မိတ်ဆွေများခင်ဗျာ
အမေရိကန်နိုင်ငံ ၁၄ မြို့နယ်က မြန်မာကွန်မြူနီတီတွေအနေနဲ့ ဒေါ်စု လွတ်မြောက်တဲ့ အပေါ် ကြိုဆိုတာနဲ့ အတူ ဒေါ်အောင်ဆန်းစုကြည်ရဲ့နောက်မှာ ကျနော်တို့ အဝေးရောက် တိုင်းရင်းသားပြည်သူအားလုံး အတူတကွရှိနေတယ် ဆိုတာ ပြသရန်အတွက် ပို့စကဒ်တွေ ပေးပို့တဲ့ လှုပ်ရှားမှုလေးတခုလုပ်ရန် တိုက်တွန်းလိုက်ပါတယ်။ ကိုယ်နှစ်သက်ရာ ပို့စကဒ်ပေါ်မှာ တဦးချင်းစီရဲ့ ခံစားမှုပဲဖြစ်ဖြစ် အကြံပေးမှုပဲ ဖြစ်ဖြစ် အတိုချုပ်ရေးသားပြီးတော့
ဒေါ်အောင်ဆန်းစုကြည်
၅၄ တက္ကသိုလ်ရိပ်သာလမ်း
ရန်ကုန်မြို့
မြန်မာပြည်
သို့ ပို့ပေးကြပါမည်။
အမေရိကန်မှာရှိသူများကတော့ ဒေါ်အောင်ဆန်းစုကြည် မြန်မာပြည်လိပ်စာအပြင် အမေရိကန်သံရုံးကို local postage ဖြင့် ဒီအောက်ပါလိပ်စာကိုပါ ပို့ကြပါမည်။
ဒေါ်အောင်ဆန်းစုကြည်
c/o
Box B, APO AP 96546
သို့ဖြစ်ပါသဖြင့် မိမိတို့ရဲ့ Blog, Facebook, Twitter Account များမှတဆင့် တကမ္ဘာလုံးသို့ တပြိုင်နက် သတင်းပါးပေးပါရန် လေးစားစွာဖြင့်တိုက်တွန်းအပ်ပါသည်။ ကျနော်တို့အားလုံးရဲ့ အမျိုးသားခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အပေါ် ချစ်ခင်မြတ်နိုးမှု့ကို ပြသကြရအောင်လားခင်ဗျာ။
နေလင်း (ဝါရှင်တန်မက်ထရိုကွန်မြူနတီ)
9 comments :
I personally do not agree with this idea. It is too dangerous for Daw Aung San Suu Kyi. Junta might use mail or parcel bomb.
Nay Lin: What a stupid idea you have! Stop sending postcard to Daw Aung San Suu Kyi. This is not safe for Daw Aung San Suu Kyi. How can you assure sending postcard to Daw Aung San Suu Kyi is safe. This is a very critical time for Daw Aung San Suu Kyi and Burmese people. Don't bring this kind of idea.
ပို့ စကာဒ်ပေါ်မှာ ဒီလိုရေးလိုက်မယ်
ဘာမှ မလုပ်နိုင် ဘာမှအကြံဥာဏ်မရှိတဲ့
လုကြ ခုတ်ကြ NCGUB ၊ကိုစိန်ဝင်း
အမြန်သေလိုက်ဘို့ ဒေါ်စုပြောပေးပါ။
နောက်တာနော်ဟားဟား
Lydia ခင်ဗျာ..
ကျွန်တော်တယောက်ထဲရဲ့အိုင်ဒီယာမဟုတ်ပါ
အမေရိကမှာရှိတဲ့ ကွန်မြူနတီတွေရဲ့အားလုံး
တိုက်တွန်းနှိုးဆော်မှု့ပါ..
ကျွန်တော် ကိုမိုးသီးဆီကိုပို့ပေးလို့
ကိုမိုးသီးက ကျွန်တော်နာမည်ထည့်လိုက်တာပါ..
ဒေါ်စုရဲ့လုံခြံရေးကိုလည်းဝိုင်းစဉ်းစားတာမှန်တဲ့ကိစ္စပါ..
အဲဒါကြောင့်လည်း..ပို့စကဒ်လို စာအိတ်မလိုတဲ့ပို့ဆောင်နည်းကိုတိုက်တွန်း
ခဲ့ကြတာပါ..
အထူးသဖြင့် ကိုယ်ချစ်တဲ့အမျိုးသားခေါင်းဆောင်ဆီကို မီဒီယာတွေကနေပြောခွင့်မရရှိတဲ့ သာမန်အဝေးရောက်မြန်မာပြည်သားတွေ
ွအတွက် ကျွန်တော်တို့ရဲ့လေးစားမှု့ချစ်ခင်မှု့ကို ပြသဖို့ကြိုးစားတာပါ..
မပို့ချင်တာ..ပို့ချင်တာကတော့ တဦးချင်းစီရဲ့ ဆုံးဖြတ်ချက်ဖြစ်တဲ့အတွက်
ဘာမှမပြောလိုပါခင်ဗျာ.
Regards.
Lydia ပြောတာကို ကျနော်ထောက်ခံပါတယ်။ ကျေးဇူးပြုပြီးတော့ ဒေါ်စုကို စာတိုက်ကနေ ပို့ရတဲ့ ပါဆယ်တို့၊ အထုပ်တို့ ဘာမှ မပို့ပါနဲ့။ အန္တရာယ်ရှိပါတယ်။ အခုအချိန်မှာ ဘာပဲလုပ်လုပ် သတိထားနေရတဲ့အချိန်။ ဘာလဲလုပ်လုပ် ဦးနှောက်နဲ့ စဉ်းစားပြီးမှ လုပ်ကြစမ်းပါ။
ဒေါ်စုက အခု သူ့အိမ်မှာ ဖုန်းရယ်၊ အင်တာနက်ရယ် တပ်ဖို့ စီစဉ်နေတာ။ အင်တာနက်ရမှ ပြောလည်းရတာပဲ။
ကျွန်မတို့ အခု ပြည်သူတွေကို မေတ္တာရပ်ခံချင်တာကတော့ စောစောက ကျွန်မ ပြောသလိုပဲပေါ့ ကိုယ်စိတ် ထဲမှာ ရှိတာတွေကို ကျွန်မတို့ကို အသိပေးပါ။ စာရေးပြီးတော့ ပို့လို့လည်း ရပါတယ်။ စာတိုက်ကို စိတ်မချရရင် ဒီမှာပဲ လာပေးပါ။
ပြည်သူတွေ ဘာတွေ စိတ်ထဲမှာ ရှိသလဲ ဆိုတာ ကျွန်မသိချင်တယ်။
http://thevoicemyanmar.com/index.php?option=com_content&view=article&id=755:2010-11-14-11-43-43&catid=118:political-voice&Itemid=473
ဟုတ်တယ် အခုလိုအချိန်မှာ အများနှင့်အုတ်ရောရော ကျောက်ရောရော ဖြစ်မယ့်လုပ်ရပ်မျိုးကို ရှောင်သင့်ပါတယ်။ စစ်အုပ်စုသိပ်ကြိုတ်သွားပါလိမ့်မယ်။ ပြည်တွင်းက ရန်သူ့လက်အောက်က လူထုတောင် ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံကြောင်းပြသကြတာ။ ပြည်ပမှာရှိတဲ့ ဒီမိုကရေစီရေးကြောင့် အဝေးရောက်လာသူတွေက ထောက်ခံနေမယ် တသားထဲရှိနေမယ်ဆိုတာ ထည့်ပြောနေစရာ မလိုတော့ပါဘူး။ အခြားနည်းလမ်းကောင်းများဖြင့် ပြည်တွင်းက ကျန်သေးသော နိုင်ငံရေးအကျဉ်းသားများ အလုံးစုံလွှတ်ပေးရေး၊ တရားမ၀င်ရွေးကောက်ပွဲ ဖျက်သိမ်းရေး၊ တွေ့ဆုံဆွေးနွေးရေး အတွက်အထောက်ပံ့ဖြစ်မယ့် နည်းလမ်းကောင်းများ အကြံဥာဏ်များကို အခုချိန်မှာ ပြည်ပက ဖေါ်ဆောင်ပြသသင့်ပြီလို့ ထင်ပါသည်။
ခင်မင်လေးစားလျှက်
ရဲမင်းထွန်း
အမှန်တရားကိုလိုလားတဲ့ ပြည်တွင်းပြည်ပက မြန်မာနိုင်ငံသူ/သားတိုင်းအားလုံး ဒေါ်စုကိုချစ်ကြတာကိုကျမတို့ရဲ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကလည်းသိမှာပါ။ မလွဲပါဘူး။ အခုချိန်မှာ ပြည်သူတွေရဲ့အသံကို နားထောင်နေတဲ့ဒေါ်စုဆီကို အမျိုးမျိုးသော မီဒီယာများကတဆင့် ရောက်အောင်ပို့ပေးစေချင်တဲ့ messageကတော့ ကျန်ရှိနေသေးတဲ့ ညှင်းပန်းနှိပ်စက်ခံ နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေးကို ကျမတို့အားလုံးက အလိုရှိပါကြောင်းဆိုတဲ့ messageမျိုးကို ပို့ပေးသင့်တယ်လို့ ကျမအနေယူဆပါတယ်။
အမှန်တရားကိုလိုလားတဲ့ ပြည်တွင်းပြည်ပက မြန်မာနိုင်ငံသူနိုင်ငံသား အားလုံးက ဒေါ်စုကို ချစ်ခင်လေးစားကြောင်းကို ကျမတို့ရဲ့လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကလည်း သိမှာမလွဲပါဘူး။ အခုချိန်မှာ ပြည်သူတွေရဲ့အသံကို နားထောင်နေတဲ့ ဒေါ်စုဆီကို ကျမတို့အနေနဲ့ အမျိုးမျိုးသော မီဒီယာများကတဆင့် ရောက်အောင်ပို့ပေးသင့်တဲ့ messageကတော့ ကျန်ရှိနေသေးတဲ့ ညှင်းပန်းနှိပ်စက်ခံ နိုင်ငံရေးအကျဉ်းသားများအားလုံး လွတ်မြောက်ရေးကို အလိုရှိပါကြောင်းဆိုတဲ့ messageပဲဖြစ်တယ်လို့ ကျမအနေနဲ့ယူဆမိပါတယ်။
Post a Comment