ကြိုတင်ရရှိတဲ့ အနိုင်အရှုံးတချို့ပါ
အညာနွေတမာမြေမှာ လက်လှမ်းမှီသမျှ လိုက်လံစုဆောင်းထားတဲ့ ရွေးကောက်ပွဲ ရလဒ်တချို့ပါ။ အတိအကျ ဘယ်လွှတ်တော်ကနိုင်တယ်ဆိုတာတော့ ရှင်းလင်းမပြနိုင်သေးပါဘူး။ သိရသလောက် ထပ်မံတင်ပြပါ့မယ်။
ကမာရွတ် ၂ နေရာ ခမောက်နိုင် တစည ဒုတိယ လိုက်
တောင်ဒဂုံ ကြံ့ဖွတ် နိုင် ခမောက် ဒုတိယ တစည အပြတ်အသတ်ရှုံး မဲမပေးသူများ
လင်းခေးမှာ ကျားဖြူ နိုင် ၁၀၀၀ မှာ ဖွတ်တွေ ၈၀ ပဲ ရတယ်
ကြံ့ဖွံ့ ကျောက်တံတားမှာ ၁၅ မဲပဲရတယ်
ကျောက်မဲမှာ ၁၂ မဲပဲရတယ်
စုတ်ပြတ်နေအောင်ရှုံးတယ်
ကြိုတင်မဲတွေကပဲ ရတာ
ဗဟန်းမှာ အန်ဒီအက်ဖ် အောင်မြတ်ထွန်းနိုင်
တောင်ဒဂုံမှာ ဦးကျော်ဇေယျဝင်း အန်ဒီအက်ဖ် နိုင်
အန်ဒီအက်ဖ် ဒေါက်တာတင်ရွှေနိုင်
တောင်ဥက္ကလာမှာ အောင်သိန်းလင်း နိုင်ပါတယ်။
ခင်ရွှေလည်း နိုင်တယ်တဲ့
ဇီးကုန်းကတော့ သိတဲ့အတိုင်း ဥာဏ်ဝင်းပဲပေါ့
ဟင်္သာတမှာ ကြံ့ဖွတ် ဦးဌေးဦး အပြတ်အသတ် နိုင်ပါသတဲ့
ဦးသန့်ဇင် အန်ဒီအက်ဖ် - န၀ဒေးအိမ်ရာ လှိုင်သာယာမြို့နယ်ကနေနိုင်
ဦးသာမြင့်ထူး အန်ဒီအက်ဖ် ဒဂုံမြို့နယ် နိုင်
တိုင်းရင်းသားလူမျိုးစုမှာ ရန်ကုန်ကနေရာမှာ ရခိုင် RNDP နိုင်
ကမာရွတ်မှာ ဦးကျော်မင်းလှိုင် အန်ဒီအက်ဖ် နိုင်
လှိုင်သာယာမှာ လည်းအန်ဒီအက်ဖ်နိုင်
အလုံမှာက ဦးခင်မောင်ရီ အန်ဒီအက်ဖ်နိုင်
စစ်တွေနဲ့မင်းပြားမှာ RNDP နိုင်
စမ်းချောင်းမှာ ဦးစိုးဝင်း အန်ဒီိအက်ဖ်နိုင် ပြည်သူ့လွှတ်တော်
မြောက်ဒဂုံ အန်ဒီအက်ဖ် ဒေါ်တင်နွယ် နိုင်
ဒဂုံမြို့နယ် အမှတ် ၁၁ မဲရုံမှာ မဲပေးသူ ၆၅ရာခိုင်နှုန်းရှိတယ်လို့မဲရုံမှူးကကြေငြာ ကြံ့ဖွံအနိုင်ရတယ်လို့သိရ
တောင်ဒဂုံ မဲရုံ ၁၂ မှာ ကြံ့ဖွတ်က ၃၂၂ ခမောက်က ၃၀၀ တစည က ၂၉ ပယ်မဲက ၂၇ မဲထည့်စာရင်းက ၁၂၂၂
ဦးသုဝေကလည်း သူ့ဧရိယယာမှာ နိုင်ပါသတဲ့
မိတ္တိလာမှာတော့ ကြံ့ဖွတ်ပဲနိုင်ပါတယ်။
ရခိုင်ပြည်နယ်တခုလုံးမှာ ကြံ့ဖွတ်နဲ့ ရခိုင်အမျိုးသားတိုးတက်ရေးပါတီ အားသိပ်မကွာသေးပါဘူး။ အတော်များများတော့ အာအန်ဒီပီက နိုင်မှာပါ။
မော်လမြိုင် မှာ ကြံ့ဖွတ် ၃ ရုံနိုင်တယ်။
အညာနွေတမာမြေ

3 comments :
"တိုင်းပြည်တပြည်ကို အုပ်ချုပ်တဲ့ခေါင်းဆောင်ဟာ ပြည်သူလူထုရဲ့ထောက်ခံမှု့နဲ့ အုပ်ချုပ်တာပဲ ဖြစ်ရမယ်။ လက်နှက်အားကိုးနဲ့ အုပ်ချုပ်တယ်ဆိုတာ မဖြစ်သင့်ဘူးဆိုတာကို မွေးကတည်းက ကျမကိုသင်ထားလို့ သိခဲ့တဲ့ သင်ခန်းစာပါပဲ။"
ဒေါ်အောင်ဆန်းစုကြည်
ဗိုလ်ချုပ်အောင်ဆန်းနဲ့တကွ မြန်မာတပြည်လုံး နယ်ချဲ့အင်္ဂလိပ်နဲ့ ဖက်ဆစ် ဂျပန်တွေကို ဘာကြောင့် တော်လှန်ခဲ့ကြလဲ။ လက်နက် အာဏာနဲ့ မတရားသဖြင့် ခေါင်းပုံဖြတ် အမြတ်ထုတ်၊ မတရားနှိပ်စက်ကြလို့ မဟုတ်လား။ တနေ့ အလှည့်ကျမှ မနွဲ့ကျနဲ့ပေါ့နော်။ NLD မပါတာတောင် ဒီနေ့ ခွေးခြင်္သေ့တွေ ဘယ်လို အရှက်ကွဲကြလဲ ကြိုတင်ခိုးမဲတွေသာ မပါရင် တရုံမှတောင် နိုင်ဖို့မရှိဘူး။ ဆရာ လူထုစိန်ဝင်းပြောသလို ဗမာပြည်သူတွေ မညံ့ကြဘူး ဘယ်သူကောင်းလဲ မကောင်းလဲ အသာလေးခွဲတတ်တယ်။ နိုင်ငံရေး ကဝိဆိုတဲ့သူတွေ သဘောပေါက်ပါ။ ခြံခုန်ခြံခွတွေ သာပေါင်းညာစားတွေ နားလည်ပါ။ အန်တီစုကို လက်နက် အာဏာ အားကိုးနဲ့ ပြည်သူတွေ မြင်ကွင်းက ဖျောက်ထားလို့ရချင်ရမယ်။ ပြည်သူတွေနဲ့ နှလုံးသားထဲကနေတော့ ဘယ်တော့မှ ဖျောက်လို့ရမှာမဟုတ်ဘူး။
တကယ်လို့ ဒီမိုကရေစီနိုင်ငံမှာ သမ္မတ ဒါမှမဟုတ် ဝန်ကြီးချုပ် လုပ်ခွင့်ရဖို့ အနှစ် ၂၀ အတွင်း ၁၅ နှစ်လောက် အကျယ်ချုပ်နဲ့နေပါဆိုရင် အခု ဗိုလ်ချုပ်တွေထဲက ဘယ်နှယောက်နေနိုင်မလဲ။ အဲ့လိုနေနိုင်ရင်တောင် ပြည်သူတွေရဲ့ မေတ္တာကို ဘယ်လောက်ရမလဲ။ မတူရင်မတုကြနဲ့။
ဒို့ပြည်သူတွေ တကယ်မဲပေးမှာ(တကယ်မဲပေးချင်တာ) အန်တီ့ကိုပဲကွဟေ့။
ဒီကနေ့  ပြည်သူ့ သဘောကို သိရပြီ ပြည်တွင်းမှာ
ဒေါ်စုတာဝန်ယူ နိုင်တယ် ကဲ ပြည်ပမှာကော?
ဦးစိန်ဝင်းလား (ပြည်ပကလူအားလုံးထောက်ခံရမယ်လေ)?
ကြိုးစားပါ။ဒါပေမဲ့အသက်ကြီးပြီလေ
ပြည်ပမှာတော့ ကိုမိုးသီး တာဝန်ယူပါတယ်
Post a Comment