တက္ကသိုလ်ရိပ်သာလမ်း တွင် လုံထိန်းကား လေးစီး နေရာယူထားကြောင်း သတင်းရရှိ။
မနက်ပိုင်းကတည်းက လမ်းပလက်ဖောင်း တဖက်စီတွင် အစောင့်စစ်သားများနှင့် ပြည်သူလူထု မျက်နှာချင်း ဆိုင်ရှိနေကြခဲ့ကြသည်။ ယ္ခုကန့်သတ်မြေဘက်သို့ မျက်နှာမူပြီး စောင့်နေသော ပြည်သူလူထုများ တစတစ တိုးပွားလာနေသည်။
''ချက်ချင်းလွတ်'' ကြွေးကြော်သံ များကို NLD လူကြီးပိုင်းမှလည်း လက္ခံကြောင်းနှင့် စည်းကမ်းတကျရှိကြရန် သာမေတ္တာရပ်ခံ ကြကြောင်း သတင်းရရှိသည်။ ရုံးချိန် လေးနာရီခွဲ ပြည့်ရန်လည်း အချိန်ပိုင်းသာလို တော့သဖြင့် အခြေအနေမှာ အရေးကြီးလာနေကြောင်း သိရသည်။
sources
16:20 13.11.2010
Saturday, 13 November 2010
Subscribe to:
Post Comments
(
Atom
)
3 comments :
သတင်းတွေ Update လုပ်ပေးနေတဲ့အတွက် ကျေးဇူးတင်ပါတယ် ကိုမိုးသီး။
စင်္ကာပူမှာလဲ SMS နဲ့ သတင်းအမှားတွေ ၀င်နေတယ်။
နောက် တစ်နှစ်ခွဲ ဆက်ချုပ်လိုက်တယ်တဲ့။
ကျနော်တို့လဲအရမ်းစိုးရိမ်နေကြပါတယ်။
လူအုပ်ထဲမှာ ဖွတ်+စွမ်းအားရှင်တွေ ရောပါပြီး
ပွဲပျက်အောင်လုပ်မှာ စိုးရိမ်ရပါတယ်။
လုံထိန်းကားလည်း ရှိနေတယ်ဆိုတော့ သူတို့ ပုံသေနည်းဟောင်းကြီး သုံးမှာစိုးရပါတယ်။
ဘယ်လိုကာကွယ်နိုင်မလဲဗျာ။
လူအုပ်ထဲမှာ ဖွတ်+စွမ်းအားရှင်တွေ ရောပါပြီး
ပွဲပျက်အောင်လုပ်မှာ စိုးရိမ်ရပါတယ်။
လုံထိန်းကားလည်း ရှိနေတယ်ဆိုတော့ သူတို့ ပုံသေနည်းဟောင်းကြီး သုံးမှာစိုးရပါတယ်။
ဘယ်လိုကာကွယ်နိုင်မလဲဗျာ။
Post a Comment