Monday, 15 November 2010

လူထုကြီးနှင့် ဒေါ်အောင်ဆန်းစုကြည် ၏ ၁၅ ရက်နေ့အခြေအနေ

ဒေါ်အောင်ဆန်းစုကြည်ဟာ လွတ်မြောက်ပြီးပြီးချင်းမှာပဲ ဒီနေ့ အန်အယ်
ဒီ အဖွဲ့ စီအီစီ လူကြီးများနဲ့ရော သံတမန်များနဲ့ပါ တွေ့ဆုံဖို့ရှိကြောင်းကြားရပါသည်။

သင်္ဃန်းကျွန်းနှင့် တောင်ဒဂုံမြို့နယ်များမှာရှိတဲ့ အေအိုင်ဒီအက်စ်ရောဂါသည်များ ကူညီ စောင့်ရှောက်နေမှုများကိုလည်း သွားရောက်ကြည့်မည်ဟု ကြားရ၍ လူထုကြီးက ထိုနေရာများမှ စောင့်ဆိုင်းနေကြပါသည်။

ခြုံလိုက်လျင် အာဇာနည်ကုန်း၊ ဆီဒိုးနားဟော်တယ်နှင့် ကျိုက္ကဆံဘက်တို့တွင် လုံထိန်း တပ်များ မြင်တွေ့နေရသော်လည်း အေးအေးဆေးဆေးရှိကြောင်း ကြားသိရပါသည်။

အန်အယ်ဒီ လူငယ်များမှာ ဒေါ်အောင်ဆန်းစုကြည် ဆွေးနွေးပြောဆိုမှုများကို စောင့်ဆိုင်းနေကြကြောင်း သိရှိရပါသည်။

ရွေးကောက်ပွဲဝင် အခြားပါတီများမှ လူတချို့ကို ရုံးချုပ်အနီးတွင်တွေ့ရှိရသော်လည်း အ တိအကျသတင်းထုတ်ပြန်ခြင်းမရှိသေးပါ။

No comments :