Tuesday, 26 October 2010

ရွေးကောက်ပွဲကို ဆန်ကျင်လှုပ်ရှားမှုများ နယ်မြို့ များတွင် ပထမဆုံး ဖြစ်ပွား

ရွေးကောက်ပွဲ ကိုကန့် ကွက်ဆန်ကျင်တဲ့လှုပ်ရှားမှု များ နယ်များတွင်ဖြစ်ပွားလျက်ရှိနေပါတယ်။ သေကြာနေက ကြားအင်းဆိပ်ကြီးမြို့ နယ်မှာ အင်အားတထောင်ခန့် ဆန္ဒပြပွဲဖြစ်ပွားခဲ့တယ်။  ရေးမြို့ နယ်မှာ လည်း အင်အား ၅၀၀ ခန့် ပြသခဲ့တယ်။ ရန်ကုန်မြို့ လှည်းတန်းမှာတော့ ပြောက်ကျားသပိတ်လေးတခု ဖြစ်ပွားခဲ့တယ်။  အလားတူပဲ ဘိုကလေးမှာလည်းဖြစ်ပွားခဲ့တယ်လို့ သတင်းရပါတယ်။  ပြီးခဲ့အပတ်က ရန်ကုန်မြို့ မှာ ဆွမ်းလောင်းပွဲ မှာ စတင်ပြီး ဆန္ဒပြမယ်ဆိုတဲ့သတင်းတွေထွက်ပေါ်လာခဲ့ပေမဲ့  ဖြစ်ပေါ်ခဲ့ခြင်းမရှိပါဘူး။ 

များသောအားဖြင့် ဆန္ဒပြမှုများဟာ ရန်ကုန်မြို့ မှာ စတင်ဖြစ်ပွားလေ့ရှိတယ်။ နယ်တွေက စတင်လှုပ်ရှားတာမျိုးဖြစ်ခဲပါတယ်။ ၂၀၀၇ သံဃာလှုပ်ရှားမှုမှာ ပခုက္ကုမြို့ က စတင်ပြီး တပြည်လုံးပြန်နှံသွားခဲ့တဲ့တယ်။  

ဒီလိုနယ်မြို့ တွေက စတင်လာတာကတော့  နယ်မြို့ တွေမှာ နိင်ငံရေးရေးချိန်မြင့်မားလာမှုနဲ့  ပြည်သူများရဲ့ စစ်အာဏာရှင်စနစ်ဆိုးဒဏ်အောက်မှာ အပြောင်းအလဲလုပ်လို သောဆန္ဒများ က ပိုမို ပြတ်သားလာမူတွေကိုဖေါ်ပြနေပါတယ်။  


No comments :