Sunday, 7 November 2010

ဘူးလှုပ်ရှားမှုကြီး အောင်မြင်သွား ပြီ

တပြည်လုံးမှာ မဲရုံတွေခြောက်ကပ်သွားအောင် မဲ လာမပေးကြပါဘူး။  ဘူးလှုပ်ရှားမှုအောင်မြင်တယ်လို့ ပြောရမှာဖြစ်ပါတယ်။ မဲမပေးကြဖို့ ဆက်လက်လှုံ့ ဆော်ကြပါလို့ မေတ္တာရပ်ခံပါတယ်။

3 comments :

မောင်မောင်ဘူး said...

ဘူး ကျရှုံးသွားပါပီ၊ ပြည်တွင်းကို ပြည်သူတွေကို ဆက်သွယ်မေးကြည့်ပါ၊ အများစု ဆန္ဒ ပါမပါ သိရပါလိမ့်မယ်။ စိတ်တော့ မကောင်းပါဘူး၊ ဘူး ကျရှုံးသွားပီ။

Anonymous said...

မဲပေးပေး မပေးပေး သူတို့လုပ်ချင်ရာလုပ်မှာပဲ...ဒီ ၂၀၁၀က ဘာမှပြောင်းလဲစရာ အကြောင်းမရှိဘူး....ဘူးလှုပ်ရှားမှုကြီး အောင်မြင်သွားပြီဆိုရင်..နောက်ထပ်ဘာလုပ်မလဲ...အတွင်းမှာရှိတဲ့ ဒီချူပ်က ဘာဗျူဟာရှိလဲ...မဖြစ်နိုင်တဲ့ ဗျူဟာကို လည်း မဖော်သင့်ဘူး..realism ကျဖို့လိုတယ်.....နအဖက ဘာပဲလုပ်လုပ် သူတို့ သက်ဆိုးရှည်ဖို့အတွက်ကို စဉ်းစားပြီးလုပ်မှာပဲ...နအဖက ရွေးကောက်ပွဲလို့ အသံဟစ် အနံ့ပေးလိုက်တာနဲ့ အဲဒီ အနံ့ကို လိုက်ကျတယ်....နအဖ စွဲခေါ်ရာကိုပဲ အတိုက်အခံတွေက လိုက်နေရတယ်...သူတို့ဆွဲခေါ်တဲ့ နောက်ကို လိုက်ပြီးဖျက်နေသလိုဖြစ်နေတယ်...အတိုက်အခံအဖွဲ့မှာ ဘာမှ မည်မည်ရရ နည်းဗျူဟာမရှိဘူး...နအဖကို ဆွဲခေါ်နိုင်မယ့်ဟာ ကိုယ့်နောက်ကို ကြောက်ပြီးလိုက်ပါနိုင်မယ့်ဗျူဟာကို မဆွဲနိုင်ကြဘူး...အတွင်းနဲ့အပြင်အတိုက်အခံအဖွဲ့ဟာ ပြိုကျနေပြီလို့ ဆိုရမယ်....ဒီစစ်တပ်ကပဲ ထပ်အုပ်ချူပ်အုံးမယ်....အိမ်နီးနားချင်းနဲ့ တခြားတိုင်းပြည်တွေကလည်း.....နအဖ သက်ဆိုးရှည်ရေးကိုပဲ....ကျားကန်ပေးထားတယ်....နယ်စပ် အတိုက်အခံအဖွဲ့ကလည်း...နအဖ သက်ဆိုးရှည်တာနဲ့အမျှ...သူတို့ ကိုယ်ကျိုးစီးပွားတွေကလည်း တိုးသထက်တိုးလာနေတယ်....ကဲ ကိုယ့်က ဦးဆောင်မယ့် ကိုက ဆွဲခေါ်မယ့်...နအဖလိုက်ပါနိုင်မယ့် ဗျူဟာကို ဘယ်လိုဆွဲမလဲ....Realism ကျဖို့လိုတယ်...ဗျူဟာကို ချမှတ်တဲ့အခါ နာကျည်းချက် စိတ်ခံစားချက်တွေမပါပဲ realism ကျကျ ချပြဖို့လိုတယ်.....