Wednesday, 10 November 2010
ဒီကေဘီအေ ဗိုလ်မှူး စောလားဘွယ်မှပန်ကြားချက်
ဒီကေဘီအေ ဗိုလ်မှူး စောလားဘွယ်မှ တိုင်းရင်းသားလက်နက်ကိုင်အင်အားစုများ၊ ဒီမိုကရေစီအင်အားစုများနဲ့ မြန်မာ့တပ်မတော်သားများကို ယခုလို ပန်ကြားလိုက်ကြောင်း သိရှိရသည်။
မတရားမှုတွေကြောင့် တရားသောစစ်ကို ဆင်နွှဲရပြီဖြစ်တယ်။ ဗမာ လူမျိုးအများစုအပါအ၀င် ကျနော်တို့ တိုင်းရင်းသားအားလုံး ညီညီညွတ်ညွတ်နဲ့ တောင်တန်းပြည်မ မကျန် ပူးပေါင်းတော်လှန် ဆောင်ရွက်မှ ကျနော်တို့ လိုချင်တဲ့ စစ်မှန်တဲ့ ဒီမိုကရေစီကို ရမယ်။ ကျနော်တို့ နဲ့အတူတူ ငြိမ်းချမ်းရေး၊ လူ့ အခွင့်အရေး၊ ဒီမိုကရေစီနဲ့ အမှန်တရားကိုမြတ်နိုးတဲ့ တပ်မတော်သားများလည်း အမိမြေရဲ့ နေရာအနှံ့က ပူးပေါင်းပါဝင်ကြပါလို့ ဖိတ်ခေါ်ပါတယ်။
ပြည်တွင်းက အနိုင်ကျင့်ခံ အညာခံရတဲ့ ဒီမိုကရေစီမြတ်နိုးသူ အင်အားစုအားလုံးလည်း လက်တွဲပါဝင် ပူးပေါင်းပြီး လက်တဆုတ်စာ နအဖ စစ်မိစ္ဆာ အာဏာရှင်တစုကို ပြည်ထောင်စုစိတ်အစစ်နဲ့ တော်လှန်ကြပါ။
at
23:07
Subscribe to:
Post Comments
(
Atom
)
1 comment :
မထင်ရေးချမထင် ...(မှတ်ချက်..ကွန်မန့်ရေးထားတာမထင်တာကိုပြောချင်းပါ)
Post a Comment