Tuesday, 2 November 2010
မြန်မာနိင်ငံလုံးဆိုင်ရာကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး ရဲ့  အောင်မြင်မှုက ဘာလဲ
အေဘီအက်စ်ဒီအက် ၂၂ နှစ်မြောက် နေ့ မှာ ကျနော်ပြောချင်တဲ့စကားတခွန်းကတော့။ ကျောင်သားတပ်မတော်ရဲ့  အောင်မြင်မှု က ဘာလဲ ဆိုရင် ဖယ်ဒရယ်မူကို ချမှတ်နိင်ခဲ့တာဖြစ်ပါတယ်။ အရင်က ဖယ်ဒရယ်ဆိုရင် တီကောင်ဆားတွန့် သလို့ ဖြစ်နေတဲ့ မဟာလူမျိုးကြီး ၀ါဒီတွေကို ကျနော်တို့  အတွေးအခေါ်အရ အနိင်ယူနိင်ခဲ့တယ်။ ကျနော်တို့  မဟာမိတ် ဒီမိုကရေစီအင်အားစုတွေက ကျနော်တို့ ကို ထောက်ခံခဲ့တယ်။ ဒီအချက်ကို သက်သေပြဖို့ ကတော့ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် မယ်သဝေါထာ ကြေညာချက်ကို ထောက်ခံကြောင်း ထုတ်ဖေါ်ခဲ့တာ။ မကြာသေးခင်က ကလေးကြေညာစာတန်းမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် က ဒုတိယပင်လုံ လို့ သုံးနှုန်းပြီး ဖယ်ဒရယ်ဆိုတဲ့ စကားကို သုံးစွဲလာခြင်း။ လက်ခံလာခြင်းဖြစ်ပါတယ်။ ဒါဟာ မြန်မာ နိင်ငံလုံးဆိုင်ရာကျောင်းသားများ တပ်ဦးရဲ့ အဓိက အောင်မြင်မူဖြစ်တယ်။ ဗမာ လူမျိုးတွေနဲ့  တိုင်းရင်းသားတွေကြားမှာ ကျနော်တို့  တံတား တခု ကို ခင်းပေးနိင်ခဲ့ပါတယ်။ ဒီတံတား တည်ဆောက် နေစဉ်မှာ ကျဆုံးသွားတဲ့ ကျောင်းသားတပ်မတော် အာဇာနည် အပေါင်း ကို ဦးညွတ်ဂုဏ်ပြုပါတယ်။ အေဘီအက်စ်ဒီအက် မှာ တာဝန်ယူသွားတဲ့ ရဲဘော်တိုင်းကို ဒီနေရာကနေ မှတ်တမ်းတင်ဂုဏ်ပြုပါတယ်။ ရောက်ရာနေရာက ဆက်လက်တော်လှန်တိုက်ပွဲ ၀င်ကြဖို့  လည်း တိုက်တွန်းလိုက်ပါတယ် ရဲဘော်အပေါင်းတို့ ။
at 07:42
Subscribe to:
Post Comments
(
Atom
)
5 comments :
ပင်လုံသို့ချီတက်လော့
မနေ့က-စစ်အုပ်စုသတင်းစာမှာရေးသားထားတဲ့ဆောင်းပါးတပုဒ်ဟာစစ်အုပ်စုရဲ့ကောက်ကျစ်တဲ့သဘောသရုပ်ကိုပေါ်လွင်စေပါတယ်။
ထိုဆောင်းပါးတွင်-
မကြာခင်ကျင်းပတော့မယ့်ရွေးကောက်ပွဲကိုသပိတ်မှောက်မည်ဆိုရင်-ယခင်လိုစစ်အုပ်စုကတိုင်းပြည် အာဏာကိုဆက်လက်ယူထားရလိမ့်မယ်လို့ဖော်ပြထားပါတယ်။ဒီနေရာမှာသပိတ်မှောက်လို့ရွေကောက်ပွဲပျက်ရင်တိုင်းပြည် အာဏာကိုဆက်လက်ချုပ်ကိုင်ခြင်းသည်တရားဝင်မှု့မရှိသောအာဏာသိမ်းစစ်အုပ်စုသာဆက်လက်ရှိနေမည်။၂၀၁၀ရွေး ကောက်ပွဲကိုသွားရောက်မဲပေးခြင်းသည်စစ်အုပ်စုကသူတို့မတရားရေးစွဲထားသော၂၀၀၈ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေ ကိုတရားဝင်အတည်ပြုပေးပြီးအရပ်ဝတ်လဲပြီးလူထုကိုရာသက်ပန်စစ်ကျွန်ပြုခံရဘို့မိမိတို့ကဘိသိတ်ပြုပေးရာရောက်ပါလိမ့် မည်။ထို့ကြောင့်
(၁)ပြည်သူလူကြီးအနေဖြင့်မိမိတို့ကိုထာဝရစစ်ကျွန်ပြုစေမည့်၂၀၀၈ဖွဲ့စည်းပုံကိုအခြေခံပြီး၂၀၁၀အတုအယောင် ရွေးကောက်ပွဲကိုမဲပေးခြင်းအားဖြင့်ယခင်တုန်းကစစ်အုပ်စုဟာတရားမ၀င်တဲ့အစိုးရဖြစ်တယ်။၂၀၁၀ရွေးကောက်ပွဲကိုမဲပေးလိုက်ပြီ ဆိုကတည်းကတရားမ၀င်တဲ့၊လူထုထောက်ခံမှုမ၇ှိတဲ့၊စစ်ဝတ်စုံချွတ်ပြီးအရပ်ဝတ်လဲထားတဲ့စစ်ဗိုလ်တွေကအရပ်သားအယောင် ဆောင်ပြီးလူထုကိုထာဝရစစ်ကျွန်ပြုမည့်အရေးကိုတရားဝင်အစိုးရဖြစ်သွားအောင်ပြုလုပ်ပေးရာရောက်မည်။
(၂)မဲမပေးခြင်းအားဖြင့်စစ်အုပ်စုသတင်းစာတွင်ရွေးကောက်ပွဲမအောင်မြင်အထမမြောက်ခဲ့ရင်ယခင်လိုစစ်အုပ်စုကတိုင်း ပြည်အာဏာကိုဆက်လက်သိမ်းထားရလိမ့်ဆိုတာကမှတရားမ၀င်တဲ့အစိုးရဖြစ်နေတာကတိုင်းပြည်အတွက်တော်သေးသည်။အဘယ်ကြောင့် ဆိုသော်ဒီနေရာမှာ-တရားဝင်ခြင်းနှင့်၊တရားမ၀င်ခြင်းဆိုသည့်အဓိပါယ်ကွဲပြားခြားနားတာကိုတွေ့ရပေလိမ့်မည်။တရား မ၀င်သည့်အစိုးရသည်တိုင်းပြည်ကိုတရားမ၀င်ပဲထာဝရအုပ်ချုပ်၍မရပါ။တရားဝင်အစိုးအရဖြစ်မကြာကျင်းပတော့မည့် ရွေးကောက်ပွဲကိုမိမိတို့ကမဲပေးလိုက်ခြင်းအားဖြင့်ဘာမှလုပ်လို့မရတဲ့၊နိုင်ငံရေး၊လူမှုရေး၊စားဝတ်နေရေး၊ပညာရေးအစစ
ထာဝရဘေးတွေ့စေမယ့်ရွေးချယ်မှုကိုအထူးသတိထားပြီးဂရုတစိုက်နဲ့မဲမပေးရေး၊ပယ်မဲဖြစ်ရေး။လုံးဝဥသုံသပိတ်မှောက်ခြင်းအားဖြင့်
မိမိတို့အားလုံးတွင်တိုင်းပြည်အတွက်တာဝန်ကျေရာရောက်သည်။ထိုသို့မဟုတ်ပဲလွဲမှားသည့်ရွေးချယ်မှုကိုရွေးလိုက်မည်ဆိုလျှင်
မိမိတို့ကတိုင်းပြည်ကိုပို၍ချောက်ကမ်းပါးကြီးထဲသို့တွန်းပို့သူအဖြစ်တာဝန်မကင်းရာ ရောက်မည်။ထို့ကြောင့်တိုင်းပြည် ဒုက္ခရောက်မည့်ရွေးချယ်မှုကိုအထူးရှောင်ခြားခြင်းအားဖြင့်မဲမပေးခြင်း၊လုံးဝသပိတ်မှောက်ခြင်း၊ပယ်မဲအဖြစ်ပေးခြင်းတို့သာလျှင်
တိုင်းပြည်ကိုကယ်တင်ရာရောက်မည်ဖြစ်သည်။
(၃)တိုင်းပြည်၏အဓိကအဖြေသည်-တိုင်းပြည်အတွင်းတိုင်းရင်းသားကိုယ်စားပြုခေါင်းဆောင်တွေ၊နိုင်ငံရေးခေါင်း ဆောင်တွေ၊ကျောင်းသားခေါင်းဆောင်တွေကိုအကျဉ်းထောင်တွေထဲကချွင်းချက်မ၇ှိလွတ်ပေးပြီးတိုင်းပြည်ကောင်းစား
ဘို့အတွက်၊အမှန်တကယ်တိုင်းပြည်ပြသာနာကိုဖြေရှင်းနိုင်သည့်၊တိုင်းရင်သားတွေနှင့်အတူတကွတန်းတူဖြေရှင်းနိုင်သည့်
ဒုတိယပင်လုံညီလာခံကိုခေါ်ယူကျင်းပခြင်းဟာတိုင်းပြည်အတွက်စစ်မှန်တဲ့၊အနှစ်သာရ၇ှိသည့်အဖြေကိုသာတိုင်းပြည်အတွက်
အဖြေဖြစ်သည်။ဒုတိယပင်လုံသည်ယနေ့တိုင်းပြည်အတွက်အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက်အထူးအရေးပါသော
ပရမတ္တလုပ်ငန်းစဉ်ဖြစ်သည်။ထိုလုပ်ငန်းစဉ်တွင်တိုင်းပြည်အတွင်းအာဏာခွဲဝေရေး၊ကိုယ်ပိုင်ပြဌာန်းပိုင်ခွင်များ၊ပြည်နယ်
ပေါင်းစုပြည်ထောင်စုမူစစ်စ်ကိုရရှိမှသာလျှင်ပြည်တွင်းစစ်ပြသာနာ၊တိုင်းရင်းသားအရေးပြသာနာများကိုဖြေ၇ှင်းနိုင်မည်
ဖြစ်သည်။သို့မဟုတ်ပါကစစ်အုပ်စုမှယခုပြုလုပ်ထားသောအသိဥာဏ်နည်းပြီးတိုင်းပြည်ကိုတနပ်စားဥာဏ်ဖြင့်ဖြေ၇ှင်းခြင်း
ဟာတိုင်းပြည်အတွင်းစစ်မီးဟုန်းဟုန်းတောက်လောင်အောင်ပြုလုပ်ထားသော-၂၀၀၈အတုအယောင်ဖွဲ့စည်းပုံ၏သမိုင်း
ဆိုးမွေကိုတိုင်းသူပြည်သားတွေ၊တိုင်းရင်းသားတွေရရှိခံစားရပါလိမ့်မည်။ထို့ကြောင့်ဒုတိယပင်လုံညီလာခံသည်တိုင်းပြည်
အတွက်အထူးသင့်တော်သောလုပ်ဆောင်ချက်ဖြစ်သည်။ထို့အတွက်တိုင်းပြည်တွင်းမှာ၇ှိသည့်နိုင်ငံရေးခေါင်းဆောင်များ
အနေဖြင့်ထိုဒုတိယပင်လုံညီလာခံတွင်အမျိုးသားအားလုံး၏ဆုံဆည်းရာဖြစ်သည်။တိုင်းပြည်အတွက်ညီညွတ်ရေးပန်းတိုင်ဖြစ်သည်။
ထိုပန်းတိုင်ကိုမိမိတို့အားလုံ့းမမှိတ်မသုန်အရောက်ချီတက်ရမည့်တာဝန်မှာတိုင်းပြည်ကိုဝါဒဖြန့်ထားသည့်စစ်အာပိုင်တွေ၏
နိုင်ငံရေးဦးတည်ချက်ထဲမှာပါသည့်-အမျိုးသားပြန်လည်စည်းလုံးညီညွတ်ရေး-ဆိုတဲ့ဦးတည်ချက်ကိုရူးခြင်ယောင်ပြီး မေ့ထားလို့မရဘူးဆိုတာသိစေခြင်သည်။ထိုဒုတိယပင်လုံညီလာခံကိုပျက်စီးရာပျက်စီကြောင်းကြံစည်သူသည်တမျိုးသား
လုံး၏ဘုံရန်သူဖြစ်သည်။ထို့ကြောင့်အမျိုးသားပြန်လည်သင့်မြတ်ရေး၏အဓိကဆုံချက်သည်-ဒုတိယပင်လုံညီလာ ခံကြီးတွင်အခြေခံသွားရမည့်တခုတည်းသောပန်းတိုင်ဖြစ်ကြောင်းရေးသားလိုက်ရပေသည်။
ထူးအံ့
ကျောင်းသားများ ဆိုတော့ သူတို့ ဟာ ကျောင်းသားတွေပဲနော်။ု မြင်ရတာစိတ်မကောင်းဖြစ်မိတယ်။ ကျောင်းသားတွေဟာ ယုံကြည့်မူအတွက် စွန့် လွတ်လိုက်ရတာတွေဟာ အဆမတန်များပြားတယ်ဆိုတာ ပုံကသက်သေပြနေသလိုပဲ။ သြော်.... တကယ်ချီးကျူးပါတယ်။ အနေဆင်းရဲ အစားဆင်းရဲ အသက်ကို ရင်းရတာ တော်ရုံစိတ်နဲ့ တော့ ဘယ်လိုမှရမှာ မဟုတ်ဘူး။ ဘုရားသခင်ကောင်းချီးပေး ကြည့်၇ူဖို့ ဆုတောင်းပါတယ်။
ဗိုလ်စိုးရယ်ရဲ့ ထူးခြားချက်က တတိယနိုင်ငံကို အခြေချနေထိုင်ရေး အစီအစဉ်မှာ ပါသွားခဲ့ကြတဲ့ သူရဲ့ အိမ်ထောင်ဆက် နှစ်ဆက် စလုံးနောက်ကို မလိုက်သွားဘဲ ကရင်နီတပ်မတော်အဖြစ် စိတ်ဓါတ် အပြည့်အ၀နဲ့ ကျန်ရစ်ခဲ့တာပဲ ဖြစ်တယ်။
စစ်မြေပြင်မှာ ဆင်းရဲဒုက္ခ အဖုံဖုံနဲ့ ဘ၀တွေ ရုန်းကန်နေကြရတဲ့ ကရင်နီဒုက္ခသည်တွေကို ကယ်တင်ကူညီဖို့ တတိယနိုင်ငံ အခြေချ နေထိုင်ရေး အစီအစဉ်ဖြင့် အနောက်နိုင်ငံများက ခေါ်ယူနေချိန် နအဖ စစ်အစိုးရကို တော်လှန်တိုက်ခိုက်နေကြတဲ့ ဗိုလ်စိုးရယ်လို တော်လှန်ရေး ရဲဘော်ရဲဘက် အများစုတို့ဟာ မိမိတို့ရဲ့ အနာဂတ် မျိုးဆက်သစ် သားသမီးတို့ရဲ့ ရှေ့ရေးကို ရှေ့တန်းတင်ပြီး အလုပ်အကိုင်၊ ရာထူးနဲ့ တာဝန်တို့ကို စွန့်လွတ်ပြီး မိသားစုတွေနဲ့အတူ ဘ၀သစ်တွေဆီသို့ တရွေ့ရွေ့ ထွက်သွားခဲ့ကြပါတယ်။
Where is Tun Aung Kyaw,Moe Tee?
For first comment....မကြာခင်ကျင်းပတော့မယ့်ရွေးကောက်ပွဲကိုသပိတ်မှောက်မည်ဆိုရင်-ယခင်လိုစစ်အုပ်စုကတိုင်းပြည် အာဏာကိုဆက်လက်ယူထားရလိမ့်မယ်လို့ဖော်ပြထားပါတယ်။ဒီနေရာမှာသပိတ်မှောက်လို့ရွေကောက်ပွဲပျက်ရင်တိုင်းပြည် အာဏာကိုဆက်လက်ချုပ်ကိုင်ခြင်းသည်တရားဝင်မှု့မရှိသောအာဏာသိမ်းစစ်အုပ်စုသာဆက်လက်ရှိနေမည်။
do not block his outlet.Junta is making outlet.If u block it,country will get more trouble.Right now,u guys r trying to block.
U Nay Win planed to do multi party system for his outlet but when his plan was rejected,he was engry and what happened at 8888?
Do u want to be like that again?Always know,u r cow,not tiger.
I definitely agreed with nywe2aung(uk).Those people are with double sneak heads.I meaned to Businessmen .They very afraid to ALLAH . But they do not afraid for dishonest plannig in World .95 percentage of them .
When 1996 and 1998 demonstrations in YIT , I have not seen any Muslim students.All run and stay in their house including from hostel .
Post a Comment