ညီအကိုမောင်နှမ အပေါင်းတို့ 
စစ်အုပ်စုရဲ့ ကမ်းကုန်အောင်ယုတ်မာ ရက်စက်မှုတွေကို ဖေါ်ပြဖို့  ကျနော်မှာ စကားလုံးမရှိတော့ပါဘူး။
ကျနော်ရဲ့ အကောင်းဆုံးစကား လုံးတွေက ခင်ဗျား ရဲ့  နာကျည်းချက်ကို ကိုယ်စားမပြုနိင်တော့ပါဘူး။
ခင်ဗျား ကိုယ်တိုင်က မျက်မြင်သက်သေဖြစ်နေပါပြီ။ တခုပဲ ကျနော် ပြောပါရစေ-
ဒီအချိန်ဟာ ကျနော်ဒို့  လက်ပိုက်ကြည့်နေရမဲ့အချိန်မဟုတ်တော့ဘူး။ သိုးကလေးတွေလို လည်စင်းခံရတော့မယ်အချိန်မဟုတ်တော့ဘူး။ ဘယ်သူခေါင်းဆောင်မလဲလို့ မျှော်နေရမဲ့အချိန်မဟုတ်တော့ဘူး။ ရှုံးသွားတဲ့မဲတွေကို ပြန်ရေပေးပါလို့ မေတ္တာရပ်ခံရတော့မဲ့အချိန်မဟုတ်တော့ဘူး။ ငါဒို့ ဒဏ်ရာကိုပြပြီး ကမ္ဘာကြီးကို မေတ္တာရပ်ခံရတော့မဲ့အချိန်မဟုတ်တော့ဘူး။ ငါဒို့ ဟာ ကိုယ်ကံကြမ္မာကိုကိုယ်ဖန်တီးရတော့မဲ့အချိန်ဖြစ်တယ်။
တပြည်လုံးတော်လှန် တပြည်လုံးအောင်ပွဲခံရတော့မဲ့အချိန်ဖြစ်နေပါပြီ။
လက်နက် မရှိလို့ စိတ်ပျက်အားငယ်နေပါသလား ။ ကျနော်တို့ မှာ နှလုံးသားနဲ့ ဦးဏောက်အပြင်
ကျနော်တို့ မှာလက်တွေရှိတယ်။
ဒါးလှံ၊ ပေါက်တူး၊ တူရွင်း၊ တူမီး၊ ဒူုးလေး ၊ မီးခြစ်တွေဟာ ဆွေးမြေ့ နေတဲ့ သန်းရွှေစစ်အုပ်စုယန္တာယားကို
တူးဖြို ချဖို့ ၊ မီးလောင်ပြာကျစေဖို့ လုံလောက်တဲ့လက်နက်တွေဖြစ်တယ်။
ပြည်သူတရပ်လုံး ညီညွတ်ရင် ဘယ်အာဏာမရှင်ကိုဆို တော်လှန်ဖြုတ်ချနိင်တယ်ဆိုတာ ၈၈ သမိုင်း အတွေ့ ကြုံ က ကျနော်တို့ ကို သင်္ခန်းစာပေးခဲ့ပြီးပါပြီ။
ခင်ဗျားတို့ ကျနော်တို့  တညီတညာတည်း ကြွေးကြော်လိုက်တဲ့ အသံ၊ မြ၀တီ နဲ့  ဘုရားသုံးဆူ က ပြစ်ပေါက်လိုက်တဲ့ သေနပ်သံတွေက အောင်ပွဲတပ်လှန်သံတွေဖြစ်ပါတယ်။ ပြည်သူတရပ်လုံးရဲ့  အုံကြွ တောင်းဆို တိုက်ပွဲဝင်သံ ဟာ ရောဝတီမြစ်ကို ဒီကြွရစေမယ်။
ဒီအသံတွေကို ဖေါက်ပြန်သူ သန်းရွှေ စစ်အုပ်စုဟာ ရေစိုနေတဲ့ခွေးတကောင်လို တုန်လှုပ်ခြောက်ခြားသွေးပျက်သွား ရစေမယ်။
အမှန်တရားနဲ့  အောင်ပွဲဟာ ခင်ဗျားတို့ ကျနော်တို့ ရဲ့ လက်တကမ်းမှာပဲရှိတော့တယ်။
တပြည်လုံးတော်လှန် တပြည်လုံးအောင်ပွဲခံကြပါစို့ ။
မိုးသီးဇွန်
လူထုတိုက်ပွဲကော်မတီ
3 comments :
လေးစားဂုဏ်ယူပါတယ် အကို ကိုမိုးသီး... တရားသောစစ်အောင်မြင်ပါစေ... အကိုမိုးသီးဟာ ကျွန်တော်တို့ကျောင်းသားလူငယ်တွေရဲ့ သူရဲကောင်း တစ်ယောက်ပါပဲ... မြန်မာပြည်သူအားလုံးကိုယ်စား ကိုမိုးသီးနဲ့အဖွဲ့ကို ကျေးဇူးတင်ပါတယ်။
ဘာလို့လဲ ကိုမိုးသီးရဲ့ ..ခု မြ၀တီက ပြည်သူတွေ ထိုင်းဘက်ရောက်တာ..ဘယ်သူ့ ကြောင့်လဲ...နအဖ ကြောင့်လား DKBA ကြောင့်လား..သေချာပြောပြအုံးနော်...ပြီးမှ စစ်မှန်တဲ့  သဘေားထားကို တင်ပြပါ..ကိုမိုးသီး ပြည်သူတွေကို ထိုင်းဘက် ခေါ်နေတာ တော့ တွေ့ တယ်..လေးစားတယ် ..တကယ်ပါ...ဒါပေမဲ့ အဲစေတနာရဲ့ နောက်ကွယ်က အမှောင်ထုကို တော့ သိပါရစေ..လေးစားလျက်..
ကိုမိုးသီးရေ(နအဖ)ကိုပုဆိုးခြုံထဲကနေလက်သီးပြပြီး၊ဖယ်ဒရယ်ပြည်ထောင်စုအကြောင်းပြောလိုက်၊လူမျိုးအတွက်တော်လှန်ရေးကြီးဆင်နွဲနေပါတယ်လို့ပြောလိုက်လုက်နေတဲ့၊လူမျိုးအပေါ်လိမ်ညာနေတဲ့တော်လှန်ရေးသမားကြီးတွေကိုကျေးဇူးပြုပြီးပြောပြပေးပါဗျာ၊နောက်ထပ်မလိမ်ညာကြပါတော့နဲ့လို့၊ဗိုလ်နုပ်ခမ်းမွှေးတို့လိုလူမျိုးမှ၊သူရဲကောင်းဆိုပြီး၊လူမျိုးစုတွေကလက်ခံတာလို့၊ရှေ့ကတိုက်ပြတာကို၊နောက်ကလိုက်မတိုက်ဘဲ၊ရုပ်ရှင်ဇတ်ကားတခုလိုထိုင်ကြည့်နေပြီး၊ဒို့လူမျိုးတွေအတွက်တော်လှန်ရေးလုပ်နေပါတယ်ဆိုတဲ့တော်လှန်ရေးသမားများ(နအဖ)ကိုပုဆိုးခြုံထဲကလက်သီးပြနေရင်(နအဖ)ကထိုင်ခုံပေါ်ကနေပြုံးပြုံးကြီးထိုင်ကြည့်နေမယ်ဆိုတာသိထားအောင်ကျေးဇူးပြုပြီးပြောညပပေးပါဗျာ။
Post a Comment