Wednesday, 17 November 2010

ကော့ကရိတ်မြို့အခြေအနေ

ကော့ကရိတ်မြို့ခံတဦးရဲ့ ပြောပြချက်များအရ ယခု အချိန်အထိ အရပ်သားများ စိုးရိမ် ထိတ်လန်နေကြကြောင်းသိရသည်။ မဲပေးသော ရ ရက်နေ့မှစ၍ ပျားပင်ကုန်းမှာ လက်နက်ကြီးသုံးလုံး ကျရောက်ပေါက်ကွဲသံကြားရသည်။ ၈ ရက်နေ့မှာ စစ်ကားများ စတင်တွေ့ရှိရသည်။ ၉၊ ၁၀ ရက်များတွင် ပေါ်တာဆွဲနေ ကြောင်းသိရသည်။
ကော့ကရိတ်မြို့မှာ မနက်ပိုင်းတွင်းသာ ဈေးရောင်းဈေးဝယ်ရှိ၍ နံနက် ၁၀ နာရီကျော်လျင် ဆိုင်များအားလုံးပိတ်ထားကြသည်။ စစ်ကား လေးငါးစီး မြို့မှဖြတ်သွား သည်ကိုလည်း ၂ ကြိမ်သုံးကြိမ်တွေ့ရှိရသည်။ ဈေးနားတွင်လည်း စစ်ကားတစီး လုံခြုံရေး ယူထားသည်။
မဲရုံဆော်သြသူတွေ ကြံ့ဖွတ်တွေ မော်လမြိုင်ဘက်သို့ ၉ ရက်နေ့မှာ စတင်ပြီး ထွက်ပြေး ကုန်ကြသည်။
ယနေ့အထိ ကျောင်းများပုံမှန်ဖွင့်လှစ်သင်ကြားနိုင်ခြင်းမရှိသေး နေ့ပစ်မည် ညပစ်မည် ဟု စစ်ပွဲ ချိန်းဆိုသံ သတင်းများကြောင့် မြို့ခံလူထုမှာ ထိတ်လန့်နေကြဆဲဖြစ်သည်။

No comments :