ရွေးကောက်ပွဲရဲ့ အကြီးမားဆုံးရလဒ်ကတော့ ပြည်တွင်းစစ်ကြီးကိုသတိရစေတာပဲဖြစ်ပါတယ်။ အိမ်နီးချင်းနိုင်ငံ တချို့က အေး အေးချမ်းချမ်း ရွေးကောက်ပွဲကြီးပြီးသွားပါတယ်။ အခြေအနေအရပ်ရပ်ကို ခေါင်းစောင့်ကြည့်ကြရ မှာဖြစ်ပါတယ်။ စသည်ဖြင့်အသံ တွေထွက်လာခဲ့ပါတယ်။
တကယ်လက်တွေ့ကျကျမြက်ဝါးထင်ထင် ထွက်လာခဲ့ထာကတော့ စစ်ပြေးဒုက္ခသည် သိန်းချီပြီးထွက်ပြေးခဲ့ရ တာပါပဲ။ မြဝတီ၊ ဘု ရားသုံးဆူနဲ့ ကရင်ပြည်နယ်တလျှောက်မှာ အိုးပစ်အိမ်ပစ် ကျောင်းပစ်လယ်ပစ် အသက်မွေး ဝမ်းကျောင်းလုပ်ငန်းတွေကိုပစ်ပြီး အ ဝတ်တထည် ကိုယ်တခု နဲ့ အရပ်သားတွေး တိုင်းရင်သားတွေ ထိုင်းနိုင်ငံ နယ်စပ်မှာ ရွေးကောက်ပွဲကြီးရဲ့ အကျိုးတရားကို ခါးစည် ခံစားနေရပြီဖြစ်ပါတယ်။
အရပ်သား ကလေးလူငယ်နဲ့ သံဍကျပ်ဃာတော်များပါမကျန် လက်နက်ကြီးထိမှန် ဒဏ်ရာရ၊ သေဆုံးမှုတွေရှိနေ ပါတယ်။ မြဝတီ ဆေးရုံ၊ မယ်တော်ကျောင်းသားဆေးခန်း နှင့် မဲဆောက်ဆေးရုံကြီးတို့မှာ ကုသနေရတဲ့ ဒဏ်ရာ ပြင်းထန်သူများလည်းရှိနေသေးပါ သေးတယ်။
လူသားချင်းစာနာထောက်ထားစိတ်နဲ့ ၈ ရာက်နေ့တိုက်ပွဲတွေ စဖြစ်ကတည်းက ကူညီကယ်သူတွေပေါခဲ့ပါတယ်။ ထိုင်းအစိုးရက လည်း စစ်တပ်ဝင်းတခုထဲမှာ နေရာပေးပြီး စောင့်ရှောက်ခဲ့ပါတယ်။ ထိုင်းလူမျိုးအရပ်သားလူကြီး သူမတွေကလည်း တနိုင်တပိုင် ကျွေးမွေးစောင့်ရှောက်မှုတွေစတင်ခဲ့ပါတယ်။ အလှူရှင်အစုအဖွဲ့တွေ လည်းတ ဖြေးဖြေးရောက်ရှိလာကြပါတယ်။
လူအသေအပျောက်တွေ ရှိနေတဲ့ဒီစစ်ပွကို မိမိတို့နဲ့မဆိုင်သလို မနေနိုင်တဲ့ သူတွေဟာ အရင်ဆုံးရောက်ရှိကူညီ သူတွေဖြစ်လာပါ တယ်။ ဒါဟာနှစ်ပေါင်းများစွာအတွင်းမှာ စစ်အဏာရှင်တွေကို သိသိသာသာ ထင်ထင်ရှားရှား ပြန်လည်တိုက်ခိုက်တဲ့တိုက်ပွဲဖြစ်ပါ တယ်။
ရွေးကောက်ပွဲလုပ်တဲ့ (၇) ရက်နေ့မှာ လက်နက်တွေကိုင်ပြီး ဆန္ဒပြခဲ့တဲ့ဆန္ဒပြပွဲကြီးကနေ လတ်တလောအခြေ အနေတွေစတင်ခဲ့ တာပါ။ တရားမျှတ မှုမရှိတဲ့ရွေးရာက်ပွဲကြီးနဲ့ တဖက်သတ်ပြဋ္ဌါန်းမှု အစီအစဉ်တွေကိုနိုင်ငံရေး နည်းနဲ့ ဖြေရှင်းခွင့်မရခဲ့ကြပါဖူး။ နယ် ခြားစောင့်တပ်ဖွဲ့ရမယ်ဆိုတဲ့ရာဇသံ ကိုပြေလည်တဲ့နည်းနဲ့ ဖြေရှင်းခွင့်မ ပေးခဲ့ပါဘူး။ လူမျိုးတမျိုး၊ လူသားတယောက်၊ လူ့ဂုဏ်သိ က္ခာတရပ်အနေနဲ့ပဲဖြစ်ဖြစ် လူတိုင်းမှာခုခံကာကွယ်ခွင့် တိတိပပရှိပါတယ်။
Thursday, 11 November 2010
Subscribe to:
Post Comments
(
Atom
)
2 comments :
I sincerely thank the NGOs and Thai Government that are helping out the people in need.
if thousands of displaced people going into China, what will Chinease government do? Can they still say Burma's political unstability hasn't threatern to the neighboring countries? very interesting fact..
Post a Comment