Friday, 8 October 2010

ဒိန်းမတ်အစိုးရမှ ဧရာဝတီ မဂ္ဂဇင်းအတွက် ထောက်ပံ့မှုကို ရပ်ဆိုင်းလိုက်ခြင်း


 ဒီသတင်းက ပိတောက်မြေဆိုတဲ့ နအဖ ဖက်ကိုယိမ်းတဲ့ ဘလောက်ကတင်ပြထားတဲ့သတင်းပါ။  ဒီသတင်းမှန် မမှန်ကို ရောဝတီမဂဇင်းက ဖြေရှင်းသင့်တယ်။  မီဒီယာဆိုတာ ဒီမိုကရေစီစနစ်မှာ  စတုထ္တ မဏ္ဍိုင် ဖြစ်တယ်။ တည့်ရမယ်။ မတ်ရ မယ်။  ကိုယ်အိပ်ကိုယ်စိုက်ထုတ် တိုက်ပွဲဝင်နေတဲ့  ဒီမိုကရေစီအင်အားစုတွေ ပါထိခိုက်နိင်ပါတယ်။ တော်လှန်ရေးလုပ်လာတာ အနှစ်နှစ်ဆယ်ရှိပြီ တခါမှ ဒေါ်လာတသန်း မရဘူး ဘူး။  ရောဝတီအနေနဲ့   အမြန်ဆုံးဖြေရှင်းလိုက်ဖို့ လိုတယ်။  WFWW
-------------------------------------------



ဘန်ကောက်မှာ ရှိတဲ့ ထိုင်းနိုင်ငံဆိုင်ရာ ဒိန်းမတ်နိုင်ငံ သံရုံးကနေပြီး ဒိန်းမတ်နိုင်ငံက ချင်းမိုင်း အခြေစိုက် ဧရာဝတီ မဂ္ဂဇင်းကို ထောက်ပံ့ ကူညီနေမှုများကို ၂၀၁၁ ခုနှစ်မှာ ရပ်ဆိုင်း တော့မယ်လို့ ထုတ်ပြန် ကြေညာခဲ့ပါတယ်။ ထုတ်ပြန်ချက်ထဲမှာ ဒိန်းမတ်နိုင်ငံ အနေနဲ့ ဧရာဝတီ မဂ္ဂဇင်းကို အလှူရှင်တွေရဲ့ လှူဒါန်းမှု အပေါ်မှာ သက်သက် မှီခိုနေတဲ့ ပုံစံကနေ မိမိဘာသာ ရေရှည် ရပ်တည်နိုင်ပြီး ပြင်ပ အကူအညီ နည်းနည်းသာ ရယူတဲ့ပုံစံ အဖြစ် ပြောင်းပြီး ရပ်တည်နိုင်ဖို့ အတွက် မျှော်မှန်းခဲ့တယ်။ ဒါပေမယ့် ဧရာဝတီ မဂ္ဂဇင်းရဲ့ တာဝန်ရှိသူတွေဟာ အဲဒီလို အသွင်ပြောင်းဖို့ စိတ်မ၀င်စားဘူး။ အကူအညီ ပေးရေး စီမံကိန်းမှာ ပါတဲ့ သဘောတူညီချက်တွေကို ဖြည့်ဆည်းဖို့ ပျက်ကွက်ခဲ့တယ်။ ဧရာဝတီ မဂ္ဂဇင်းဟာ တစ်နှစ်ကို ဒေါ်လာ တစ်သန်း ကျော်ရှိတဲ့ အကူအညီတွေကို သုံးပြီး ၀န်ထမ်း ၆၂ ယောက် ခန့်ထားတယ်။ မဂ္ဂဇင်းရဲ့ အကြီးတန်းတာဝန်ရှိသူတွေရဲ့ ခရီး စရိတ်အပြင် အသုံးစရိတ်တွေ အတွက် ငွေတွေ ဖောဖော သီသီ သုံးပြီး ငွေကြေးဆိုင်ရာ စီမံခန့်ခွဲမှု၊ ချွေတာ သုံးစွဲမှုတွေ မလုပ်ဖူးလို့ ထောက်ပြ ထားပြီး အလှူငွေတွေ အများကြီး သုံးပေမယ့် မဂ္ဂဇင်း စောင်ရေ ကျတော့ စောင်ရေ ၂၀၀ ပဲ ထုတ်တယ်လို့ ဖော်ပြ ထားပါတယ်။
ပြည်ပရောက် ဒီမိုကရေစီ လှုပ်ရှားမှု အဖွဲ့များ အတွင်းမှာ ငွေကြေး သုံးစွဲမှုတွေနဲ့ ပတ်သက်ပြီး စနစ်ဇယား မရှိမှု၊ အဂတိ လိုက်စားမှုတွေနဲ့ ပတ်သက်ပြီး ပြည်ပရောက် မြန်မာများကြားမှာ ထောက်ပြ ဆွေးနွေးမှုများ ရှိခဲ့တာ ကြာပါပြီ။ ဒါပေမယ့် ပြည်ပ အကူအညီ ပေးသူများက ဒါတွေကို ထောက်ပြပြီး အကူအညီ ဖြတ်တောက် တာတော့ ဒါဟာ ပထမဆုံး ဖြစ်မယ် ထင်ပါတယ်။
သံရုံးရဲ့ ထုတ်ပြန်ချက်ကို အောက်မှာ မူရင်းအတိုင်း ဖော်ပြလိုက်ပါတယ်။
Dear all,
I would like to inform you that the Danish Embassy has decided – after many years of support at a high ( may be too high) – level, to discontinue our financial support to the Irrawaddy magazine for 2011.
The decision is based on our current project where the Irrawaddy unfortunately have not delivered what was promised in the project agreement nor have they been able to follow up on the contractual amendments the Irrawaddy themselves requested for.
The contractual agreement between the Danish embassy and Irrawaddy included several project components that in time could help the Irrawaddy become more sustainable and thus less dependent on donor financing. Unfortunately it seems that this is not a priority for Irrawaddy at this stage. They seemingly prefer the easier option to be totally dependent on donor contributions, an option which in our eyes gives the magazine a less convincing profile than the alternative model, which would show all out efforts to make this a sustainable organization run by exile Burmese, of course with some donor support. Now the organization appears as a donor stooge run by people who do not feel a great urge to rationalize procedures, to consider possible savings and in general to show the necessary will to prudently manage the scarce donor funds made available to the organization. It is worth noting that the magazine, which 2010 budget exceeded one million US$, employs 62 members of staff at their Chaing Mai office, with inter alia a very generous and liberal travel policy for senior staff, only sells around 200 magazines per month.
Kind regards,
bjarke
BJARKE MANNICHE NIELSEN / BJANIE@UM.DK
SENIOR PROGRAMME OFFICER
ROYAL DANISH EMBASSY, BANGKOK
10 SATHORN SOI 1(SOI ATTAKARN PRASIT) / 10120 BANGKOK
WWW.AMBBANGKOK.UM.DK

13 comments :

Anonymous said...

နိုင်ငံတစ်ချို့ ရဲ့လွှဲမှားတဲ့ထောက်ပံ့မှုလို့မြင်ပါတယ်.. တကယ် အသက်စွန့်ပြီး လုပ်နေတဲ့ သူတွေကိုတော့ မဖြစ် စလောက်ပဲထောက်ပဲ့ပြီး ... ဘန်ကာက်ပို့စ်မှာ ကော်လန်စား အယ်ဒီတာ ကိုအောင်ဇော် ကိုတော့ ပုံအော ပြီး ထောက်ပံ့တာကတော့.. အံသြ ဖို့ကောင်းသား... ကိုမိုးသီးရေ ကိုအောင်ဇော်က အပြောကောင်း .. အရေးကောင်း.... သမ္မတ ဘုရှ် ထိုင်း သွားတုန်းကတောင် တွေ့ခွင့်ရလိုက်သေးတယ်... တကယ် တော့ ကိုအောင်ဇော်က လူတော်တစ်ယောက်ပါ..ဒါပေမဲ့ ဒေါ်လာ တစ်သန်း အထိ တော့ များလွန်းတယ်ထင်ပါတယ်.. ကိုအောင်ဇော် ရခဲ့ရင်လည်း တစ်ခြား အဖွဲ့ အစည်းတွေကိုလည်း ထောက်ပံ့သင့်တာပေါ့...

---- said...

ကိုအောင်ဇော်...

မီဒီယာဘက်ကို ၀ါသနာပါတယ်။ အောင်မြင်အောင်လုပ်တယ်။ သူကျိုးစားတယ်..။ ကိုယ့်ဒူးကိုယ်ချွန်ကိုယ့်လမ်း ကိုယ်ဖောက်တယ်။ ဒီမိုကရေစီတိုက်ပွဲအတွက် အုပ်တစ်ချပ်သဲတစ်ပွင့်လုပ်တယ်။ ဒါကိုတော့ လေးစားပါတယ်။ သူ့ကြောင့် ဧရာဝတီဖြစ်လာတယ်။ ဧရာဝတီမြစ်ရဲ့ ဘေးက ရွာတွေလို လူတွေက သတင်းအတွက် ဧရာဝတီကို အားထားရတယ်။ ကျေးဇူးကြီးပါပေတယ်။

သို့သော်...။ ငွေ...ဒေါ်လာ။ နှစ်ပေါင်း နှစ်ဆယ်အတွင်းမှာ ကိုအောင်ဇော် ငွေဘယ်လောက်ရလဲ။ ဘယ်သူသိလဲ။

ချင်းမိုင်က
လူတွေ၊ အဖွဲ့တွေအားလုံးရိုက်စားတွေပဲ။ ရေပေါ်ဆီတွေ။ ဒါကို လူတိုင်းသိတယ်။ ငွေ..မရှိရင် ဘာမှ မလုပ်နိုင်ဘူး။ ကိုယ့်အိတ်ထဲကစိုက်ပြီး ဘယ်သူလုပ်လဲ။ လုပ်တဲ့သူရှိရင် ပြောစမ်းပါ။ ကန်တော့ချင်လို့။

အခုဖြစ်ရပ်ကို ထောက်ခံတယ်။ ဒီနေရာမှ ဘာမှလာပြီး တော်လှန်ရေးကို ထိခိုက်မှာတို့ ဘာတို့လာပြီး မအာနဲ့။ ကောင်းတယ်။ ဖြစ်နိုင်ရင် ဘယ်တော်လှန်ရေးအဖွဲ့မှ ငွေမပေးနဲ့။ ဒါမှ အခြေအနေအမှန်ကို မြင်ရလိမ့်မယ်။ ဘယ်သူက ဖားလဲ။ ဘယ်သူက ကျားလဲဆိုတာကို။

အကုန်လုံးသူခိုးတွေချည်းပဲ။ နဲနဲခိုးတာနဲ့များများခိုးတာပဲ ကွာတယ်။ အားလုံးအတူတူပဲ။

ဆီကိုင်တဲ့လက်ဆီပေပါတယ်။

ဒိန်းမက်ကမပေးဘူးဆိုတော့ ကျနော်ပေးမယ်။ တစ်လကိုဒေါ်လာ ၁၀-လစဉ်ကြေးပေးမယ်။ ယူမလား၊ မယူလားတော့မသိဘူး။

ဘုန်းကျော်

Anonymous said...

Than Shwe will be a God and Daw Su will be an Evil for them otherwise they don't make money. Do they still want democracy and human rights in Burma? Of course not....

Anonymous said...

မြန်မာလူမျိုးတွေ အကျင့်စရိုက်ပြင်ကြဖို့ ကောင်းပါသည်.မြန်မာနိုင်ငံကြီးကောင်းစားစေလိုပါလျှင် သူများကောင်းစားတာကို မနာလိုစိတ်ဖျောက်ပစ်ဖို့ အရေးကြီးပါသည်.

Anonymous said...

What if, donors support one million US dollar every year to ABSDF rather than those thieves (including NCGUB), we will have a very strong rival force to against current regime. Now we have empty hands. What’s a shame as being a Burmese?

Always said...

Danish Burma Committee Accused of Corruption

--------------------------------------------------------------------------------
11.01.2010 | news Gregers Moller
--------------------------------------------------------------------------------

The Danish Burma Committee has bribed officials, and corrupt partners and bought alcoholic beverages and a car to Thai police officers for public Danish development funds, according to two confidential reports analyzed by Ekstra Bladet, a Danish daily.
The Danish Burma Committee has also purchased unsafe and useless medicine at inflated rates and allegedly illegally sent it over the border from Thailand into Burma to help the poor populaton inside Burma.
Professor at the Copenhagen Business School Kim Klarskov Jeppesen, an expert in auditing and fraud, has analyzed the two confidential reports for the newspaper. The reports were written in October and November for the Danish Embassy in Bangkok. It is not yet known who at the Embassy in Bangkok or at the ministry in Copenhagen leaked the reports.
The Committee has since 2003 received around 45 mill. DKK in support from Danida, the official Danish development agency. The Danish Burma Committee is an umbrella organization. Under the umbrella are among others the Danish Workers Union (LO), the Danish Church Aid, the Social Democratic Party and the The Danish Nurses' Organization.
The Secretary General of the organisation denies almost all the accusations in the reports.

Sincerely,
Tay Za Thura

Anonymous said...

ထောက်ပံ့ငွေ မရတော့ဘူးဆိုတာတော့ ကြားရတာ အနည်းဆုံး ၂နှစ်လောက်ရှိပြီ။ ဧရာဝတီဆိုဒ်မှာ အမှတ်တရ ပစ္စည်းတောင် ရောင်းနေတယ် မဟုတ်လား။
အခုမှ ဒီသတင်းထွက်လာတာ အတော်ဆန်းတယ်။ ဒီသတင်း အခုမှ ထွက်တာ မှန်ရင် ထောက်ပံ့သူဟာ ဒိန်းမတ်နိုင်ငံ တစ်ခုတည်း မဟုတ်နိုင်ဘူး။

နောက်တစ်ခုက စောင်ရေ ၂၀၀ ကိစ္စ။ ဘယ်လိုလုပ် စောင်ရေ ၂၀၀ ပဲ ရိုက်ရလဲ။ ဧရာဝတီဆိုတာ ကမ္ဘာတဝှမ်းက ဗမာတွေ ကြားထဲ နာမည်ကြီး၊ အရေးပါတဲ့ ဂျာနယ်။ ဘာမှ မဟုတ် နာမည်မရှိတဲ့ မလေးရှားက ဂျာနယ်တောင် တစ်လမှာ စောင်ရေ ၈၀၀၀ ထုတ်တယ်။

Anonymous said...

ကိုယ့်လူမျိုးကို ကိုယ့်တိုင်းပြည်အောင်မြင်ရေးအတွက် ပေးတဲ့အတွက် ဝမ်းသာပါတယ်။

ဒါပေမဲ့ သူများက ခုလိုမြင်ပြီး ထောက်ပံ့ငွေကို ရုတ်သိမ်းသွားတာတော့ ရှက်မိတယ်။

ကိုအောင်ဇော် တခုခု ကြိုးစားသင့်တယ်။

Anonymous said...

သူတို့ လဲ အစိုးရနဲ့ သိပ်မကွာဘူး ဆိုတာ ပြနေတာပဲ

တိုးဇော်လတ် DVB ဘာထူးလဲ ကောင်မလေးတွေက သူ့ဗိုက်ပွတ်ပြီး အလုပ်လာတောင်းလို့ ကတော့ ဘတ်၂သောင်းပေး တန်းခန့်ပြီးသား အရည်အချင်းရှိဖို့မလို တိုးဇော်လတ်ကို ချွဲတတ်ဖို့သာ လိုတယ် (နာမည်ကြီး)
ဧ၇ာဝတီကတော့ အခုမှ ကြားဖူးတယ် ဘာပဲဖြစ်ဖြစ်အစိုးရနဲ့က တော့ သိပ်မကွာ ကြပါဘူး
မသာ နဲ့ အသုဘ ပါပဲ

Anonymous said...

ကျော်သူတို့ လို နာရေးကူညီ ရေးအသင်တို့ ဆေးခန်းတို့မှာ သွားလှူရင်တောင် ပြည်တွင်းကို ပိုပြီးထိထိရောက်ရောက်ကူညီနိုင်အုံးမယ်

Anonymous said...

Burmese Alibaba and the 62 theives?

Anonymous said...

ကျော်သူတို့နာရေးကူညီမှုအသင်းကိုဒိန်းမတ်ကလှူတာမှ
မြန်မာပြည်အတွက်အကျိုးရှိအုံးမယ်ကွာ။ဒီလိုသူတောင်းစားတွေကို
သွားလှူတော့သဲထဲရေသွန်သလိုဖြစ်ပြီပေါ့ကွ..
အခုတော့ခွက်ဆွဲတောင်းစားပေတော့...

Anonymous said...

၇ိုးသားဖြူစင်သောမြန်မာလုမျိုးများ သတိပြု၇န်

ဇော်မျိုး/ေ၇ွှဂျုး/အိကို/စနေ တို.ဟာ ပိတောက်မြေ မြန်မာ.အလင်း သာကီနွယ် တို.မှာ နအဖကိုးစား နအဖ၇ဲ.လစာငွေကိုစားပြီး သံယာတော်တွေခေါင်းကို၇ိုက်ခွဲ ပြည်သူတွေကို ဒုက္ခပေး နေသော ကြေးစားစစ်သား တစုဖြစ်ပါတယ် တကယ်တော.သူတို.စားတဲ. လစာငွေဟာပြည်သူတွေ၇ဲ.ချွေးနဲစာပါ နအဖလက်ကိုင်တုတ် ပုဆိုးစုတ်လုပ်ပြီးတော. ပြည်သူအချင်းချင်း ၇န်ဘက်ဖြစ်အောင် ဘာသာေ၇း လူမှုေ၇း ဒီမိုကေ၇စီအေ၇း စသဖြင်. အကြောငိးအမျိုးမျိုးပြပြီး သွေးခွဲ သတ်သျှို နေသော လူယုတ်မာ လူ၇မ်းကား ကြေးစားစစ်သားတစုဖြစ်ကြောင်း အများသိစေအပ်ပါသည်။