photo:AP/Khin Maung Win
Source:Mizzima 
“ ပြည်သူတွေမပါဘဲနဲ့ ဘာကိစ္စမှ မအောင်မြင်ဘူး၊ ဘာမှ လုပ်လို့ မရဘူး။ ကျမတို့  အလုပ်ကို လုပ်ကြရမယ်။ ကျမတို့က ကံ ကံလို့ ပြောတယ်။ ကျမတို့ အလုပ်ကို  လုပ်ကြရမယ့် တာဝန်ကို မကြောက်ဘူး၊ တာဝန်မကျေမှာကို ကြောက်တယ်”
 “ လူတွေရဲ့စိတ်ထဲမှာ ဘာတွေဖြစ်နေသလဲဆိုတာ မသိသေးဘူး။ နားထောင်ရဦးမယ်။  လူထုအသံကို နားထောင်ချင်တယ်။ တယောက်တည်း ထပြီးပြောနေတာ အဆင်မပြေဘူး။  တယောက်တည်းက ပြောနေတာကို ကျန်တဲ့လူတွေက နားထောင်နေရတာက ဒီမိုကရေစီ မကျဘူး။"  
“ ပြည်သူ့လုပ်အားနဲ့အလုပ်လုပ်ချင်တယ်။ ကျမတယောက်ထဲ  အလုပ်မလုပ်ချင်ဘူး။ တယောက်ထဲ လုပ်တာ ဒီမိုကရေစီ မဟုတ်ဘူး။  ကြင်နာမှုရှိတဲ့ ကမ္ဘာသူ ကမ္ဘာသားတွေရှိနေတယ်။”
 “ သတ္တိဆိုတာ စိတ်ဓာတ်ခိုင်ခိုင်မာမာနဲ့ ကိုယ်လိုချင်တဲ့ ကိစ္စကို မှန်မှန်ကန်ကန်နဲ့ လုပ်တာဟာ သတ္တိပဲ။ လုပ်ရဲရမယ် ”
“  ကျမတို့ပြောနေတာလဲ နိုင်ငံရေးဘဲ။ အားလုံးနိုင်ငံရေးဘဲ။ ကျမတို့ပြည်သူတွေ  နိုင်ငံရေးကို နားလည်အောင်လုပ်ပါ။ အရှေ့က လုပ်နေတဲ့သူကို အနောက်က လူက  ထိန်းနိုင်ရမယ်။ ဒါဟာ ဒီမိုကရေစီဘဲ။ ကျမတို့ ပြည်သူတွေ ထိန်းသိမ်းတာကို  ခံပါမယ်။ တခြားသူ ထိန်းသိမ်းတာကို မခံနိုင်ဘူး။ ကျမ  ထိန်းသိမ်းခံရတဲ့ချိန်မှာ လုံခြုံရေးသမားတွေ အများကြီး တွေ့ရပါတယ်။  ကျေးဇူးတင်ထိုက်သူကို ကျေးဇူးတင်ပါတယ်။ ကျမအပေါ် ကောင်းကောင်းဆက်ဆံတဲ့  သူတွေကိုပါ။ ကျေးဇူးကို သိတတ်တဲ့သူက နည်းတယ်။ ကျေးဇူးသိတတ်တဲ့သူ ရှားတယ်  ဆိုတာကို ကျမကတော့ လက်မခံချင်ဘူး။ ကျေးဇူးသိတယ်ဆိုတာ ဘာလဲ။ တယောက်နဲ့တယောက်  သည်းခံရမယ်။ အရှေ့က လူက နောက်ကလူကို သိတတ်ရမယ်။ နောက်ကလည်း ရှေ့ကလူကို  သိတတ်ရမယ်။ ဒါဟာ ကျမရဲ့ အခင်းအကျင်းဘဲ။”
“ ပြည်သူကြားမှာ  အားလုံးကြားမှာ အမျိုးသား ရင်ကြားစေ့ရေးကို ဆက်လုပ်သွားမယ်။  ဘယ်သူဘဲဖြစ်ဖြစ် အဆင်ပြေအောင် လုပ်ချင်ရင် ရတယ်။ စကားပြောချင်လည်း ရတယ်။  ကျမတို့ဘက်က ပြည်သူ့အင်အားတွေ လိုပါတယ်။ အခု ပြည်သူတွေ  ကျမတို့ဘက်မှာရှိတယ်ဆိုတာ သိရတယ်။ ပြည်သူရဲ့ယုံကြည်မှု၊ ပြည်သူရဲ့  ထောက်ခံမှုကို ရယူသွားမယ်။ အခု ဘာလုပ်နိုင်တယ် ဆိုတာကို မပြောနိုင်တာ  ခွင့်လွှတ်ပါ။ အပြင်ထွက်ထွက်လာခြင်း ဘာလုပ်မယ်၊ ညာလုပ်မယ်ဆိုတာကို ပြောတာက  နားမလည်ဘဲ ပြောတယ် ဖြစ်မှာစိုးလို့ပါ။ ကျမတို့အားလုံး အနာခံရပါတယ်။  လုပ်ဖော်ကိုင်ဘက်တွေလည်း အနာခံခဲ့ရပါတယ်။  အနာခံရမယ်ဆိုရင် သည်းခံပြီး  အနာခံကြပါလို့ ကျမပြောချင်တယ်။ လိုတော့လိုချင်တယ် အနာတော့  မခံချင်ဘူးဆိုတာတော့ မဖြစ်ဘူး။ အမှားအမှန်ကို ကိုးစားပြီး သိရမယ်။  အမှန်ဘက်က ရပ်တည်ရမယ်။ အမှားအမှန်က တစ်ချိန်လုံး အတည်ယူလို့မရဘူး။  အချိန်အတိုင်း ပြောင်းလဲမှု ရှိတယ်။ မှန်မှန်ကန်ကန်နဲ့ဖြစ်လာတဲ့ အင်အားကို  ဘယ်သူကမှ ဖြိုလို့မရဘူး။”
“ ကျမကို ထိန်းသိမ်းခဲ့တဲ့လူတွေအပေါ်မှာလည်း ဘာအာဃာတမှာ မရှိဘူး ”
“ကျမတို့ မြန်မာတွေဟာ ကောက်ရိုးမီးလို့ပဲလို့ ပြောတာကို ကျမတော့ မကြိုက်ဘူး’’
“ကျမတို့ ပြည်သူတွေက လက်ဖြန့်ပြီး တောင်းချင်စိတ် မရှိဘူးလို့ ကျမ ယုံတယ်’’
Sunday, 14 November 2010
Subscribe to:
Post Comments
                        (
                        Atom
                        )
                      

6 comments :
ကျေးဇူးဘဲ ကိုမိုးသီး။
ဒီနေ့ ကျွန်တော့်တစ်သက်တာမှာ အမေစုကို အပြင်မှာမြင်တွေ့ဖူးပြီး အမေစုရဲ့  မိန့်ခွန်းကို နားထောင်ခွင့်ရတဲ့အတွက်
အင်မတန်ကို ကျေနပ်အားရမိပါတယ်ဗျာ။ ကြက်သီးတောင် ထမိတယ်ဗျာ။ ဒီနေ့ အမေစုရဲ့ မိန့်ခွန်းကို နားထောင်ပြီး လက်ခုပ်တွေ
တီးရတာ အခုအိမ်ပြန်တော့ လက်တောင်ယောင်ကိုင်းနေတာပါပဲ။ ဘာပဲဖြစ်ဖြစ် အရမ်းကျေနပ်တယ်။ ကျွန်တော်လည်း
တတ်နိုင်တဲ့ဘက်ကနေ မြန်မာပြည်သားတွေကို ကူညီချင်ပါတယ်။ အမေစုနဲ့ ပေါင်းပြီး ကူညီပေးပါ့မယ်။
We All Love You Mom
She is our hope, our soul,our light, our leader...
ပြည်သူတွေ လက်ဖြန့် မတောင်းချင်ဘူး လို့  အမေယုံကြည်နေပေမဲ့ အပြင်မှာ ရှိတဲ့  အတိုက်အခံဆိုသူတွေ လက်ဖြန့် တောင်းနေတာကြတောာ့  အကျင့် လို ဖြစ်နေပါပြီ အမေရယ်....
Post a Comment