Friday 5 November 2010
ငါကိုင်ခဲ့တဲ့အလံ
ဒီအလံက ဗကသ တုံးက သုံးခဲ့တဲ့အလံ ။ အစိုးရသုံးဆက်ကို ဖြုတ်ချနိင်ခဲ့တဲ့အလံ။ဒီအလံဟာ အောင်အတိတ်အောင်နမိတ်တွေရှိတယ်။ ဒီအလံအတိုင်း တသွေမတိမ်းတူအောင်လုပ်ကြပါ။
အလံအချိုးက အလျား ၅ ပေ၊ အနံ သုံးပေ။
အလံကို  အလျား ၁၀ ပေလုပ်ရင် အနံက ၆ ပေ။
ဗကသတုံးက အလျား ၂၅ ပေ၊ အနံ ၉ ပေ လုပ်ခဲ့တယ်။ ယန္တယားခွပ်ဒေါင်း။  ခေတ်မှီတဲ့တိုးတက်တဲ့နိင်ငံတော်ကြီးတည်ဆောက်ကြမယ်ဆိုတဲ့သံဓိဌာန်နဲ့  ကျနော်တို့ ဒီဒဇိုင်းကိုထုတ်ခဲ့ကြတယ်။ထုတ်ပြီးသားဒီဇိုင်းကို ပန်းချီ မောင်မောင်သိုက် မော်ဒဲလ်အသေး ပုံထုတ်ပြီး။ ကိုကျော်ညွန် နဲ့ အဖွဲ့ က ဆိုက်ကြီးဆွဲပေးခဲ့ကြတယ်။ ( ဒါကသြဂုတ်လ ၂၈ ရက်ေ န့နောက်ပိုင်းမှာ ဒီဆိုက်ကိုဆွဲခဲ့တာ။ အရင်တိုက်ပွဲဝင်နေတုံးက ဆိုဒ်သေး နဲ့ တိုက်ပွဲ ၀င်ခဲ့ကြတယ်။)
ဒီအလံကို ထုတ်ပြီးတဲ့အခါမှာ ရွေတိဂုံဘုရားမှာ အလံတော်ကို လက်ယာရစ် ပတ်ပြီး ပူဇော်ခဲ့တယ်။ ပူဇော်တဲ့အခန်းနားမှာတော့ ခေါင်းဆောင်တွေလျိုလ်ဝှက်ပြီးလုပ်ခဲ့ကြတယ်။ ပြီးမှ တိုက်ပွဲမှာ ကျနော်တို့ ချသုံးခဲ့တယ်။  အဖွဲံ ၀င်သစ်တိုင်း ကို အလံကိုင်ပြီးသံဓိဌာန် ဆိုခိုင်းတယ်။ 
- သံဓိဌာန် ကတော့  
၁- ပြည်သူလူထုအပေါ်သစ္စာရှိပါမည်။ 
၂-သမဂပ အဖွဲ့ စည်းပေါ်သစ္စာရှိပါမည်။
၃- ပေးအပ်တဲ့အမိန့် နဲ့ တာဝန်တွေကိုကြေပြွန်စွာထမ်းဆောင်ပါမည်။ 
၎-တော်လှန်ရေး အောင်မြင်တဲ့အထိ တိုက်ပွဲဝင်ပါမည် ။
ုဖြစ်တယ်။ မြတ်စွာဘုရားက  ရဟန်းတော်တွေ တော်ထဲမှာ တရားအားထုတ်နေတဲ့အခါမှာ ကြောက်လန့် တာတွေဖြစ်လာတာကို တွေ့ တော့  သကြားမင်းကြီးရဲ့ အလံတော်ကိုကြည့်ကြ လို့  အားပေးခဲ့တာကို မေတ္တာသုတ်မှာဖတ်ဘူးတယ်။
ခွပ်ဒေါင်းရဲဘော်အပေါင်းတို့ တယောက်ထဲအားငယ်နေတဲ့အခါမှာ ငါဒို့ ရဲ တိုက်ပွဲဝင်ခွပ်ဒေါင်းအလံတော်ကို ကြည့်ကြ။တိုက်ပွဲံဝင် ရဲဘော် တယောက်မှာ ခွပ်ဒေါင်းအလံတလက်ရှိကိုရှိရမယ်။
၈၈တုံးက ငါ ကိုင်ခဲ့တဲ့အလံဟာ အမျိုးသမီးတဦးရဲ့ ထမိန်အနီ လေးကို လုပိခဲ့တဲ့အလံဖြစ်တယ်။ဟုတ်တယ်- အရင်တုံးက ဒီပိတ်စ ဟာ ထမိန်၊ အခုတိုက်ပွဲဝင်အလံဖြစ်သွားပြီ။ ဒီအလံကို ငါအရင်ဆုံး အလေးပြုခဲ့တယ်။
တိုက်ပွဲ နဲ့ သိဌိတင်ခဲ့တယ်။ ဒါဟာခွပ်ဒေါင်းအလံဖြစ်သွားပြီ။ ဒီအလံကို
ငါယုံတယ်။ ငါတိုက်တယ်။ ငါနိင်ခဲ့တယ်။
ဘာဖြစ်လို့ လဲ ငါမှာ အောင်စိတ်ရှိတယ်။ အခု ရဲဘော်တို့ အလှည့်  ။ အောင် စိတ်ကိုမွေးပါ။
ရဲဘော် ခွပ်ဒေါင်းအလံကို
သင်ယုံပါ။ တိုက်ပါ။ ရန်သူကို သင်အနိင်ယူပါ။
နိဝင်ဘာ ၇ရက်ဟာ ရဲ ဘော်တို့ အတွက် အောင်ပွဲကလွဲ လို့ ဘာမှ ဆုံးရှုံးစရာ ထပ်မရှိတော့ဘူး။
မိုးသီးဇွန်
7 comments :
Anonymous said...
အရက်နဲ့မြည်းဖို့ အမြည်းမရှိတာနဲ့အတော်ပဲ...ဒေါင်းစုတ် တစ်ကောင်တွေ့ပြီ ရိုက်ချက်စားလိုက်ဦးမယ်...
ကိုကြီးကျော်
Anonymous said...
၎-တော်လှန်ရေး အောင်မြင်တဲ့အထိ တိုက်ပွဲဝင်ပါမည်
Why u droped the gun and left to third country?
Anonymous said...
တိုက်ပါ အောင်ပွဲခံပါ လူငယ်တွေအတွက်
အောင်ပွဲပဲ ရှိတယ် ဘာမှထပ်ဆုံးရှုံးစရာမရှိဆိုတာ
အတော်ကောင်းတဲ့စကားပါ၊သမိုင်းဝင်နိုင်တဲ့စကားပါ။
မကောင်းတာတွေရေးထားတာ အမြန်ဖြုတ်ပါ။
စေတနာနဲ့ ပြောနေပါတယ်။
အခြေအနေနဲ့ ကိုက်ညီလို့ ထောက်ခံ့နေတယ်။
ဒီလောက်ဆိုသိပါ။
ဇော်နိုင်
Anonymous said...
သြော် ထမိန် အလံကိုး ထမိန်မှာ တိရိစ္ဆာန်ပုံဆွဲပြီးတော့ ခေါင်းပေါ်လွှင့် အလေးပြု တော်လိုက်တဲ့အ တိုက်အခံ
Anonymous said...
တော်သေးတာပေါ့ဗျာ ငါ တို့ အလေးပြုတဲ့အလံဟာ သူနာပြု ဆရာလေး ရာသီသွေးနဲ့ရေးတဲ့အလံ မဖြစ်သေးလို့  ။
AUNG NAING said...
YES. THIS IS MY FLAG. IT WILL FLY ONCE AGAIN.
Anonymous said...
ရဟန်းတွေကကြောက်လို့ သိကြားမင်းအလံကိုကြည့်ခိုင်းတာမဟုတ်ဘူးကိုမိုးသီး။ နတ်စစ်သားတွေတိုက်ပွဲမှာကြောက်ရင် သိကြားမင်းရဲ့အလံကိုကြည့်ဖို့ သိကြားမင်းကအမိန့်ပေးတာ။