Tuesday, 26 October 2010

နအဖ အလံ အဓိပါယ်ဖွင့်ဆိုချက် များ


နအဖ အလံ အား လူငယ်များ က နှောက်ပြောင်လျက်ရှိကြပါတယ်။ လူငယ်တဦးက အောက်ပါအတိုင်းအဓိပါယ်ဖွင့်ဆိုပေးတာကိုတွေ့ ရတယ်။ အနိုင်ငံတော် အလံ၏ အ၀ါ၊ အစိမ်း ၊ အနီ မျဉ်းကြောင်းများမှာ မီးပွိုင့်ကို ကိုယ်စားပြု၍ အလည်မှ ကြယ်ဖြူကြီးမှ ဦးထုပ်အဖြူဆောင်ထားသော မော်တော်ပီကယ်ကို ကိုယ်စားပြုသည် လို့ ဆိုတယ်ဗျ။ သူရဲ့ ဟာသ က တိုတိုနဲ့  လက်ရှိဖြစ်နေတဲ့စနစ်ကို ဖေါ်ကြူးနေပါတယ်။

တချို့ ကလည်း အလံဟောင်း ကို အင်္ဂါသားသမီးက ဖြုတ်ချ  ရတယ်ဆိုတော့ စစ်တပ် ပြုတ်မယ်။  အလံသစ်ကို ဗုဒ္ဒဟူးသားသမီးက တင်ရတယ်ဆိုတော့ ပြည်သူနိင်မယ်လို့ ဟောကိန်း ထုတ်သဗျ။ 
တချို့ကလည်း နအဖ ဟာ အလံပြောင်းတဲ့အတွက် အလောင်း ပြန်မယ်။ အချင်းချင်း သတ်ကြမှာ မလွဲ ဘူးလို့ ဆိုရဲ့  ။

တချို့ ကလည်း  နအဖ အခုအလံသစ်ဟာ အန်စီယူဘီ က ၁၉၉၂ ခုနစ် ကထည်းက လုပ်ထားတဲ့အလံနဲ့ ချွတ်စွပ်တူနေတယ်။ ဒါကြောင့် နအဖ ဟာ အလံခိုးတယ်  လို့ ဆိုတယ်။ 

နအဖ ဗိုလ်ချုပ်တွေဟာ ဘာဘဲလုပ်လုပ် တလွဲတချော်တွေဖြစ်နေကြဆိုတော့ ဗျာ အခုလို အရေးကြီးတဲ့နိင်ငံတော်အလံဆိုတာ မှာ အလွဲ ပေါင်းတထောင်ဖြစ်နေတော့တာပေါ့။


မောင်သိန်းဦး



No comments :