မြောက်ဥက္ကလာပမြို့နယ်ယ် နှစ်ရပ်ကွက်အပါအဝင် ရန်ကုန်က မြို့နယ်အတော်များများ ရဲ့ ရပ်ကွက်တွေထဲမှာ ယနေ့ ညနေ ၅ နာရီ လောက်က ရပ်ကွက်အာဏာပိုင်တွေက အသံချဲ့စက်တွေနဲ့ မုန်တိုင်းသတိပေးချက်တွေ လိုက်အော်နေပါတယ်။
“မုန်တိုင်းရှိတယ်ဆိုပြီး မိသားစုတွေ စုစုစည်းစည်းနေဖို့ သူတို့လိုက်သတိပေးနေကြပါတယ် ရာသီဥတုကလည်း ကောင်းကင်မှာ တိမ် နည်းနည်းရှိတာလွဲပြီး သာသာယာယာပါပဲ သူတို့ အော်နေတာ ညနေငါးနာရီခွဲလောက်နေ မိုးချုပ်တဲ့ထိပဲ ခုချိန်ထိအော်နေ တုန်းပဲ မြောက်ဥက္ကလာပနဲ့ အင်စိန်ဘက်တွေမှာ လိုက်အော်နေတာတော့သိတယ် တခြားနေရာတွေတော့ မသိဘူး” လို့
ရန်ကုန်မြို့ခံတဦးက ပြောသွားပါတယ်။
ပြီးခဲ့တဲ့ ရက်ပိုင်းတွေဖြစ်တဲ့ အောက်တို့ဘာလ ၇ ရက်နဲ့ ၈ ရက်နေ့က မန္တလေးမြို့နယ် အတွင်း မိုးများစွာရွာခဲ့လို့ မန္တလေးတမြို့လုံးနီးပါး၊ အနောက်ဖက်ခြမ်း မြေနိမ့်ပိုင်း၊ မန္တလေးရဲ့ အရှေ့တောင်ဘက် မြို့သစ်၊ ပရံတော်ချောင်း ၀ဲယာ၊ ပုသိမ်ကြီးဖက် စတဲ့ နေရာတွေမှာ ရေပြည့်ရေလျံတာတွေဖြစ်ခဲ့ပြီး ၁၀ ရက်နေ့မှာတော့ မန္တလေးတိုင်း မတ္တရာမြို့နယ်အတွင်းက ဆည်တော်ကြီး ရေကာတာကနေ ရေလွှတ်ပေးလိုက်တာ ကြောင့် ပိုများခဲ့တာကြောင့် ဆည်တော်ကြီးဆည်က ဆင်းလာတဲ့ ချောင်းမကြီးနဲ့ သူ့ရဲ့ ချောင်းလက်တက်အကြားက ကျေးရွာပေါင်း ၃၀ လောက် ရေနစ်မြုပ်ကုန်ပြီး ရေဘေး ကယ်ဆယ်ရေးလုပ်ငန်းတွေ လုပ်နေရတယ်လို့ ပြည်ပသတင်းဌာနများက တင်ပြထား ပါတယ်။
(ပေးပို့သူ… လွင်မြင့်)
http://www.naytthit.net မှ..
Wednesday, 13 October 2010
Subscribe to:
Post Comments
(
Atom
)
No comments :
Post a Comment