Monday, 8 November 2010
သင့်ကို အမိမြန်မာ ပြည်က အလိုရှိသည်။
သင့်ကို အမိမြေက အလို ရှိနေပါတယ်။ ဒီကေဘီအေ ရဲ ဘော်များနဲ့ အတူ တိုက်ပွဲဝင်လိုပါ ၀၈၁-၉၇၃-၁၉၈၂ သို့ ခေါ်ပါ။ သူတို့ ကို ငွေအား၊လူအား ၊လက်နက်အား ၀ိုင်းဝန်းကူညီပေးဖို့ လိုပါတယ်။
at 07:12
Subscribe to:
Post Comments
(
Atom
)
11 comments :
မြတ်ချို(ခ)ဖိုးချို 208 မနက်ဖြန်မဲဆောက်ရောက်မယ်။
မြတ်ချို (ခ)ဖိုးချို
မနက်ဖြန်မဲဆောက်တတ်လာမယ်။
လက်ရှိနို့ဖိုးမှာ
မြတ်ချို(ခ)ဖိုးချို 208 မနက်ဖြန်မဲဆောက်ရောက်မယ်။
မနက်ဖြန်ဆင်းလာမယ်။
0857319404
0874185251
ဆက်သွယ်လို့ရသည်။
မြတ်ချို
ဖုန်းဆက်လို့မရဘူး ကူညီခြင်နေတာကြာပေါ့ နအဖ ကိုခြတာအားပေးတယ် မိန်းမနဲ့ အရွယ်မရောက်သေးတဲ့ ကလေးရှိလို့ ငွေအားနဲ့လေလေစယ်ကူညီခြင်တယ် စက်သွယ်ရန်ကိုအသေးစိတ်ဖေါ်ပြပေးပါရန်မေတ္တာရပ်ခံပါသည်။
ကိုဖိုးချိုရဲ့စိတ်ဓါတ်ကိုတော့ အရမ်းလေးစားတယ် ကျနော်မှာ အရွယ်မရောက်သေးတဲ့ကလေးရှိနေတယ် ငွေအားနဲ့ကူညီခြင်လို့ဖုန်းခေါ်တာခေါ်လို့မရဖြစ်နေတယ် ကိုမိုးသီးခင်ဗျာ ဆက်သွယ်ရန်ကို အသေးဖေါ်ပြပေးစေလိုပါတယ်
ဒီကေဘီအေ ရဲဘော်များကိုပဲဖြစ်ဖြစ် စစ်အာဏာရှင်တိုက်ပွဲဝင်ရဲဘော်များအားလုံးဖြစ်ဖြစ်ကို တတ်နိုင်သလောက် အဝေးရောက် ရဲဘော်များအားလုံးက တတ်စွမ်းသရွှေ့ အားပေးကူညီသွားကြဖို့ကို တိုက်တွန်းပါတယ် အနီးကပ်အကူအညီပေးနေသော တိုက်ပွဲဝင်နေသောရဲဘော်များအားလုံးကိုလဲ အထူးလေးစားပါကြောင်း ကိုမိုးသီး လူထုကို ကိုယ်ထိလက်ရောက်ကူညီနေတာကို တွေ့ရတာ အရမ်းဝမ်းသာပါတယ် လိုအပ်ရင် ယူနီဖေါင်းနဲ့ တိုက်ပွဲဝင်လက်နက်နဲ့ ဟိုတုန်းက လို မြင်ချင်ပါတယ်.ခေါင်းဆောင်ကြီးမိုးသီးဇွန်ထက် ကျနော်တို့ ရဲ့ အောက်ခြေရဲဘော်ကြီး ကိုမိုးသီးဇွန်အဖြစ် အလွန်မြင်လိုပါတယ်ဗျား
ခင်မင်လေးစားစွာဖြင့်
ကိုချစ်ဖေ
ကိုမိုးသီးရေ
ကြားရကြည့်ရ ၀မ်းသာပီတိဖြစ်လိုက်တာ။ ပြည်သူတွေဒုကရောက်လို.မဟုတ်ပါဘူး။ အေဘီင်္ရဲဘော်တွေရော။ တပ်ပေါင်းစုတွေပါ အချိန်အခါကောင်းမှာ စုပေါင်း သွေးစည်းပြီးတိုက်သင့်ပါတယ်။ အဲ့ဒိလိုမှမဟုတ်ရင် ဘာမှဖြစ်လာမှာ မဟုတ်တော့ဘူး။ တကယ်တိုက်မယ်ဆိုင်ရင် ကျတော်လောလောဆယ် မတည်ငွေ ဘတ် 100000 လှူပါမယ်။ ဒီလိုတိုက်ပွဲမျိုးက ဖြစ်သင့်တာကြာနေပါပြီ။ လက်နက်ကိုင်တော်လှန်ရေး အရမ်းအားနည်းကျဆင်းသွားလို. ဒီကောင်တွေဒီလောက်အထိခံနေတာပါ။ တရားသောစစ်အောင်မြင်ပါစေ။ နအဖ ကျဆုံးပါစေ။ ပြည်သူတွေ လွတ်မြောက်ပါစေ။
လေးစားစွာဖြင့်
သင့်ရဲဘော်တဦး
တရားသောစစ်အောင်မြင်ပါစေ။
မင်းတို့ကောင်တွေ လွဲနေပြီး ။ စစ်တပ်ကို ဖြုတ်ချင်နေတာလား ။ အစိုးရကို ဖြုတ်ချင်နေတာလား ။ စစ်တပ်ဆိုတာ နိုင်ငံရဲ့ ဖွဲ့စည်းထားတဲ့ အဖွဲ့အစည်း ။ ခင်ဗျာတို့ပြောသလို ဘာအဖွဲ့အစည်းတွေ ဘယ်လိုပဲ စုပြီး တိုက်တိုက် ပြုတ်မှာမဟုတ်ဘူး။
ခင်ဗျာ့တို့ လုပ်ချင်တာက ဘာလဲ ။ ဒီမိုကရေစီလိုချင်တာလား ။ စစ်အစိုးရပြုတ်ချင်တာလား။ ဖက်ဒရယ်မူကိုလိုချင်တာလား။ ဘာလုပ်ချင်တာလဲ ။ အခု ခင်ဗျာ့တို့လုပ်နေတာက ဘာလဲ။ ဒီကေဘီအေ အဖွဲ့က စတင်ဖွဲ့စည်တုန်းက ဘာအဓိပ္ပာယ်နဲ့ဖွဲ့စည်းခဲ့တာလဲ ။ KNU ကကော ဘာအတွက် ဖွဲ့စည်းပြီး ဘာအတွက် ဘယ်သူကို တွန်းလှန်နေတာလဲ ။ စစ်အစိုးရပြုတ်ကျဖို့လား ။ ခင်ဗျာ့တို့ လိုချင်နေတဲ့ ဒီမိုကရေစီကိုရဖို့လား ။ စစ်တပ်ဆိုတဲ့ အဖွဲ့အစည်းကို ဖြုတ်ချဖို့လား ။ ဘာကို ဘာအတွက်လဲ ။ ဘယ်အစိုးရတက်တက် ဆက်တိုက်နေမှာလား ။ ဒေါ်အောင်ဆန်းဆုကြည် အစိုးရတက်လာရင်ကော ဒီအဖွဲ့အစည်းတွေက ဆက်ပြီးတိုက်နေဦးမှာလား ။ ခင်ဗျာ့တို့ထောက်ပံ့နေတာကကော ဘာအတွက်လဲ ။ အခုဖြစ်နေကြတဲ့ စစ်ပွဲတွေမှာ ဘယ်ဘက်က ဖြစ်ဖြစ် ခင်ဗျာ့တို့တွေရဲ့ ဆွေးမျိုးသားချင်းထဲက တစ်ယောက်ယောက်ဆိုရင် ဘယ်လိုလုပ်မလဲ ။ ခင်ဗျာ့တို့က ခုံလေးပေါ်မှာ ထိုင်ပြီး ဟိုဟာလုပ်ပါ ဒီဟာလုပ်ပါဆိုပြီး အော်နေကြတယ် ။ တကယ်တမ်းတိုက်ရတာက ခင်ဗျာ့တို့မဟုတ်ဘူး ။ ပြီးရင် အချိန်တန်ရင် ဖင်ဖုတ်ဖက်ခါပြီး အိပ်နေလို့လည်းရတယ် ။ ကိုယ့်မိသားစုနဲ့ ပျော်ပျော်နေနေလို့လည်းရတယ် ။ တကယ်တမ်းတိုက်နေရတဲ့လူတွေကကော တိုက်ချင်လို့တိုက်နေတာလား ။ သူတို့မှာကော မိသားစုမရှိတော့ဘူးလား ။ အမိန့်တစ်ခုဆိုတာရဲ့ အောက်မှာ လိုက်လုပ်နေရတဲ့ လူတွေကြီးပါပဲဗျာ။ ဘယ်အဖွဲ့အစည်းရယ်ဆိုပြီး ပြောနေတာ မဟုတ်ပါဘူး ။ အဖွဲ့အစည်းတစ်ခုတည်းမှာ နေနေပြီးဆိုကတည်းက ဘာလုပ်လုပ် အဖွဲ့အစည်းရဲ့ အမိန့်အောက်မှာ လုပ်နေကြတဲ့လူတွေပါပဲ။ ခင်ဗျာတို့လုပ်သင့်တာကိုပဲ လုပ်ပါ ။ ဘာစစ်မှ မဖြစ်ပဲ အေးအေးချမ်းချမ်းနဲ့ စစ်အေးတိုက်ပွဲနဲ့ တိုက်ပါ ။ နိုင်ငံတကာမှာ ပြည်တွင်းရေးကို ဘယ်လိုဖြေရှင်းနေလည်းဆိုတာ သေချာလေ့လာကြပါဦး ။ အခုခင်ဗျာတို့မှာ လုပ်ပိုင်ခွင့်တွေရှိနေပြီပဲ ။အခုပေးမယ့် ဒီမိုကရေစီဟာ အတုဆိုရင် ကိုယ်ကိုတိုင်ပါတီထောာင် ကိုယ်ကိုတိုင် အမတ်လုပ် ၊ ဝင်ရောက်ရှင်ပြိုင် ကိုယ်ကိုကိုတိုင် အဖွဲ့အစည်းတစ်ခုရဲ့ ခေါင်းဆောင် ကျုပ်တို့နိုင်ငံရဲ့ ခေါင်းဆောင်ဖြစ်လာပြီဆိုရင် ကိုယ်လိုချင်တဲ့ မူတစ်ခုကို တည်ဆောင် ၊ လူအများအတွက်ဖြစ်သင့်တဲ့ နည်းလမ်းဥပဒေကိုရှာပြီး တည်ဆောက်ပေါ့ဗျာ ။ အခု ပေးမယ့် ဒီမိုကရေစီဟာ အတုဆိုရင် ခင်ဗျာ့တို့လက်ထက်မှာ အစစ်ဖြစ်အောင်လုပ်ပေါ့ဗျာ ။ ခုံပေါ်ထိုင်ပြီး လျှောက်အော်နေမယ်ဆိုရင်တော့ ။ ခေါင်းဆောင်ဆိုတဲ့ လူတစ်ယောက်ရဲ့ အောက်မှာ မဖြစ်သင့်တဲ့ တိုက်ပွဲနဲ့ မဖြစ်သင့်တဲ့ လုပ်ရပ်တွေက ဆက်ရှိနေမှာပဲ။ ခင်ဗျာ့တို့ တတ်ပါတယ်ဆိုတဲ့ ပညာတွေကို ဘယ်လို အတွေးအခေါ်နဲ့ လုပ်မလည်းပဲ သေချာစဉ်းစားပါဗျာ ။ အခုဖြစ်နေတဲ့ တိုက်ပွဲတွေကြောင့် သေသွားတဲ့လူတွေဟာ ကိုယ့်ညီ ကိုယ့်မောင် ကိုယ့်အကို ကိုယ့်ဦးလေ တစ်ယောက်ယောက်ဖြစ်နေနိုင်တယ်ဆိုတာလဲ မမေ့ပါနဲ့ ။ စစ်တပ်ဘက်ကနေပြောတာ မဟုတ်ပါဘူး ။ နှစ်ဖက်အဖွဲ့အစည်းဘက်ကနေပြောတာပါ ။ သေချာလည်း စဉ်းစားကြပါဦး ။
တရားရေအေးလာတိုက်မနေစမ်းပါနဲ့ဗျာ စစ်တပ်ကိုတိုက်လို့ပြုတ်တာမပြုတ်တာ ကိုယ့်အလုပ်မဟုတ်ဘူး ကိုယ်မဆော်ရင်သူကဆော်မှာပဲ ပြည်သူတွေကတော့သေနပ်ဗလာမို့လို့ စစ်တပ်ကပြုသမျှနုရတယ် အခုလက်နက်ကိုင်ထားတဲ့ အဖွဲ့တွေကနုစရာမလိုပါဘူးဗျာ ပြန်ချရမှာပဲ ဒီမိုကရေစီဘာညာ သဘောထားရေးရာတွေခဏဘေးဖယ်ထား အနည်းဆုံးအနေနဲ့ နယ်မြေဒေသတွင်းမှာ လက်နက်ကိုင်ထားသူအချင်းချင်း ခေါင်းပေါ်ချီးတက်ပါလို့မရဘူးဆိုတာသိရအောင်တော့ တိုက်ရမှာဘဲ တစ်နိုင်ငံလုံး တရားပွဲတွေမြိုင်မြိုင်ဆိုင်ဆိုင် ကျင်းပရုံနဲ့တော့ ဒီမိုကရေစီ ဘယ်တော့မှမရဘူးကိုယ့်လူ ....
Post a Comment