖြစ်သွားမှာ ကြောင့်ဘဲ။ အခုအခါမှာ စစ်ပဒေသရာဇ်စနစ်ရဲ့ ဖိနှိပ်ရက်စက်မှုတွေဟာ ဖုံးလို့ ဖိလို့ မနိုင်လောက်အောင်ဖြစ်လာတော့ ကမ္ဘာ့ အမြင်ကောင်းအောင် အင်ကျီလဲဝတ်နေတာဘဲ ဇာတိက မပျောက် ပါဘူး။ နောက်ဆိုသူ့နောက်လိုက်တွေ တိုးပွါးလို့ ပိုဆိုးရွားမည့် လက္ခဏာတွေ တွေ့နေ ရပြီ။
သူဘယ်လောက်သူတို့လူမွေးမွေး တပြည်လုံးအတိုင်းအတာတော့ ဘယ်တော့မှ မမွေးနိုင် ဘူး။ တပြည်လုံးကိုမွေးနိုင်ရင်လဲ တိုင်းပြည်က ဒီမိုကရေစီနိုင်ငံ ဖြစ်နေမှာပါ ဘဲ။သူတို့ဟာ သွေးစုတ်မှ ရှင်သန်နိုင်မည့်လူတွေဆိုတော့ သွေးစုတ်ခံ လူတန်းစားကို အမြဲချန်ထား ရစ်နေပါဘဲ။
အတန်းအစား ဆိုတာ
          အတန်းအစားပြဿနာကို ကျွန်တော်တို့ ဘယ်လိုဘဲ မေ့ထားချင်ရင်လဲ မေ့ထား လို့ မရပါဘူး။ မြန်မာပြည်မှာ ဖြစ်နေတဲ့ စစ်အာဏာရှင် လက်တဆုတ်စာ ဖိနှိပ်သူနဲ့  ဖိနှိပ်ခံ လူမျိုးပေါင်းစုံ၊ လူ့အလွှာပေါင်းစုံတို့ရဲ ပဋိပက္ခကို မမြင်ကျိုးကျွံပြုရင် ကျွန်တော် တို့ဟာ ကိုယ့်မိတ်ဆွေတွေကို ကိုယ်မမြင်သလို၊ ကိုယ့်အင်အားကို ကိုယ် မစုစည်းရာ ကျမယ်။
          လူမျိုးရေးအမြင်။ အမျိုးသားရေးအမြင်ဟာ ဒီနေ့ စစ်အာဏရှင်ကို ရင်ဆိုင်တဲ့ နေရာမှာ ဘယ်လောက်အထိ ထိရောက်ပြီး ဘယ်လောက်အထိ ချို့ယွင်းသလဲ ကျွန်တော် တို့ သုံးသပ်သင့်တယ်။ မာနပလောကျသွားရတာဟာ လူမျိုးရေးအမြင်ကျဉ်းမှုကို ရန်သူက အမြတ်ထုတ်သွားတာ၊ စေ့စပ်ရေးအဖွဲ့တွေကွဲရတာဟာ လူတန်းစားအကျိုးစီးပွါးက အမျိုး သား ရေးကို မျက်ကွယ်ပြုသွားတာ။ဥရောပ တတိုက်လုံး စုစည်းတဲ့ ပုံဖေါ်နေကြပေမဲ့ ကျွန်တော်တို့မှာ ဒေသစွဲစိတ်က ပိုမတက်သေဒဘူး။ ဒါတွေဟာကျွန်တော်တို့ စုစည်းမှုကို များစွာထိခိုက်ခဲ့ရပါတယ်။ ဒီတော့ အဖိနှိပ်ခံ ညီညွတ်ရေးစိတ်ဓါတ်၊ ဘုံရန်သူ စစ်အာဏာ ရှင် ကိုဝိုင်းတိုက်ရေးစိတ်ဓါတ်တွေ မရှိဘဲ အမိန့်နဲ့ စုစည်းထားတဲ့ စစ်အာဏာရှင်ကို ယှဉ်ဖို့ဆိုရင် ကျွန်တော် ပိုမိုအားကောင်း ပိုမိုကျယ်ပြန့် ပိုမိုကျစ်လစ်တဲ့ အားကို တည် ဆောက်ရ မယ်ဆိုတာ ရှောင်လွှဲလို့မရတဲ့ ကောက်ချက် ဖြစ်နေတယ်။
          ကျွန်တော်တို့အတွင်းမှာ ဖြစ်ဖြစ်နေရတဲ့ ပြဿနာက နယ်မြေပြဿနာ၊ အခွန်အ ကောက်ပြဿနာ၊လက်နက်ကိစ္စတွေဘဲ ဖြစ်နေတာကို တွေ့တွေ့ရတယ်။ ဒီနယ်မြေတွေ၊ ဒီငွေ တွေ၊ ဒီလက်နက်တွေ အခုဘယ်ရောက်ကုန်သလဲ။ တော်လှန်ရေးအားနည်းတော့ နယ်မြေတေ၊ွလက်နက်တွေ ရှုံးကုန်တာဘဲမဟုတ်လား။တော်လှန်ရေးကို အရေးမထား၊ အဓိက ရည်မှန်းချက်ကို အရေးမထားတော့ သေးမွှားတဲ့ ပြဿနာတွေနဲ့ ညီညွတ်စည်း လုံးမှုတွေ ထိခိုက်ခဲ့ရတာကို အလေးအနက် သင်ခန်းစာယူသင့်လှပါတယ်။
          သမိုင်းဆိုတာစိတ်ထဲက ဖြစ်တာမဟုတ်ဘဲ အပြင်မှာ တကယ်ဖြစ်နေတော့ပ ကတိ အခြေ အနေကို ကျွန်တော်တို့ ကြိုက်သည်ဖြစ်စေ၊ မကြိုက်သည်ဖြစ်စေ ရင်ဆိုင်ရင်း အောင်မြင် အောင် ဆောင်ရွက် နိုင်ဖို့ ကျွန်တော်တို့ လုံးပမ်းကြရမှာပါဘဲ။
ရေရှည် စစ်
          လာပြန်ပြီ ဒီလောက်ကြာတဲ့ စစ်ပွဲကို ပိုကြာအောင် ရေရှည်လို့ ပြောပြန်ပြီလားလို့ ပြောကြမှာ ကျွန်တော်သိနေပါတယ်။ ဘယ်သူက အောင်ပွဲကို အလျှင်အမြန်မရချင်တာ ရှိမှာလဲ။ ဖြစ်နိုင်ရင် မနက်ဖန်အိမ်ပြန်ချင်တာပေါ့။ဒါက ဆန္ဒဘဲ။ အခြေအနေက ကျွန်တော် တို့ အားကိုးရမည့် လယ်သမားတွေက ဘယ်လောက် ဆက်သွယ်ရေးကောင်းလို့လဲ “ဘုန်းကြီးတွေ ဆန္ဒပြတာ ဟုတ်ရဲ့လား” “ဦးနေ၀င်း သေတာ တကယ်လား” လို့ မေးတတ်တဲ့ လူတွေနဲ့ အလုပ်လုပ်ရမှာ၊ စက်ရုံတွေက အလုပ်သမားတွေက လက်ကိုင်ဖုံး ဘယ်နှစ်ယောက်ကကိုင်နိုင်နေပြီလဲ။အဖွဲ့အစည်းတခုခုရဲ အောက်မှာ ဘယ်လောက်စံနစ် တကျ စုစည်းမိကြပြီလဲ။ အဖွဲအစည်းဆိုတဲ့ ဟာက တော်လှန်ရေးကို ကောလုပ်မှာလား။ လူမှုရေးလား။ စေ့စပ်ရေးလား။ ရွေးကောက်ပွဲလောက် အားကိုးနေတာလား ဆိုတာ တွေကြောင့် ရေရှည်လို့ ယေဘုယျပြောရတာဘဲ။
လှုပ်နိုင်ရှားနိုင်တဲ့ကျေးလက်ကအခြေခံပြီး မြို့ကို သိမ်တဲ့နည်းကိုအခြေပြုပြီး ရဦးမှာဘဲ။ ရန်သူစစ်တပ်အကွဲအပြဲတွေက အခြေအအနေပေးရင်၊ သိပ်ထက်မျက်တဲ့ခေါင်း ဆောင်တွေပေါ်လာရင်တော့ရေတိုနဲ့တော်လှန်ရေးအောင်အောင်လုပ်နိုင်မယ်ထင်တယ်။ ယေဘုယျအားဖြင့်တော့ ရေရှည်စိတ်ဓါတ်ထားရမှာဘဲ၊ အခွင့်အခါနဲ့ အခြေအနေ အလိုက် နည်းနာ တော့ ပြောင်းဖို့လိုလဲလိုမှာဘဲ။ တရားသေတော့မဟုတ်ဘူးပေါ့။
ပြည်သူလူထုကိုအားကိုရင်း တော်လှန်စစ်ကို ဆင်နွဲနိုင်ရမယ်ဆိုတဲ့ ယုံကြည်ချက် ကို အခိုင်အမာစိုက်ထူထားရမယ် ပြည်သူတွေကို ယုံကြည်ရမယ်။ ရန်သူစစ်အာဏာ ရှင်တွေဟာ ပြည်သူအပေါ် ပြစ်မှုကြီးတွေ ကျူးလွန်ထားသူတွေဖြစ်လို့ ပြည်သူတွေရဲ့ ခွင့်လွှတ်ဖို့ တော်တော်နဲ့ရနိုင်တော့မှာမဟုတ်သလို အာဏာရှင်တွေဟာလဲ ပြည်သူတွေ ကို အမြဲ တမ်း ကြောက်လန့်ရင်း ပိုပိုဖိနှီပ်ရင်း ကျဆုံးသွားပါလိမ့်မယ်။
တပ်ပေါင်းစုနဲ့အောင်ပွဲခံရေး
          မြန်မာပြည်တော်လှန်ရေး နှစ်တွေကြာရတဲ့ အကြောင်းမှာ တပ်ပေါင်းစု ကိုမဏ္ဍိုင်ပြု တာအားနည်းခဲ့တယ်လို့ မြင်မိတယ်။ ဒီလိုဖြစ်ရတာက တပြည်လုံးအတိုင်းအတာ ဆောင် တဲ့ အမြင် မရှိတာရယ်၊ ဂိုဏ်းဂဏနဲ့ လူမျိုးရေးအမြင်တွေကြောင့်ဘဲ။ ဒီနေ့ ကနေ နောက် ကို ပြန်ကြည့်ရင် အစိုးရလုပ်သူကလဲ အစိုးရအလျှောက်၊ တော်လှန်တဲ့ သူတွေက လဲ သူ့အတိုင်းအတာအလျှောက် ဒီအားနည်းချက်တွေဘဲ တွေ့နေရတယ်။
          ဒီနေ့ ကမ္ဘာဟာ အရှိန်အဟုန်ပြင်းပြင်းနဲ့ တိုးတက်နေတယ်။ ကျွန်တော်တို့တတွေ အမျှော်အမြင်နည်းပြီး ပေါင်းစည်းလုပ်တတ်တဲ့ အလုပ်တွေ မလုပ်တတ်ရင် စုပေါင်းထားတဲ့ အရင်းအကြီးကြီတွေအောက်မှာ ဘယ်တော့မှ လူလုံးလှစရာ မရှိဘူး။ နိုင်ငံရေးလဲ နိုင်ငံရေး မို့။ တော်လှန်ရေးလဲ တော်လှန်ရေးမို့၊ စီးပွါးရေးလဲ စီပွါးရေးမို့၊ နည်းပညာလဲ နည်း ပညာမို့ ပေါင်းစည်းလုပ်တတ်ဖို့ လိုနေတယ်ဆိုတာကို အလေးအနက်ပြောချင်ပါတယ်။
အခုအခါမှာ လူထုစစ်ပွဲဗျူဟာကို ချမှတ်ဆောင်ရွက် မယ် ဆိုရင် အမြင်ဟာ အရင် ကထက် မကျယ်လို့မရဘူး။ “ငါနဲ့မတူ ငါ့ရန်သူ” အစား ရန်သူကို တိုက်တဲ့သူမှန်သမျှ ပူးပေါင်းပြီးဝိုင်းတိုက်နိုင်အောင် ကျိုးပမ်းကြဖို့လိုတယ်။ စာနာနားလည်ဖို့လိုတယ်။ထိန်း ကျောင်း လမ်း တည့် ဖို့လဲလိုတယ်။ အဖိနှိပ်ခံ ညီညွတ်ရေးနဲ့ ဘုံရန်သူဝိုင်းတိုက်ရေးဟာ အခြေခံမူ ဖြစ်နိုင်လိမ့်မယ်။
          တော်လှန်ရေးကို လူထုက လက်ခံလာဖို့ ဆိုရင် တော်လှန်ရေးလမ်းစဉ်က လူထု ကို အကျိုးပြုတာ ဖြစ်ကြောင်းလက်တွေ့ပြဖို့လိုတယ်။ လူထုကို ကာကွယ်တာ၊ လယ်ယာ မြေပိုင် ဆိုင်မှုကို အသိအမှတ်ပြုတာ ပုဂ္ဂိုလ်ရေး လွတ်လပ်ခွင့်တွေကို စောင့်ရှောက်တာက အစလုပ် ရမှာပါ။ စစ်သားကောက်၊ အခွန်ကောက်၊အထမ်းသမားလုပ်ခိုင်းတာလောက်နဲ့ လူထုရဲ့ အားကိုးမှုကိုရဖို့ခက်ပါတယ်။
          လူထုစစ်ပွဲဗျူဟာမှာ အထူးသဖြင့် ကျွန်တော်တို့ရဲ့ အတိတ်က အမှားနဲ့အားနည်း ချက်တွေကို ဖေါ်ထုတ်ပြင်ဆင်တာ၊ အမြင်ကိုချဲ့ထွင်တာ၊ လူထုကို အကျိုးပြုတဲ့ လုပ်ငန်း စဉ်တွေ ချမှတ်ထာအပြင် ရန်သူကို လူထုနည်းနဲ့ တိုက်ပွဲဝင် လာအောင်။ ၀င်နိုင်အောင် ဖန်တီးတာ။ ကူညီတာတွေက လုပ်ငန်းစဉ်တွေပါဘဲ။
အရင်တုန်းက လုပ်ခဲ့တာတွေဟာ မအောင်မြင်ခဲ့လို့ အမြင်သစ် အတွေးသစ်နဲ့ လုပ်ရပါ လိမ့်မယ်။  တဘက်က ရန်သူဟာ ဖိနှိပ်သွေးစုတ်ရေး အပြင် လှဲ့စားတဲ့ ပရိယာယ် ပါပေါင်း လာတော့ ဖိနှိပ်သွေးစုတ်တဲ့ စစ်အာဏာရှင်တွေကို ကျွန်တော်တို့ရဲ့ ဗျူဟာက လဲ  ကျယ် ပြန့်မြင့်မားတဲ့ ရည်ရွယ်ချက်နဲ့ စစ်အာဏာရှင်ကို မုန်းတီးတဲ့လူထုရဲအင်အားစွမ်း ပ ကားတွေကို ရ ယူပြီး လူထုတိုက်ပွဲ  မီး ပင်ယ်ထဲ မှာ စစ်အာဏာရှင် စနစ်ဆိုးကို လောင် မြိုက် ပြာကျသွားစေဖို့ဖြစ်တယ်။

အဖိနှိပ်ခံတို့ညီညွတ်ကြ။
ဘုံရန်သူကို ၀ိုင်းတိုက်ကြ။
တော်လှန်ရေးမုချအောင်ရမယ်။

ဦးအေးဆောင်
စက်တင်ဘာ ၂၄၊ ၂၀၁၀။

12 comments :

Zarrti said...

ကဲ ပြည်သူတစ်ယောက်အနေနဲ့ မေးစရာလေးတွေကို မေးပါမယ်၊ ပြန်ဖြေစရာမလိုပါဘူး၊ လက်တွေ့လုပ်ပေးရင် ကျေနပ်ပါတယ်။ အလွန်ကောင်းတဲ့ ဆောင်းပါလို့ပြောပရစေ။

၁) လူထူရဲ့ အင်အားကို ရရှိဖို့ လူထုရဲ့ ယုံကြည့်မှုကိုရဖို့အရင် လိုတယ်လို့တယ်လို့ဆိုပါတယ်၊ ဒါကြောင့်ဘယ်လို ယုံကြည်မှု တည်ဆောက်မလဲ။ အောက်မှ မေးခွန်းများကို ဖြေနိုင်ရင် ဒီမေးခွန်းလည်း အဖြေရှိသွားပါဘီ။

၂) ကွဲပြားနေတဲ့ တိုင်းရင်းသားအဖွဲ့အစည်းတွေ၊ ဥပမာ KNU မှာဘဲ ၁၀ ဖွဲ့လောက်ရှိတယ်။ အနောက် နဲ့ အရှေ့ တောင်နဲ့မြောက် ထိုထို ကွဲနေသောအဖွဲ့တွေကို ဘယ်လို ပြန်လည်စုစည်းမလဲ။ စုစည်းဖို့လုပ်တိုင်း ထပ်ကွဲထွက်လာတာပဲ မြင်လို့ပါ။ တိုင်းရင်းသားတွေ စုစည်းမိပီဆိုရင်တောင် နအဖ ဖင်တုန်နေမှာပါ။ လူထု မပါဘဲတောင်ရလိမ့်မယ်ထင်တယ်။

၃) နောက် ပြည်ပမှာ ဖွဲ့ထားသော A, B, C, D အဖွဲ့ တွေ X, Y, X Compaign တွေ တစ်စုတည်းပြန်ဖြစ်အောင် ဘယ်လိုလုပ်မတုန်း၊ ဒါတွေတစ်စုတည်း၊ တစ်သံတည်းဆိုလဲ နအဖ အိပ်မရဖြစ်မှာပါ။

၎) နယ်စပ်မှာ ရှိသော တော်လှန်ရေးသမားတွေက တတိယနိုင်ငံမှာရှိသော Political refugees တွေကို လုံးလုံးကြည့်မရ၊ ထိုနိုင်ငံမှ ပုဂ္ဂိုလ်များကလည်း နယ်စပ်တွေက ဒုက္ခသည်တွေဆိုပြီး အဖက်တောင်မလုပ်ချင်။ ထိုသူတွေ ကော တစ်စုတစ်စည်းတည်းဖြစ်အောင်လုပ်နိုင်ရဲ့လား။

၅) လွတ်လပ်စွာ သဘောထားကွဲလွဲခွင့်ရှိတယ် ဆိုပြီး ကွဲလွဲလာလိုက်တာ ဘယ်ခြေနဲ့ ညာခြေတောင် အတူတူ တွဲမရပ်နိုင်တော့တဲ့ "ဒီမို" တွေအဖြစ်ကို စုစည်းနိုင်အုန်းမှာလား။

၆) အထက်ပါမေးခွန်းတွေက ဘာကိုညွန်းသလဲဆိုရင် ပြည်သူက အဖေခေါ်ခြင်သောလည်း ဘယ်သူ့ခေါ်ရမှန်းမသိဖြစ်နေတဲ့ ဒီမိုကရေဒီ အဖွဲ့အစည်းများ အဖေဆိုတာ ဒီမှာပါလို့ပြလိုက်ရင် ရဘီ။ အမေရှိတာလည်း အကျယ်ချုပ်လိုက်ထားလိုက်တာ အသက်တောင် ၆၅ နှစ် ရောက်လာပါဘီ။ အမေ နဲ့ အဖေ အတူတွဲလုပ်ဖို့ အဖေကောင်းတစ်ဖွဲ့တော့ လိုအပ်ပါတယ်။ NLD ကို အဖေလို့ မပြောနဲ့နော် NLD က အမေရဲ့ လုပ်ဖေါ်ကိုင်ဘက်ပါ။ သား၊ သမီးဆိုတဲ့ ပြည်သူတွေက ထိုနှစ်ဦးပေါင်းစီး အိမ်မှာ လာရမ်းနေတဲ့ ရပ်ကွက်လူကြီး အရက်သမားကို မောင်းထုတ်ဖို့ပဲ။ သားသမီး(ပြည်သူ)တွေက ရပ်ကွက်လူကြီး(နအဖ)ကို အရက်လေးဝယ်ပေးလိုက်၊ ငှဲ့ပေးလိုက်လုပ်ပီး၊ ဘေးက ပဲကြီးလှော် လေးစားရင်း ရေသောက်ပြီး ဖြေရှင်းနေရတဲ့ ဘ၀ဘဲ။

ဒါတွေကို ပြန်မဖြေပါနဲ့ Blog ပိုင်ရှင် ကိုမိုးသီးနဲ့ ဆောင်းပါးရှင် ဦးအေးဆောင်တို့ သာ ဆက်ပြီးအဖြေမှ အကောင်ထည်ဖေါ်နိုင်ပါစေလို့ ဆုတောင်းလိုက်ပါတယ်။

Anonymous said...

ဒါတွေကို ပြန်မဖြေပါနဲ့ ဖြေလည်း Post လုပ်စရာ မလိုပါဘူး၊ အနဖ သိသွားမှာစိုးလို့ပါ။ Blog ပိုင်ရှင် ကိုမိုးသီးနဲ့ ဆောင်းပါးရှင် ဦးအေးဆောင်တို့ သာ ဆက်ပြီးအဖြေမှ အကောင်ထည်ဖေါ်နိုင်ပါစေလို့ ဆုတောင်းလိုက်ပါတယ်။

ဇာတိ

Zarrti said...

ကဲ ပြည်သူတစ်ယောက်အနေနဲ့ မေးစရာလေးတွေကို မေးပါမယ်၊ ပြန်ဖြေစရာမလိုပါဘူး၊ လက်တွေ့လုပ်ပေးရင် ကျေနပ်ပါတယ်။ အလွန်ကောင်းတဲ့ ဆောင်းပါလို့ပြောပရစေ။

၁) လူထူရဲ့ အင်အားကို ရရှိဖို့ လူထုရဲ့ ယုံကြည့်မှုကိုရဖို့အရင် လိုတယ်လို့တယ်လို့ဆိုပါတယ်၊ ဒါကြောင့်ဘယ်လို ယုံကြည်မှု တည်ဆောက်မလဲ။ အောက်မှ မေးခွန်းများကို ဖြေနိုင်ရင် ဒီမေးခွန်းလည်း အဖြေရှိသွားပါဘီ။

၂) ကွဲပြားနေတဲ့ တိုင်းရင်းသားအဖွဲ့အစည်းတွေ၊ ဥပမာ KNU မှာဘဲ ၁၀ ဖွဲ့လောက်ရှိတယ်။ အနောက် နဲ့ အရှေ့ တောင်နဲ့မြောက် ထိုထို ကွဲနေသောအဖွဲ့တွေကို ဘယ်လို ပြန်လည်စုစည်းမလဲ။ စုစည်းဖို့လုပ်တိုင်း ထပ်ကွဲထွက်လာတာပဲ မြင်လို့ပါ။ တိုင်းရင်းသားတွေ စုစည်းမိပီဆိုရင်တောင် နအဖ ဖင်တုန်နေမှာပါ။ လူထု မပါဘဲတောင်ရလိမ့်မယ်ထင်တယ်။

၃) နောက် ပြည်ပမှာ ဖွဲ့ထားသော A, B, C, D အဖွဲ့ တွေ X, Y, X Compaign တွေ တစ်စုတည်းပြန်ဖြစ်အောင် ဘယ်လိုလုပ်မတုန်း၊ ဒါတွေတစ်စုတည်း၊ တစ်သံတည်းဆိုလဲ နအဖ အိပ်မရဖြစ်မှာပါ။

၎) နယ်စပ်မှာ ရှိသော တော်လှန်ရေးသမားတွေက တတိယနိုင်ငံမှာရှိသော Political refugees တွေကို လုံးလုံးကြည့်မရ၊ ထိုနိုင်ငံမှ ပုဂ္ဂိုလ်များကလည်း နယ်စပ်တွေက ဒုက္ခသည်တွေဆိုပြီး အဖက်တောင်မလုပ်ချင်။ ထိုသူတွေ ကော တစ်စုတစ်စည်းတည်းဖြစ်အောင်လုပ်နိုင်ရဲ့လား။

၅) လွတ်လပ်စွာ သဘောထားကွဲလွဲခွင့်ရှိတယ် ဆိုပြီး ကွဲလွဲလာလိုက်တာ ဘယ်ခြေနဲ့ ညာခြေတောင် အတူတူ တွဲမရပ်နိုင်တော့တဲ့ "ဒီမို" တွေအဖြစ်ကို စုစည်းနိုင်အုန်းမှာလား။

၆) အထက်ပါမေးခွန်းတွေက ဘာကိုညွန်းသလဲဆိုရင် ပြည်သူက အဖေခေါ်ခြင်သောလည်း ဘယ်သူ့ခေါ်ရမှန်းမသိဖြစ်နေတဲ့ ဒီမိုကရေဒီ အဖွဲ့အစည်းများ အဖေဆိုတာ ဒီမှာပါလို့ပြလိုက်ရင် ရဘီ။ အမေရှိတာလည်း အကျယ်ချုပ်လိုက်ထားလိုက်တာ အသက်တောင် ၆၅ နှစ် ရောက်လာပါဘီ။ အမေ နဲ့ အဖေ အတူတွဲလုပ်ဖို့ အဖေကောင်းတစ်ဖွဲ့တော့ လိုအပ်ပါတယ်။ NLD ကို အဖေလို့ မပြောနဲ့နော် NLD က အမေရဲ့ လုပ်ဖေါ်ကိုင်ဘက်ပါ။ သား၊ သမီးဆိုတဲ့ ပြည်သူတွေက ထိုနှစ်ဦးပေါင်းစီး အိမ်မှာ လာရမ်းနေတဲ့ ရပ်ကွက်လူကြီး အရက်သမားကို မောင်းထုတ်ဖို့ပဲ။ သားသမီး(ပြည်သူ)တွေက ရပ်ကွက်လူကြီး(နအဖ)ကို အရက်လေးဝယ်ပေးလိုက်၊ ငှဲ့ပေးလိုက်လုပ်ပီး၊ ဘေးက ပဲကြီးလှော် လေးစားရင်း ရေသောက်ပြီး ဖြေရှင်းနေရတဲ့ ဘ၀ဘဲ။

ဒါတွေကို ပြန်မဖြေပါနဲ့ Post မလုပ်ပါနဲ့ (နအဖ သိသွားမှာစိုးလို့ပါ) Blog ပိုင်ရှင် ကိုမိုးသီးနဲ့ ဆောင်းပါးရှင် ဦးအေးဆောင်တို့ သာ ဆက်ပြီးအဖြေမှ အကောင်ထည်ဖေါ်နိုင်ပါစေလို့ ဆုတောင်းလိုက်ပါတယ်။

strongly agree with Zarrti. Those so-called dego group are doing nothing and especially ko moe thee, u should be ashamed. i used to read your blog since 2005 as you are one of the 88 leader but found out that most of the article you posted were useless. If you really want burma to be really independence country, you should do something useful but now you are nothing. Really shame of you.