Wednesday, 10 November 2010

နိုဝင်ဘာလ၁၁ ရက် တိုက်ပွဲ သတင်း

ဘုရားသုံးဆူဒေသတွင် ယနေ့မနက် ၄ နာရီကျော်က စပြီး တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေပါတယ်။ ယခုအချိန်အထိ ပစ်ခတ်မှုများ ဖြစ်ပေါ်နေပြီး ဒီကေဘီအေ ဘက်မှ တပ်ရင်း ၉၀၆ နဲ့ ၉၀၇ တို့ဖြစ်ပြီး နအဖ စစ်တပ် ဘက်မှ တပ်မ ၄၄ လက်အောက်ခံ ခလရ ၂၈၃ နဲ့ ခမရ ၄၀၅ တို့ တဖက်နဲ့တဖက် အပြန်အလှန်ပစ်ခတ်နေတာပါ။ ဘုရားသုံးဆူဒေသဘက်ကို နအဖ ဘက်မှ တပ်မ ၂၂ ကို စစ်ကူလွှတ်ထားလို့လည်း နောက်ဆုံးရ သတင်းများအရ သိရှိရသည်။

ယခုချိန်ထိ အပြန်အလှန် လက်နက်ကြီးများဖြင့် အဆက်မပြတ်ပစ်ခတ်မှု့မှာ အလုံးလေးဆယ် ကျော်ပြီဟုသိရှိရပါသည်။ မနေ့ကအချိန်အထိတော့ ဒီကေဘီအေဖက်မှ အကျအဆုံးမရှိသေသော်လည်း ဇွတ်အတင်းတက်လာသော နအဖ စစ်သားများ မှာ DKBA နှင့် မဟာမိတ်တပ်များ ဧ။် အပေါ်စီးမှ နေရာယူပစ်ခတ်မှု့များကြောင့် အကျအဆုံးများကြောင်း သိရပါသည်။

1 comment :

Anonymous said...

Only oneway to get 100% democracy is fighting.
non violent does not work.