မြ၀တီမြို့တွင်း တိုက်ပြွဲုဖစ်ပွားပြီး ၃ ရက်ခန့်အကြာ အပစ်အခတ်များခေတ္တ ရပ်နားသွားခဲ့သည်။ ထိုင်းဖက်ကမ်း တွင်ရှောင်တိမ်းနေသူများ နေအိမ်သို့ထိုင်းအာဏာပိုင်များမှ ပြန်ခိုင်းသဖြင့် ပြန်ကြရသည်။ တချို့ ကစဉ့်က လျားသောင်ပြင်တွင် နေကြရ၏ တချို့ ညဘက်တွင် ဘုန်းကြီးကျောင်းများမှာ ပုန်းရှောင်အိပ်ကြရသည်။
ဒီကေဘီအေတပ်များနှင့် နအဖ တပ်များ နေရာယူအပြောင်းအရှေ္ဗ့ လုပ်မှုများနှင့် ရှုပ်ယှက်ခတ်နေ ချိန်လည်း ဖြစ်သည်။ မဲထော့သလေးရွာတွင် ပြည်သူ့စစ်ခေါင်းဆောင် ဆရာဇော်ခေါ် ဇော်ကိုးကောင်နှင့်အဖွဲ့က ဘုန်း ကြီးကျောင်းတွင် နေရာကောင်းယူ၍ တပည့်လက်သားများ ခြံရံပြီးနေခဲ့သည်။ ပြည်သူ့စစ်များကို ရွာသားများက မိသားတစုလျှင် ဘတ်ငွေ (၅၀) လုံခြုံရေးကြေးပေးရသည်။
အခွင့်အရေးယူနေသော ပြည်သူ့စစ်များကို ဝေဘန်မိသည့်ရွာသား ဦးပဲခူး ဆိုသူအား ဖမ်းဆီးရိုက်နှက်၍ ခေါင်းကိုလေးဘက် ကြား ရိတ်ပစ်ကြောင်း သိရသည်။ ပြည်သူ့စစ်ခေါင်းဆောင် ဆရာဇော် (ခ) ဇော်ကိုး ကောင်မှာ နအဖ တပ်ထွက် ရမ်းကုဆေးဆရာ ဖြစ်ကြောင်းသိရသည်။ ထိုမဲထော့သလေးရွာ အဖြစ်အပျက် မျိုးများ ဖြစ်ပွားလျှာက်ရှိနေကြောင်း သတင်းရရှိသည်။
14:30 13.11.2010
တင်ဆက်သူ စိုင်းအောင်
Saturday, 13 November 2010
Subscribe to:
Post Comments
(
Atom
)
No comments :
Post a Comment