Monday, 8 November 2010

မြ၀တီမြို့ မှာ ပိတ်မိနေသော ဒုက္ဒသည်များ ကိုမိုးသီး နှင့်ရဲဘော်များ ကယ်ထုတ်


ယနေ့ နံနက်မှာ စပြီ ဒီကေဘီအေနှင့် နအဖ တပ်များ မြ၀တီမြို့ ပေါ်တွင် တိုက်ပွဲများဖြစ်ပေါ်ခဲ့ပါသည်။
ကျနော် ဒုက္ခသည်များကိုထားတဲ့ယာယီ စခန်းကိုရောက်တော့ လူတွေက ပြောတာက အများစု မြ၀တီမြို့ ထဲ ဆက်လက်ပိတ်မိနေတုံးပြောပါသည်။  တချို့ မထွက်ရဲပဲ အိမ်အောက်များ တောစပ်များတွင်ပိတ်မိနေတယ်လို့ ဆိုပါတယ်။  ညမိုးချုပ်သွားရင်တိုက်ပွဲပိုပြင်းလာနိင်ပါတယ်။ ဒါကြောင့် ကျနော်၊ ကိုရင်ထွေး၊ ကိုကိုအောင်နဲ့ ကိုပါကြီးတို့   မြစ်ကမ်းစပ်ကို စွန့် စားသွားကြည့်ခဲ့ကြတယ်။   လူတွေဟိုတဖက်ကမ်းမှာ ခြုံစပ်တွေမှာ ပုန်းအောင်းနေတယ်။ ပြစ်ခတ်သံများကြောင့်မထွက်ရဲကြပါ။  ကျနော်တို့  လက်ပြပြီးလာဖို့  ခေါ်ခဲ့ကြသောလည်း သူတို့ ကြောက်နေကြပါတယ်။ တချို့ ကြောက်ကြောက်နဲ့  ချောင်းကို ဖြတ်ပြီးကူးလာတယ်။ အလယ်ကောင်မှာသောင်လေးထွန်းနေပါတယ်.။   

ရေသိပ်မများသောလည်း ဟိုဖက်ကမ်းနှင့်ဒီဖက်ကမ်း ကိုက် ၂၀၀ ခန့် ကျယ်ပါတယ်။   ဘုရားလေးတခုကိုမြင်နေရတယ်။ ဘုရား အောက်ခြေမှာ လက်နက်ကိုင်များကိုတွေ့ တယ်။ ဒီကေဘီအေလား နအဖ လာ ကျနော်တို့ မခွဲနိင်ပါ။
နောက်တော့ ဒုက္ခသည်တချို့  ဒီဖက်ကမ်းကို ကူးလာတယ်။ ကျနော်တို့ သွားကူခဲ့ကြပါတယ်။ 
ပြစ်ခတ်မှုများကြောင့် ကြားညပ်နေကြ တုံးဖြစ်သည်ဟု ထွက်ပြေးလာသော ဒုက္ခသည်များက ဆိုပါသည်။ထွက်ပြေးလာသောဒုက္ခသည်များမှာ မိန်းမ၊ ကလေး ၊ သက်ကြီးရွယ်အိုများ က အများစုဖြစ်နေသည်ကို ထူးခြားစွာတွေ့ ရပါသည်။ သူတို့ ဖြတ်သန်း နေစဉ် ပြစ်ခတ်မှုတွေဖြစ်လာတဲ့အတွက် အဖိုးအိုတဦး ကျွန်အလယ်ကောင်မှာကျခဲ့တယ်လို့  ဆိုပါတယ်။

သူကို ကျနောတို့ သွားရောက်သယ်ယူပြီး ထိုင်းဖက်ကမ်းကို သယ်လာနိင်ခဲ့တယ်။  အမယ်အိုကြီးများမှာ ငိုယိုပြီး ထွက်ပြေးလာတယ်။ မောနေကြတယ်။   သူတို့ ဘာမှ သယ်မလာနိင်ပါ။   အများစုက အ၀တ်တထည်ကိုယ်တခု ဖြစ်ကြပါတယ်။ 

31 comments :

Smart Cookie said...

great Moetee
I appreciate you

Unknown said...

သူရဲ..............ကောင်းတို့ ၏ နှစ်လုံးသာ...........!
မြင့်မြတ်သူတို့ ၏ စိတ်ထား ။ လေးစားပါတယ် ကိုမိုး အဝေးကနေ အားပေးနေပါသည်။

Anonymous said...

လေးစားပါတယ်။ဂုဏ်ယူပါတယ်။အစစ်အမှန်စိတ်ထားကို
ရင်ဘတ်ထဲမှာတွေ့လိုက်တယ်။

ကျော်ထင် said...

Ko Moe Thee. I am touched by your bravery, sympathy and determination at a time when it's needed. I am sure you will return as a charismatic activist leader.

မင်းရန်နိင် said...

မလေးရှားမှာလူခြင်းဆုံဘူးတယ် ပြည်တပ်မတော်ဖွဲ့ဘို့ ကျနော်အစည်းဝေးမှာတင်ပြဘူးတယ် မျတ်မှိမယ်လို့ထင်ပါတယ် ကျနော့်ရည်ရွယ်ချက်တွေ တကယ်ဖြစ်လာတာ ဝမ်းသာလွန်းလို့မျက်ရည်တောင်လည်တယ် ကိုမိုးသီးကို အခုလိုမြင်ရတော့ အရမ်းလေးစားသွားပြီဗျာ

Anonymous said...

ကိုမိုးသီးနှင့်အဖွဲ့ ဝင်များကိုဂုဏ်ယူပါတယ်ဗျာ။
သာဓုခေါ်သွားပါတယ်။ သာဓု၊ သာဓု၊ သာဓု ပါ ကိုမိုးသီး
သတင်းတွေ ဆက်နားထောင်နေပါတယ်။

Anonymous said...

Finally, Moe Thee is working rather than just talking in the past. Good Job.

Anonymous said...

ဝမ်းသာလိုက်တာ ကိုမိုးသီးရယ်.... ကြည်ညိုလိုက်တာဗျာ..... မြန်မာပြည်ကြီး မြန်မြန်လွတ်လပ်နိုင်ပါစေ။ စည်းစည်းလုံးလုံးနဲ့ တော်လှန်နိုင်ပါစေဗျာ.....။

Unknown said...

ကိုမိုးသီး လေးစားပါတယ် ကျောင်းသားခေါင်းဆောင်း။

Anonymous said...

လေးစားပါတယ်။ အခုလို စွန့်စွန့်စားစားနဲ့ သွားရောက်ပြီး ကူညီနေတာကို။

Anonymous said...

လေးစားပါတယ်။ အခုလို စွန့်စွန့်စားစားနဲ့ သွားရောက်ပြီး ကူညီနေတာကို။

ရိုးရိုး said...

လေးစားပါတယ် ကိုမိုးသီး နဲ့ အဖွဲ့ ကို။
အားလုံး ဘေးရန်ခပ်သိမ်းငြိမ်းကြပါစေ။

Unknown said...

ကိုမိုး......ငယ်ငယ်က ဂဠာန်တွေရိုတ်တဲ့ ပွဲးလို စိတ်ဓါတ်တွေပြန်ရနေပါလား....................။

Anonymous said...

လေးစားပါတယ်..
အပြော ၁၀၀ ထက် အလုပ် ၁ ခုက ပိုထိရောက်မှာပါ..

linn said...

Ko Moe Thee, we need you.

linn said...

KO Moe Thee, We need you.

New World said...

ကျေးဇူးတင် ၀မ်းသာ ဂုဏ်ယူ အလေးပြုပါတယ်
ကိုမိုးသီး

★သခင်မျိုးဟေ့ဒို့မြန်မာ★ said...
This comment has been removed by a blog administrator.
Chan Mya Soe said...

လေးစားပါတယ် ကိုမိုးသီး

စံနေမင်း said...

ကိုမိုးသီး လေးစားတယ် လုပ်သင့်လုပ်ထိုက်တာကို ရပ်ကြည့်မနေဘဲ လုပ်နေတာ ကို ဂုဏ်ပြု တယ် ။ ဒီပွဲမှာပါဝင်ခဲ့တဲ့ ရဲဘော် အပေါင်း ကိုလဲ ကိုမိုးသီးနဲ့ ထပ်တူ လေးစားပါတယ် ဗျာ။

စံနေမင်း said...

ကိုမိုးသီး လေးစားတယ် လုပ်သင့်လုပ်ထိုက်တာကို ရပ်ကြည့်မနေဘဲ လုပ်နေတာ ကို ဂုဏ်ပြု တယ် ။ ဒီပွဲမှာပါဝင်ခဲ့တဲ့ ရဲဘော် အပေါင်း ကိုလဲ ကိုမိုးသီးနဲ့ ထပ်တူ လေးစားပါတယ် ဗျာ။

Anonymous said...

I very much appreciate you. You are our hero.

NLD YOUTH (LA) MALAYSIA said...

ကိုမိုးသီး နဲ့ ရဲဘော် အပေါင်းကို NLD YOUTH(LA) MALAYSIA မှ ညီငယ်များမှ လေးစားဂုဏ်ပြုပါသည် ခင်ဗျား

Unknown said...

great Moetee
I appreciate you and all of your friends who did together with you.
Ko Yin Htwe...it's a great job.It's more benefit for real peoples who were troubled by junta.
လေးစားပါတယ်..
အပြော ၁၀၀ ထက် အလုပ် ၁ ခုက ပိုထိရောက်မှာပါ..

Unknown said...

ဟယ်လို ကိုမိုးသီး

ဟယ်လို ကိုမိုးသီး ခင်ဗျားကို ကျနော်တို့ ချစ်တယ်

ခင်ဗျားကို ဒေးကာနက်ဂျီ အဖြစ် မလိုချင်ဘူး။
ခင်ဗျားကို ပီမိုးနင်း အဖြစ် မလိုချင်ဘူး။
ခင်ဗျားဟာ စွေးစွေးနီခွပ်ဒေါင်း ဖြစ်ရမယ်။

ခင်ဗျားကို ဝန်ကြီးချုပ် အဖြစ် မလိုချင်ဘူး။
ခင်ဗျားကို လေ့လာသူအခါတော်ပေး အဖြစ် မလိုချင်ဘူး။
ခင်ဗျားဟာ စပါတာကပ် ဖြစ်ရမယ်။

ကျွန်တော်တို့ ဟာခင်ဗျား လက်ထဲကဓားဖြစ်ချင်တယ်။
ခင်ဗျား ခုတ်ချက်တိုင်းကို ယုံချင်တယ်။
အားလုံးက ခင်ဗျား စစ်ချီဗုံသံကြားချင်တယ်။

အားလုံးက အားလုံးကို တွေဝေနေတဲ့ထဲ ခင်ဗျားမပါဘူး။
ခင်ဗျားကို မျှော်ကြတယ်။
ခင်ဗျား ပဉ္စလက်က ဓာတ်ဖန်လုံးကြည့်တာထက်ပိုမယ်။
ခင်ဗျားကို ယုံကြတယ်။
ခင်ဗျား ဦးဆောင်မှုနောက်မှာ ကျနော်တို့ နေချင်တယ်။
ခင်ဗျားကို ချစ်ကြတယ်။

ဓားတွေက ထပ်သွေးလဲ အသွားပဲ့တာပဲ ရှိတော့မယ်။
ကျနော်တို့ လိုချင်တာ ဒေါ်လာဈေး သတင်း မဟုတ်ဘူး။
ကျနော်တို့ လိုချင်တာ စစ်ခွေးရူးမရူး မဟုတ်ဘူး။
ကျနော်တို့ လိုချင်တာ နိုင်ငံရေးသုံးသပ်ချက် မဟုတ်ဘူး။

ပါတီစွဲ ဝါဒစွဲ ဆိုတာထက် ကျနော်တို့ စစ်အာဏာရှင်ကို ဖြိုချင်တယ်။
ခင်ဗျား လမ်းပြဖို့ လိုနေတယ်။
စကားလုံးတွေ ထက် အရွေ့ ပါချင်တယ်။

ပညာတတ်ဆန်တဲ့ တွေဝေမှုတွေ အစား
စပါတာတွေလို တိုက်ရင်းသေလိုတယ်။
ဒေါင်အလံတလူလူ မလွင့်နိုင်တောင်မှ
အလံသေပြီး လူရှင်တဲ့ ဘဝထက် ကောင်းမယ်….ယုံတယ်။

ခင်ဗျားဟာ စွေးစွေးနီခွပ်ဒေါင်း ဖြစ်ရမယ်။
ခင်ဗျားဟာ စပါတာကပ် ဖြစ်ရမယ်။
ဟယ်လို ကိုမိုးသီး !
ခင်ဗျားကို တော်လှန်ရေးသမား အဖြစ် ကျနော်တို့ ချစ်တယ်။

မိုးထက်နေ

http://shwebothar.blogspot.com/2007/12/blog-post_12.html

၂၀၀၇ လောက်က သူငယ်ချင်းရေးတဲ့ ကဗျာနဲ့ ပြန်ဂုဏ်ပြုလိုက်ပါတယ်။

Anonymous said...

Proud for you.
Bros from singapore

Anonymous said...

Ko Moe Thee, I respect you and appreciate for what you are doing. Thank you very much.

Anonymous said...

ဟန်ပြမလုပ်ဖို့ပဲလိုတယ်

Anonymous said...

Nice!!!
Good work done...
At first, our impression was "Moe Thee is No Action Talk Only"...
Now not so bad..
Carry on Bro..

Anonymous said...

သို. မောင်မိုးသီးရေ
အဘကို ထိုင်းဖက်ကို မင်းသယ်ပိုးခဲ.လို. ကျေးဇူးတင်တယ်ကွာ ။ဒါပေမယ်. အဘဒီမှာမပျော်ဘူး။
အဘပြန်ရင် မောင်မိုးသီးလေး အဘကို မြ၀တီဘက်ကမ်းကို ပြန်လိုက်ပို.ပေးအုံးနော် ။

အဘအိမ်က မြ၀တီ ရဲစခန်းဘေးက ၂ထပ်အိမ်ပါ။
ကျေးဇူးများစွာဖြင်.
မင်းရဲ.

တော်သေးပြီ

Unknown said...

ခင်ဗျားဟာကျနော်ကြားဖူးတဲ့မိုးသီးဇွန်ဖြစ်တယ်
ခင်ဗျားဟာကျနော်မြင်ချင်တဲ့မိုးသီးန်ဘဲဗျာ။
ခင်ဗျားဟာနယ်စပ်မှာနိုင်ငံရေးသင်တန်းကို
ခင်ဗျားဟာပြည်တွင်းယူဂျီလုပ်ငန်းကိုအခနဲ.လုပ်နေသူမဟုတ်ဘူးဆိုတာ။................။.......
ခင်ဗျားဟာကီးဘုတ်သူရဲကောင်းအယောက်တစ်ထောင်ထက်တန်ဖိုးရှိတယ်။ခင်ဗျားဟာရုပ်ဆိုးသလောက်နှလုံးသားလှတယ်။ခင်ဗျာဟာဝလွန်းနေသလောက်ပေါ့ပါးတယ်ဒီနေရာမှာ.။
ခက်တာကမဲဆောက်ကပိန်တဲ့နိုင်ငံရေးသမားတွေကအထနှေးတာ။ခင်ဗျားဟအရေးကြီးချိန်မှာD -Max ကားကြီးကိုရေဆေးနေသူမဟုတ်။ဒီနေ.ခင်ဗျားဟာကျနော်တို.ရဲ.မိုးသီးဇွန်ဖြစ်တယ်