Sunday, 14 November 2010

တိုက်ပွဲဂွင်မှ ဒုက္ခသည်များ ထပ်မံထွက်လာကြ

တိုက်ပွဲဖြစ်ပွားခဲ့တဲ့ ဝေါ်လေရွာတဝိုက်ရှိ ဒုက္ခသည်တွေဟာ ကျည်လွတ်ရာ ဘေးကင်းရာနေရာတွေကို ထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။

ဒီကေဘီအေများရှိနေတဲ့ လောခေါ်ဘက်တွင် ရာဂဏန်းအထက် ရောက်ရှိနေကြပါ တယ်။ နောက်ထပ် စစ်ပြေး ဒုက္ခသည် ၆၀၀ ကျော်မှာ ထိုင်းနိုင်ငံဘက်ခြမ်းရှိ မော်လီ ချိုင်း မှာ ရောက်ရှိနေကြပါတယ်။ ထပ်မံလည်း ရောက်ရှိနေဆဲဖြစ်သည်။

ထိုင်းအစိုးရဘက်မှ လက်ခံစောင့်ရှောက်ထားပါသည်။ UN နဲ့ ဆွေးနွေးပြီး ထောက်ပံ့ မယ်ဆိုရင် ဒုက္ခသည်တွေကို လုံခြုံတဲ့နေရာမှာ နေရာချထားပေးမယ်လို့ သိရှိရပါတယ်။

အခု လောလောဆယ်တော့ ထိုင်းအစိုးရက ဒုက္ခသည်တွေကို နယ်စပ်မှာပဲ နေရာချထား ပေးတယ်လို့ သိရှိရပါတယ်။

No comments :