Thursday, 21 October 2010
နအဖအလံ သို့ မဟုတ် ဆင်းရဲမွဲတေမှု၊ ပြသနာများ နှင့် ပုန်ကန်မှုများ ရဲ့ နိဒါန်း
အလံဟောင်း၊အလံသစ်ဖြစ်ဖြစ် အလံကိုမီးရှို့ လေ့မရှိကြပါဘူး။ သမိုင်းမှာအလံကိုမီးရှို့ တာ နအဖ နဲ့ ဆိုရင် နစ်ခါဖြစ်ဘူးပါတယ်။ တခုကတော့နပိုလီယံ ရုရှားကိုဝင်တိုက်စဉ်က ဖြစ်ပါတယ်။ အလွန်အေးတဲ့ရုရှားဆောင်းဒဏ်ကြောင့်နပိုလီယံတပ်သားတွေဟာ ထင်းရှာမရတဲ့အတွက် အလံတွေကိုမီးရှို့ ပြီးလှုံခဲ့ကြတယ်။ ဒါက စစ်သားများ စိတ်ဓါတ်ကိုကျဆင်းစေပြီး နပိုလီယံကို ကျရှုံးသွားစေပါတယ်။
အခုနအဖဟာ သူတို့  နစ်ပေါင်း ၄၀ ကျော်ကြာ အလေးပြုလာတဲ့ကိုးကွယ်လာတဲ့အရင်အလံဟောင်းကိုမီးရှို့ လိုက်တာဟာ သူတို့  အနာဂတ်သမိုင်းကို  ဟာ မြေမြုပ်သဂြိလ်ခံလိုက်ရပြီဆိုတာကို နမိတ်ဖတ်လိုက်ပြီလို့ အတတ်ပြောနိင်ပါတယ်။
လူတွေက အလံပြောင်းလွဲတင်တာနဲ့ ပတ်သက်ပြီး အလံပြောင်းတော့ ဒီကောင်တွေ အလောင်း ပြန်ပြီပေါ့ ကွာ လို့ ပြောဆိုနေကြပါတယ်။  နအဖ အနေနဲ့ ရွေးကောက်ပွဲကိုအတော်လေးစိုးရိမ်ထိန့် လှန့် လျက်ရှိပါတယ်။
ဘာဖြစ်လို့ လည်းဆိုတော့ လူတွေက သူတို့ ကိုတော်တော်မုန်းတီးနေတာကိုတွေ့ရှိနေတာကိုသိနေကြပါတယ်ဒါကြောင့်လုံးဝ မတရားသဖြင့်အနိင်ယူဖို့ ကြံစည်နေကြပါတယ်။တကယ်က  အလံပြောင်းလဲတင်တာကလည်း ပြည်တောင်စုလွတ်တော်ခေါ်ပြီးမှ အခြေခံဥပဒေ အတည်ပြုပြီးအလံဟာလည်း အသက်ဝင်ရမှာဖြစ်ပါတယ်။ ကြိုတင်ပြီးအလံထောင်နေတဲ့သဘောက တော့ မသေချာတဲ့သဘောတွေကို တဖက်က ပြသနေခြင်းဖြစ်ပါတယ်။
အလံပြောင်းလဲလိုက်မှုကတော့လူတွေ ရဲ့  ထောက်ခံမှု ပိုမိုကျဆင်းနေနိင်တဲ့လက္ခဏာရှိနေပါတယ်။လူသဘာဝအရအပြောင်းအလဲကိုလူတွေကအလွယ်တကူလက်ခံလေ့မရှိသောကြောင့်ဖြစ်ပါတယ်။ နအဖရဲ့  မရိုးသားတဲ့လုပ်ရပ်များကြောင့်လည်း ပိုမိုလက်ခံရ ခက်ခဲလာနိင်ပါတယ်။ အရောင်သဘောအရ အစိမ်းနဲ့အနီဟာရန်ဖက်အသွင်ကိုဆောင်ပါတယ်။ ပန်းချီ သဘောမှာသူတို့ နစ်ခုကို ဘယ်သူမှ တွဲဖက်မသုံးကြပါဘူး။အရောင်တခုခုကို ကြားခံသုံးရလေ့ရှိပါတယ်။ လွတ်လပ်ရေးကြိုးပန်းစဉ်က  သုံးရောင်ခြယ်ကိုသုံးခဲ့ကြပါတယ်။ အစိမ်းနဲ့ အနီ တွဲဖက်မှုကြောင့်ရလာတဲ့ အကျိုးသက်ရောက်မှုတွေကတော့ ဗိုလ်ချုပ်အောင်းဆန်းနဲ့ အာဇာနည်ကြီးများ လုပ်ကြံခံရခြင်း၊ ပြည်တွင်းစစ်မီးတောက်လောင်ခြင်းဖြစ်ပါတယ်။  
အ၀ါကိုအလယ်ကောင်ကထားလိုက်ရင် အနည်းငယ်အဆင်ပြေနိင်ပုံရှိပါတယ်။ထိပ်တိုက် ရင်ဆိုင်နေရတဲ့ ပြသာနာများကြားမှာ ပြေလည်နိင်မဲ့နည်းလမ်း ( အ၀ါ) ရှာလို့ ရငြား အဓိပါယ်ဖြစ်လာနိင်ပါတယ်။
နောက်တချက်ကလည်း တိုးတက်ချမ်းသာလာတဲ့နိင်ငံတွေရဲ့ အရောင်ဟာ အဓိက အားဖြင့် အနီ၊ အဖြူနဲ့ အပြာ တွဲဖက်ရောင်သာဖြစ်ပါတယ်။ ဥပမာ- အမေရိကန်၊ ပြင်သစ်၊ဂျပန်၊ အစ္စရေး၊အင်္ဂလန်နဲ့  ရုရားနိင်ငံအလံတော်များ။
အစိမ်း၊အ၀ါ ပါတဲ့အရောင်တွေဟာ ပြသနာများ၊ပင်ပန်းဆင်းရဲစွာရုမ်းကန်ရမှုများ၊  ဆင်းရဲမွဲတေ မှုများနဲ့  လုပ်ကြံခံရမှုများ ဖြစ်လေ့ရှိကြပါတယ်လို့ ပညာရှင်တွေက ဆိုပါတယ်။ ဥပမာ -အာဖရိက၊ အာရပ်နှင့်တောင်အာရှနိင်ငံများ မှ အလံများ။
နောင် ဒီမိုကရေစီရရင် အလံတော်ရဲ အရောင်ကို သတိထားပြီး ရေးစွဲဖို့ အကြံပေးလိုပါတယ်။ အနီ၊အပြာနဲ့ အဖြူ ကို အခြေခံစဉ်းစားဖို့ လိုမယ်။
ဆရာဇေယျာလင်း 
မြန်မာ နိင်ငံဝေဒသုတေသီအဖွဲ့ ဝင် တဦး
5 comments :
Anonymous said...
ဒီမိုကရေစီသစ်နိုင်ငံတော်သစ်ရဲ့ အလံတော်တစ်ခုပါပဲ...အခြေခံဥပဒေမှာဖော်ပြပြီးသားဖြစ်သလို တပ်မတော်လက်ထပ်တွင်းမှာ လုပ်ဆောင်ရမယ့် အစိုးရတာဝန်တွေကို တစ်ဆင့်ခြင်းလုပ်ဆောင်နေတာလို့ပဲ ယူဆမိတယ်...
Anonymous said...
ဟုတ်ပ၊ Countries Facing Humanitarian Crises in 2009 စာရင်းမှာ နိုင်ငံ(၃၀) ရှိတယ်။ မြန်မာလည်းပါတယ်။ အဲဒီထဲက (၁၉) နိုင်ငံရဲ့ အလံမှာ ၀ါ၊ စိမ်း၊ နီ (သို့) အဲဒီ သုံးရောင်ထဲက (၂)ရောင်ပါတာတွေ့ရပါတယ်။ မြန်မာက အီသီယိုးပီးယားနဲ့ ခပ်ဆင်ဆင်ပဲ။ အဖော်ရတာပေါ့ဗျာ။
Anonymous said...
လုပ်ချင်တိုင်းကို လုပ်နေတော့တာပါပဲလား.ဘာကြောင့်
များဒီလောက်ထိအောင် တွင်းတူးပြီး မိုက်ချင်နေရတာ
လဲ ငသန်းရွှေနဲ့မိကြိုင်တို့ရယ်.ဗုဒ္ဓမြတ်စွာဘုရားရဲ့သာ
သနာတော် အထွန်းကားဆုံးလို့ဆိုရမယ့် ဒို့ရဲ့မြန်မာနိုင်
ငံမှာ ဒီလိုမင်းဆိုးမင်းညစ်မျိုး ရှိမနေသင့်ဘူး.အသရေ
ညစ်နွမ်းလှပါရောလား.ကဲ (ဖိုးဖိုး ဖွားဖွား၊ဦးဦး ဒေါ်ဒေါ်၊
ကိုကို မမ၊ညီ ညီမ)တို့ရေ ကျနော်တို့ ညီညွတ်ကြဖို့တော့
ကောင်းပြီဗျာ၊ကဲနီးနီး စပ်စပ်ရှိတဲ့ နိုင်ငံတွေက အကိုတို့
အမတို့ရေ၊ဒီမှာကျနော့်ရဲ့ဖုန်းနံပါတ်-(၉၄၀-၉၁၂၈)
ကျနော် ကနေဒါမှာ ကျွန်ခံနေတယ်.ကျနော့်မှာ ရှိတာက
တော့ ရိုးသားမှု့ တစ်ခုပဲရှိတယ်.တိုင်းပြည်နဲ့လူမျိုးအ
တွက် ဖြုစင်တဲ့ပေးဆပ်မှု့မျိုးဆိုရင် အသက်ပါစွန့်မယ်
လိုအပ်လို့ ခေါ်မယ်ဆိုရင် အချိုန်မရွေး ခေါ်ပါ.
Anonymous said...
ယူအင်မှာလွင်.ထားတဲ.အလံပြောင်းသွားပြီလား။မပြောင်း
သေး၇င်သတင်းထဲထည်.လိုက်လေ။
Anonymous said...
သန်းရွှေကြီးအလံခိုးတယ်ဟေ့!