ရွေးကောက်ပွဲတွင်မဲမပေးပဲ ကန့် ကွက် ခဲ့သော မိဘပြည်သူများ သို့ ချီးကြူးဂုဏ်ပြုမှတ်တမ်း
လေးစားရပါသော မိဘ ပြည်သူအပေါင်းတို့ ခင်ဗျား
ရဲရင့်ပြောင်မြောက်စွာ ဖြင့် အတုအယောင်ရွေးကောက်ပွဲကို မဲမပေးကြပဲ ကန်ကွက်ဆန္ဒပြသသွားမှုကို ချီးကြူးဂုဏ်ပြုပါသည်။ နူးညံ့သိမ်မွေ့ သော်လည်း အားအင်ပြင်းထန် လွန်းလှသည့် လက်တွေ့ ပြမှုအား အလေးပြုပါ၏။
နအဖ စစ်မိစ္ဆာတို့  သည် လက်နက်အားကိုးဖြင့် ပြည်သူလူထုကြီးတရပ်လုံးအား ကြက်ကလေးငှက်ကလေးများကဲ့သို့  သတ်၍ ရကောင်းရပေလိမ့်မည်။ သို့ သော် မိဘ ပြည်သူလူထုကြီးတစ်ရပ်လုံး၏ စိတ် ဆန္ဒနှင့် ၀ိဥာဏ် ခွန်အားကိုမူ မည်ကဲ့သို့ သော လက်နက်အင်အားဖြင့်မျှ သုတ်သင်ဖျက်ဆီး အနိုင်ကျင့်၍ မရဆိုသည့်လက်တွေ့ ကျလှသည့် အံတုမှုကို ပြသလိုက်ခြင်းဖြစ်ပေသည်။
မဲမပေးကြပဲ နေကြခြင်းဖြင့် စစ်မှန်သည့်ဒီမိုကရေစီ တိုင်းပြည်ကို ထူထောင်ကြ ရန် ၊ တိုင်းရင်းသား ပေါင်းစုံ ပါဝင်သော ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရန်ကို သာ ပြည်သူတို့  ပိုင်းဖြတ်ထားကြောင်းကို ဖေါ်ထုတ်ပြသလိုက် မှုကို ထပ်လောင်း ဂုဏ်ပြု ကြောင်းဖေါ်ပြအပ်ပါသည်။
မိုးသီးဇွန်
လူထုတိုက်ပွဲကော်မတီ
+၆၆- ၀၈၄-၄၅၉-၁၁၈၆
Monday, 8 November 2010
Subscribe to:
Post Comments
(
Atom
)
No comments :
Post a Comment