Monday, 15 November 2010

ဒေါ်အောင်ဆန်းစုကြည်ကို လေးစားယုံကြည်တယ်လို့ ဗိုလ်မှူးချုပ် စောလားဘွယ်ပြောဆို

ဆုံဆည်းရာဘလော့၊ ၁၅ ရက် နိုဝင်ဘာလ ၂၀၁၀

ဒေါ်အောင်ဆန်းစုကြည်က အမျိုးသား ရင်ကြားစေ့ရေး ဆက်လုပ်မယ်ဟု ပြောဆိုလိုက်ချိန်မှာ ဒီကေဘီအေမှ ဗိုလ်မှူးချုပ်စောလားဘွယ်က ဒေါ်အောင်ဆန်းစုကြည်ကို လေးစား ယုံကြည် တယ်လို့ ပြောဆိုလိုက်ပါတယ်။

ယခုလတ်တတော့ တိုက်ပွဲအခြေအနေ၊ တိုင်းရင်းသားအရေး၊ နိုင်ငံရေးအခြေအနေကို တွေကို ဗိုလ်မှူးချုပ် စောလားဘွယ်က ယခုလို ပြောဆို လိုက်ပါတယ်။

“ဒေါ်အောင်ဆန်းစုကြည်ကို ကျွန်တော် ချစ်ခင်လေးစားတယ်။ ယုံကြည်တယ်။ ဒီမိုကရေစီကို ကျွန်တော် ကြိုက်တယ်။ ဒီမိုကရေစီကို အရင်ရအောင် မလုပ်ပဲနဲ့ တိုင်းရင်းသားတွေကို ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်တို့၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်တို့၊ တန်းတူ အခွင့်ရေးတို့ဆိုတာ မရနိုင်ဘူး။ အားလုံး ဒီမိုကရေစီ ခေါင်းစဉ်အောက်မှာ ညီညီညွတ်ညွတ်နဲ့လုပ်ရင် အောင်မြင်မူပန်းတိုင် ရကို ရရမယ်။ တိုင်းရင်းသားတွေ ညီညွတ်ပြီး တိုက်ရင် ကောင်းတယ် ။

မြ၀တီကို ကျွန်တော်တို့ တိုက်တုံးက နအဖ အင်အားက ၈၀ လောက်ပဲရှိတယ်။ ကျွန်တော်တို့က သူတို့ထက် အင်အားများတယ်။ တိုက်ပွဲစ ဖြစ်တာနဲ့ ကျွန်တော်တို့က လက်နက်ငယ်တွေနဲ့ သူတို့ကိုပဲ ထိအောင်ပစ်တာ၊ သူတို့က လက်နက်ကြီးတွေနဲ့ ထင်သလိုပစ်တာ လူထုတွေထိကုန်တယ်။ ကျွန်တော် တော်တော် စိတ်မကောင်းဘူး။ ထိုင်းဖက်ကိုလဲ သူတိုပဲ ပစ်တာ။ ဆက်ပြီး မြ၀တီ ကိုထိန်းထားရင် ရပင်မဲ့ လူထုထိမှာကြောင့်လို့ ကျွန်တော်တို့ အစီစဉ် ရှိရှိနဲ့ပဲ ဆုတ်ခွာပေးလိုက်တာပါ။ သေဆုံးသွားတဲ့ မြ၀တီက လူထုတွေအတွက် ကျွန်တော် စိတ်မကောင်းပါဘူး။ အခုလဲ မြ၀တီကို ဆုတ်ပေးလိုက်ပင်မဲ့ ကျန်တဲ့နေရာတွေမှာ တိုက်ပွဲတွေ ဆက်ဖေါ်သွားမယ် ဆက်တိုက်သွားပါ့မယ်။ နေ့စဉ်လိုလို ဘုရားသုံးဆူ၊ ဝေလေ နဲ့ ကြားခံနေရာတွေမှာ တိုက်ပွဲတွေ ရှိနေပါသေးတယ်။ တိုင်းရင်းသားတွေ တပ်ပေါင်းစုတွေလဲ ညီညီညာညာနဲ့ ၀ိုင်းတိုက်ကြပါ အတွင်းအပြင် စည်းစည်းလုံးလုံး ရှိကြရင်ကောင်းမယ်။ ကျွန်တော်တို့ကို တတ်နိုင်တဲ့ ဖက်က ၀ိုင်းကူညီ ကြပါ။

ကျွန်တော် ငတ်ပျက်နေတဲ့ ပြည်သူလူထုကို စာနာတယ်။ နအဖ ရဲဘော်လေးတွေကိုလဲ သနားတယ်။ တပ်မှာ ဘာမှ မရှိကြဘူး။ တချို့ဆို ဘောင်းဘီတိုလေးတွေနဲ့ ကျွန်တော်သူတို့ကိုပါ ယူနီဖောင်းတွေ ထုတ်ပေးတယ်။ သူတို့ အရာရှိတချို့ကိုတော့မကြိုက်ဘူး။ ကျွန်တော်တို့အပေါ် နားလည်တဲ့ အရာရှိတွေလဲ ရှိတယ်။ အခု တက်လာတဲ့ တိုင်းမှူးက ကျွန်တော်ဆီကို ဖုန်းဆက်တော့ ဟေ့ကောင် ဘာညာနဲ့ သိပ်မိုက်ရိုင်းတယ်။ မင်းဘာတွေ လုပ်တာလဲ ဘာညာနဲ့ ဒါနဲ့ ကျွန်တော်ဖုန်း လုံးဝမဖွင့်တော့ဘူး။ ကျွန်တော် ဘာလုပ်လဲ မေးဖို့ထက်။ သူတို့ မှားနေတယ် ဆိုတာကို သူတို့ သိသင့်တယ်။ ၁၅ နှစ်တောင် သူတို့နဲ့ တွဲလုပ်ခဲတာ ကျွန်တော်တို့ သိပြီ ၊ သူတို့တွေ မရိုးသားဘူး။ သိပ် လူလည်ကျတယ်။

နအဖ က ကျွန်တော်တို့ကို အပေါ်ပေးတဲ့ နိုင်ငံရေး အခွင့်အရေးဆိုတာ အသက်ရှူ ခွင့်ပဲ ပေးတာပါ ။ အသက်ရှည်ခွင့်ပေးတာ မဟုတ်ဘူး။ အခု နယ်ခြားစောင့်တပ် လုပ်လိုက်ရင် အသက်ရှူခွင့်တောင် သေချာမှာ မဟုတ်ပါဘူး။ ကျွန်တော်တို့ လူထုအတွက် ကောင်းရာကောင်းကျိုး ဘာမှ လုပ်ခွင့်ရှိတော့မှာ မဟုတ်ဖူး။

7 comments :

Anonymous said...

ဗိုလ်မှူးချုပ်စောလားဘွယ်ပြောတဲ့အချက်တွေမှာ မှားတာတွေတော့ တခုမှမပါဘူး။ဒီအစိုးရကို ဘယ်သူမှမယုံတော့ဘူး။ သူတို့ ဟာသူတို့ တောင်မယုံလို့ တပ်တွင်းပြောင်းလဲရေးတွေတောင်လုပ်နေတာပဲ။ တိုက်ပါ။ဒါပေမယ့် စစ်ဗျူဟာစနစ်တကျရှိပါ။ ဗီယက်နမ်တွေ အမေရိကန်တပ်တွေကို ပြောက်ကျားစနစ်နဲ့ တိုက်ခိုက်ခဲ့တာကို ဂရုပြုပါ။ အသက်တွေအလကားဆုံးရုံးဖို့ အချိန်မဟုတ်တော့ဘူး။ ဒေါ်စုဟာ အစိုးရတပ်ဖွဲ့ ဖို့ ပြင်ဆင်သင့်ပါပြီ။ ကွင်းဆင်းမူတွေနဲ့ တင် ရှေ့မရောက်နိုင်ပဲ နေအိမ်အကျယ်ချုပ်ဖြစ်ခဲ့တာအတော်များပါတယ်။ ဒီပဲယင်းကအစပါပဲ။လူထုကိုကွင်းဆင်းဖို့ မလိုအပ်တော့ဘူးလို့ ထင်မြင်မိပါတယ်။ အချိန်ဟာ သိပ်ကိုအရေးကြီးပါတယ်။ လွတ်ကျခဲ့တဲ့ ၉၀ နှစ်နောက်ပိုင်းတွေမှာ ဆုံးရုံးမူအများစုဟာ အစိုးရဖွဲ့ ဖို့ ဒါမှမဟုတ် အခြေခံလမ်းစဉ်တွေ စဖောက်ဖို့ နှောက့်နှေးခဲ့တာတွေ အများကြီးပါ ပါတယ်။ အားပေးတဲ့လူစု ၁ သိန်းမှာ လူဆင်းရဲတန်းစာ ၉ သောင်းလောက်ရှိနေပါတယ်။ ပြတ်ပြတ်သားသားလုပ်ဖို့ လိုပါတယ်။ဒေါ်စုကို ဝေဖန်တာမဟုတ်ပါ။ လူလတ်တန်းစားနဲ့ လူဆင်းရဲတန်းစားများမှ လူများ ကျောင်းသားများ အသက်ကိုထပ်မဆုံးရုံးချင်စေတော့ပါ။ အသက်တွေအများကြီးပေးခဲ့ပြီးပါပြီ။

Anonymous said...

i admire all of u guys! cheers!

Anonymous said...

I really respect the honest brave karean General.Karean guriellas r one of the best fighter in south east asia.I m Burmese.

Anonymous said...

ပြောတဲ့သူတွေကလဲကြည့်ပြီးပြောကြပါ။
ကရင်ပြည်နယ်မှာ ခင်ဗျားတို့ ကျွှန်တော်တို့မသိတဲ့ လုပ်ရပ်တွေ စိတ်ဆင်းရဲစရာ..စိတ်ထိခိုက်ဖို့ကောင်းတဲ့လုပ်ရပ်တွေကို နအဖကနေပြီးတော့ စနစ်တကျလုပ်နေတာတွေကိုမျက်ကွယ်ပြုပြီး ဖထီးတို့က လက်နက်ချပြီးသာမန်ပြည်သူတွေလို လုပ်မယ်ဆိုရင် ကျားရှေ့မှောက်ရပ်လဲတာတောင် တော်ကာကျပါဦးမယ်
အခုဟာက ဖထီးတို့က ယုံကြည်ချက်နဲ့တိုက်ပွဲဝင်နေတာပါ။ သူတို့ကိုဘာလုပ်ပါညာလုပ်ပါပြောနေမယ့်အစား သိချင်ရင်မဲဆောင် နဲ့မြဝတီ နယ်စယ်တလျှောက်ကိုသေချာလေ့လာကြည့်ပါအုံးလို့အကြံပြုချင်ပါတယ်..

maung said...

မှန်တယ်ဗျာ ဖထီးလုပ်ရပ်တော့ကြိုက်သွားပြီ ဖထီးမှန်တယ် နအဖဗိုလ်ချုပ်တွေ စစ်သား မဟုတ်ဘူး ယောကျာ်းမဟုတ်ဘူး ယောက်ပြားတွေ

Anonymous said...

i agree the first comment.Many people have been already killed for nonviolent.She said everybody must do politics.what does it mean?She want to march the people on the road again?I dont want to see the dead people on the road for nonviolent.Nonviolent doesent work.We have already given many lifes on the road and in jails for non violent.

Anonymous said...

Yes. If junta expects another wave of street demonstrations, they are seriously mistaken. The days of marching on the street and shouting slogans are long over. We have been naive. It ended in 1962.

Think about it. Do we want to stay under the guns and boots for another 60 years? Do we want to let our children suffer like us, our parents and grand parents has suffered?

Or. Get rid of Junta. And, we will rebuild the country with our bare hands from scratch for another 60 years.

Live Free or Die.