Saturday 23 October 2010

တကိုယ်တော် လက်ကမ်းစာစောင်တွေဖြန့်ဝေ (ရုပ်သံ)


ရန်ကုန်တိုင်းမြောက်ဥက္ကလာပမြို့နယ်၊(စ) ရပ်ကွက် မြို့နယ် NLD ပါတီရုံးအနီးတ၀ိုက် တွင် အောက်တိုဘာ ၂၁ နေ့က ကိုခင်မောင်ဦး (မြောက်ဥက္ကလာ) တကိုယ် တော် ပြည်သူကြား ရွေးကောက်ပွဲ ဥပဒေလက်ကမ်းစာ စောင်တွေကို ဖြန့်ဝေနေတာ ဖြစ်ပါတယ်။

ထိုစာစောင်တွေကို ပါတီလူငယ်များ၊ ကျောင်းသားလူငယ်များနဲ့ ဒီမိုကရေစီအင်အားစုများ သံဃာများမှ ဖြန့်ဝေအသိပေးနေတဲ့ လူထုအသိပေး လက်ကမ်းစာစောင်များဖြစ်ပြီး လုပ်ဆောင်ရတဲ့ ရည်ရွယ်ချက်ကတော့ …
၁။ NLD ပါတီတည်ရှိနေသေးကြောင်း လူထုမှ ပိုမိုသိရှိနေစေရန်နှင့်
၂။ ရွေးကောက်ပွဲဥပဒေများကို လူထုမှ သိရှိနားလည်ကာ မှန်ကန်တဲ့ဆုံးဖြတ်ချက် ချမှတနိုင်စေရန်ဖြစ်ပါတယ်။

www.naytthit.net မှ...

No comments :