ဧည့်စာရင်း မတိုင်တဲ့ ကဗျာ
ငါမွေးခဲ့တဲ့ နိုင်ငံကို ငါ တပတ်လှည့်ကြည့်မယ်။
ဘယ်နေ့သွားမယ်။
ဘယ်မှာတည်းမယ်။
ဘယ်သူတွေနဲ့တွေ့မယ်ဆိုတာ
ဘယ်ခွေး တကောင် ကြောင်တမြီးကိုမှ ပြောနေစရာမလိုဘူး။
ဒီမြေက ငါ့မြေ။
ဒီလူတွေက ငါ့လူတွေ။
ဒီရေက င့ါ့ရေ ။
ဒီသစ်ပင်က ငါ့သစ်ပင်။
ဒီကျွဲက ငါ့ကျွဲ။
ကဲ...။
ငါ့အမျိုးတွေလဲ ဒီမြေပေါ်မှာနေ
ဒီမြေပေါ်မှာ ပျော်ပျော်ပဲ
သေပွဲဆင်ခဲ့ကြရဲ့။
အဖိုးသေတယ်လေ။
အမေတို့ အမတို့ 
ရိုးရာမပျက်၊
ကျွက်ကျွတ်ညံ ငိုကြရဲ့
အဖေနဲ့ ဘကြီး ဦးစံသိန်း တို့က ချက်အရက်တွေသောက်
တယောက်တပေါက် ငြင်းခုန်။
ငါ၊ ငါ့ယောက်ဖနဲ့ အပေါင်းသင်းတသိုက်
အော်ကြီးဟစ်ကျယ် ဖဲရိုက်ကြတယ်။
တညလုံး ...။
ရပ်နီးရပ်ဝေး ဧည့် တရုန်းရုန်း၊
ငါ့ ခွေး တီလုံး ခမြာ နေရာမရ။
အုံးအုံးကျွက်ကျွက်နဲ့ အသုဘ။
အားရပါးတ ရ ရှိလှရဲ့..။
'' အဘ ရေ ထ ကြည့်စမ်း ဗျ '' လို့  ဒို့ ဟစ်ကြွေး ကြ ။
အေး ...။
ဒို့  ဘယ်သူမှ ဧည့်စရင်း မတိုင်ကြဘူး ။
ငါဟာ လူသား၊
လွတ်လပ်စွာ သွားချင်ရာသွားခွင့်ရှိနေတယ်။
လင်းယုန်တကောင်လို တိမ်လွှာ ကိုခွဲပြီး
ဤခရီးကို သွားမယ်။
မွေးမြူရေးခြံထဲက တိရစ္ဆာန်တွေလို
ဒီနေ့  ဘယ်နှစ်ကောင်ပျောက်၊
ဘယ်နှစ်ကောင်တိုး
( ဒီမှာ - ရိုးရိုး လေး ပြော မယ် )
အစစ်.ဆေး..ခံ..နေစရာ.. င့ါ့မှာ ...အကြောင်း...မရှိ ။
မိတ်ဆွေ ငဲ့ …။
သင့်မှာလည်း အကြောင်းမရှိဘူး။
မွေးမြူရေးခြံထဲက တိရစ္ဆာန်တွေလို
ဒီနေ့  ဘယ်နှစ်ကောင်ပျောက်၊
ဘယ်နှစ်ကောင်တိုး
( ဒီမှာ - ရိုးရိုး လေး ပြော မယ် )
အစစ်.ဆေး..ခံ..နေစရာ.. င့ါ့မှာ ...အကြောင်း...မရှိ ။
မိတ်ဆွေ ငဲ့ …။
သင့်မှာလည်း အကြောင်းမရှိဘူး။
ငါဟာ လွတ်လပ်တဲ့ လူသား။
ပညတ်တော်ဆယ်ပါးမှာ ဧည့်စရင်း တိုင်ကြလို့ မပါဘူး။
မဂ္ဂင်ရှစ်ပါးမှာ ဧည့်စရင်းတိုင်ကြလို့ မပါဘူး။
ငါ့နိုင်ငံထဲမှာ ငါဘယ်သွားသွား ဘယ်လာလာ
ဘယ်သူ့ကိုမှ သံတော်ဦး တင်စရာ မလို။
ဧည့်စရင်း တိုင်စရာလည်း မလိုဘူး။
မိန်းမ ရေ
အထုပ်အပိုးတွေပြင်
ငါ့ မယ်ဒလင် ယူခဲ့။
လာ ဒို့ ခရီးထွက်မယ်
လှေပေါ်တက် ၊
ရွက်လွင့်မယ်။
- မိုးသီးဇွန်-
ပညတ်တော်ဆယ်ပါးမှာ ဧည့်စရင်း တိုင်ကြလို့ မပါဘူး။
မဂ္ဂင်ရှစ်ပါးမှာ ဧည့်စရင်းတိုင်ကြလို့ မပါဘူး။
ငါ့နိုင်ငံထဲမှာ ငါဘယ်သွားသွား ဘယ်လာလာ
ဘယ်သူ့ကိုမှ သံတော်ဦး တင်စရာ မလို။
ဧည့်စရင်း တိုင်စရာလည်း မလိုဘူး။
မိန်းမ ရေ
အထုပ်အပိုးတွေပြင်
ငါ့ မယ်ဒလင် ယူခဲ့။
လာ ဒို့ ခရီးထွက်မယ်
လှေပေါ်တက် ၊
ရွက်လွင့်မယ်။
- မိုးသီးဇွန်-
13 comments :
ကျနော် ကိုမိုးသီး ဘလောက်ကို တခါမျှလာ မလည် ဖြစ်သေးပါ။ ဒါပေမဲ့ ဒီနေ့တော့ ကိုမိုးသီးထံ စာရေး စရာ ကိစ္စတခုရှိလို့ FB ကနေ ခြေရာခံလိုက်လာရင်း သူ့blog ကိုအရင် ဝင်လည်ကြည့်မိ ပါသည်။ စာကိစ္စ အသာထားပြီး blog ထဲအရင်လည်ကြည့်မိရာ 'ကောင်းလိုက်သည့်ကဗျာ' တပုဒ်ကိုတွေ့၍ ဒါကို မနေနိုင်မထိုင်နိုင် ဝင်ရေးသွားပါကြောင်း။ ( HIV လူနာတွေမှ သွားဗိုလ်ကျတဲ့ကိစ္စ ကျနော်လည်း စိတ် မကောင်း ဖြစ်နေတာပါ အကို )
Excellent! Ko Moethee, please write more poems. You are a brilliant artist too.
ဧည့်စာရင်းမတိုင်တဲ့ ကဗျာ ကို မြန်မာပြည်ထဲက ရဲဘော်တွေ ရွတ်ကြပါလိမ့်မယ်ဗျာ ကိုမိုးသီးက ပြောက်ကျားကွန်မန်ဒို သာ ပစ်ပါဗျာ ဒီအေဘီစစ်ရေးကြေငြာချက် သတင်းအဆက်ပြတ်နေပါတယ် ဒေါက်တာလွမ်းဆွေထံမှာ ဖတ်လိုက်ရပေမဲ့ အခြားသတင်းဘာမှ မဖတ်ရ မကြားရသေးပါ
သိပ်ကောင်းတဲ့ ကဗျာတစ်ပုဒ်ပဲ။
ဒါနဲ့ ကိုမိုးသီး ဘယ်တုံးက မိန်းမရတာလဲဗျ ..ဟ ဟား. ဟား!
ကောင်းတယ် ကိုမိုးသီး။
ကိုမိုးသီးတို့လို ကိုယ်တိုယ်တိုင်က ကြောက်လို့ ထွက်ပြေးပြီးမှ အပြင်က အော်နေတာထက် ကိုမင်းကိုနိုင်တို့လို့ အတွင်းမှာ ခံရင်း တိုက်နေတာကို ပို လေးစားတယ် ဗျို့။ (နောက်ဆက်တွဲ စဉ်းစားမိတာလေးပါ။)
မလိုက်ရဲရင်လဲ.......
အသိုက်ထဲမှာဘဲ ကျန်ခဲ့လေ.... ။
ကစုန်ဆိုင်းသလိုပါ့
မုန်တိုင်းကရှေ့မှာမွှေ ၊ တောမီးကရှေ့မှာဝိုင်း ။
ခြံ့သေ့ကမြက်မစား
ကျားတွေက ကြွက်မချောင်း
မိချောင်းတွေက ဖွတ်တွေလိုမနေ
အိုးဝေ အိုးဝေ တွန်သံနှောလေတဲ့
စိမ်းမြညို ဟော... ဟိုတောဆီသို့
ပျံရင်းသေ ခရီးဆက်မယ်တဲ့
အဲဒါ ငှက်တို့သမိုင်း........................။
(မောင်စိန်ဝင်း(ပုတီးကုန်း)၏ ကဗျာတစ်ပုဒ်ဖြစ်ပါသည်
အကိုမိုးသီး သိပ်ကောင်းတဲ့ ကဗျာလေး ဗျာ
စင်္ကာပူသား
So why do you live in America?
ကိုမိုးသီးရေကောင်းလိုက်တဲ့ကဗျာ.........ဘဝင်ကိုငြိသွားတာပဲ...ဟုတ်တယ်ဗျို့.................
အရမ်းကောင်းတဲ့ ကဗျာပါပဲ
ကိုမိုးသီးတို့ ကိုထောက်ခံနေပါတယ်
အမည်မသိ ဆိုတဲ့သူ ပြောတဲ့ ကိုမိုးသီးတို့လိုကိုယ်တိုင်က ကြောက်လို့ ထွက်ပြေးပြီးမှ ဆိုတာ ဘာကိုပြောချင်တာပါလိမ့် ကိုမိုးသီး တောခိုသွားတာက ကြောက်လိုတောခိုတာမှ မဟုတ်တာ ခင်ဗျားပြောသလိုဆို ကိုမိုးသီးက ကြောက်လို့ တောခိုသလိုမျိုးဖြစ်နေပြီ ကိုမင်းကိုနိုင်တို့ အထဲမှာကျန်နေခဲ့တာလိုမျိုးပဲ အားလုံးကျန်ခဲ့လို့မှ မဖြစ်ခဲ့တာ အဲ့ဒီတုန်းက အခြေအနေတွေကို ခင်ဗျား မဖြတ်သန်းဘူးတာလား ဒါမှမဟုတ်သေချာမသိတာလား
ကိုမိုးသီးကို ပုဂ္ကိုလ်ရေး မကိုးကွယ်ပါ
ကိုမိုးသီးကိုပြောတာဟာ တောခိုသွားတဲ့ ကျောင်းသားတွေ အကုန်လုံးကိုပြောသလိုမျိုးဖြစ်နေလို့ပါ
သူ့နေရာနဲ့သူ လုပ်ခဲ့ကြတာပဲ ရှေ့ရောက်သွားတာလဲရှိသလို ဘေးပြန့်သွားတာလဲရှိမှာပဲ
ခင်ဗျားကကော ဘယ်လောက်ထိလုပ်ခဲ့လဲ
ကိုယ့်ကိုကိုယ်ရောပြန်မေးကြည့်ပါဦး
ဘောလုံးပွဲကြည့်ရတာ လွယ်ပါတယ်
ကိုယ်တိုင်ဝင်ကန်ကြည့်မှ ဘောလုံး အကြောင်းသိမှာမို့ပါ
နိုင်ငံရေးအကျဉ်းသားဟောင်းတဦး
komoethee,
This poem touched my heart. Excellent,Excellent.
၈၈ စက်တင်ဘာတုန်းက ကျောင်းသားတွေ ပုံစံ သုံးမျိုးနဲ့ ဆက်သွားဖို့ ဆုံးဖြတ်ချက်ချခဲ့တယ်ဆိုတာ မကြားဘူးတဲ့ လူအတွက်တော့ ကြောက်လို့ထွက်ပြေးတယ်ဆိုတာလောက်ပဲ သိမှာပေါ့ဗျာ
Post a Comment