Friday, 12 November 2010
ဖမ်းထားသည့် နအဖ ဗိုလ်ကြီးကို DKBA ပြန်လွှတ် + ဗီဒီယိုမှတ်တမ်း
ကရင်ပြည်နယ် မြ၀တီမြို့တွင် ရွေးကောက်ပွဲ ကျင်းပသည့် နိုဝင်ဘာ ၇ ရက်နေ့က စတင် ဖြစ်ပွားသည့် တိုက်ပွဲအတွင်း ဖမ်းဆီးခဲ့သော နအဖဘက်မှ ဗိုလ်ကြီးသက်နိုင်ကို တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်မတော် (DKBA) ဗိုလ်မှူးကြီး စောလားပွယ် တပ်ဖွဲ့မှ ယနေ့ မွန်းလွဲပိုင်းက ပြန်လွှတ်ပေးလိုက်ကြောင်း သတင်းရရှိသည်။
စစ်ဦးစီး တတိယတန်း ဗိုလ်ကြီးသက်နိုင်သည် မြ၀တီခရိုင် ဝေါ်လေ ဒေသ အခြေစိုက် စစ်ဆင်ရေးကွပ်ကဲမှု ဌာနချုပ် (စကခ) (၈) လက်အောက် ခံ နည်းဗျုဟာ(၃)မှ ဖြစ်ပြီး ဗိုလ်မှူးကြီး စောလားပွယ်(ဗိုလ်နှုတ်ခမ်းမွေး)၏ DKBA တပ်မဟာ (၅) တပ်ဖွဲ့က နိုဝင်ဘာ ၈ ရက်နေ့တွင် ဖမ်းဆီးလိုက်ခြင်းဖြစ်ကြောင်း သိရသည်။
ဗိုလ်ကြီးသက်နိုင်ကို ပြန်လွှတ်ပေးလိုက်မှုနှင့်ပတ်သက်၍ DKBA တပ်မဟာ(၅)နှင့် နီးစပ်သူတဦးက"စစ် သုံ့ပန်း ဥပဒေ အရ မသတ်ဘဲ ပြန်ပို့လိုက်တာ ဖြစ်တယ်"ဟု ပြောပြသည်။
"ကျနော့်ကိုပြန်လွှတ်ပေးတဲ့အတွက် အားလုံးကိုကျေးဇူးတင်ပါတယ်၊ ကျနော့်မှာ အမေ ပေးတဲ့ အသက်မရှိတော့ပါဘူး၊ ဒီက ပေးတဲ့အသက်ပဲ ရှိပါတော့တယ်၊ ဟို ပြန်ရောက်ရင် ပေးတဲ့အပြစ်ကို ခံယူပြီး အပြင်မှာပဲ မိသားစုနဲ့အတူ စီးပွားရေး ပဲလုပ်တော့မယ်"ဟု ဗိုလ်ကြီးသက်နိုင်ကပြောကြောင်းလည်း ၎င်းက ဆိုသည်။
ဗိုလ်ကြီးသက်နိုင်ကို DKBA က မြ၀တီမြို့သို့ ပြန်လည် ပို့ဆောင်ပေးခြင်းဖြစ်ပြီး ၎င်းပြန်လည်ရောက်ရှိကြောင်း မြ၀တီ ရှိ နအဖ စစ်တပ် က အတည်ပြုပြောကြားသည်ဟုလည်း DKBA အသိုင်းအ၀ိုင်းက ပြောသည်။
ဗိုလ်ကြီးသက်နိုင်သည် မိတ္ထီလာမြို့ ရန်မျိုးအောင်ရပ်ကွက်တွင်နေထိုင်သည့် အဘ ဦးသိန်းအောင်၊ အမိ ဒေါ်အေးချို တို့၏သားဖြစ်ပြီး ရက်သားအ ရွယ်သမီးတဦးရှိကြောင်း သိရသည်။
ယင်း DKBA နှင့် စစ်အစိုးရ တိုက်ပွဲများကြောင့် ဒေသခံ သောင်းနှင့်ချီ၍ ထိုင်းနိုင်ငံ ဘက်သို့ ထွက်ပြေး တိမ်းရှောင်ခဲ့ရ သည်။
နိုဝင်ဘာ ၇ ရက်နေ့က စတင်၍ DKBA နှင့် စစ်အစိုးရတို့ တိုက်ပွဲများဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ယင်းတိုက်ပွဲနှင့် ပတ်သက်၍ “စစ်အစိုးရက မြ၀တီမြို့ခံတွေကို အတင်းအကျပ် မဲပေးခိုင်းတယ်လို့ ကျနော်တို့ကြားရတယ်။ လူထုက မဲမပေးချင်ဘူး။ ဒါပေမယ့် စစ်အစိုးရက လူထုကို လက်နက်အားကိုးနဲ့ အကျပ်ကိုင်ခြိမ်းခြောက်တယ်။ အဲဒါကြောင့်မို့ လုံခြုံရေးအတွက် မြ၀တီမှာ ကျနော်တို့တပ်တွေ နေရာစယူခဲ့တာပါ” ဟု ဗိုလ်မှူးကြီး စောလားပွယ် က ဧရာဝတီနှင့် အင်တာဗျူးတွင် ပြောဆိုထားသည်။
စစ်အစိုးရ သတင်းစာများ၌ ကရင်ပြည်နယ် မြ၀တီမြို့တွင် ကရင်အမျိုးသား အစည်းအရုံး(KNU)က လက်နက်ကြီး များ ဖြင့် ပစ်ခတ်မှုကြောင့် ဒေသခံ ပြည်သူ ၃ ဦး သေဆုံး၍ ၂၀ ဒဏ်ရရှိ ကြောင်းရေးသား ဖော်ပြသည်။
Source:http://www.irrawaddy.org/bur/index.php/news/4828--dkba-
at
14:05
Subscribe to:
Post Comments
(
Atom
)
16 comments :
တစ်ဖက်နဲ့ တစ်ဖက် တကယ်အစဉ်ပြေချင်ရင် လူကြီးချင်း၊ တာဝန်ရှိသူချင်း ဆွေးနွေးရမှာ။ ဖမ်ထားပြီး အချိန်မရွေး သတ်လို့ရတဲ့ သုံ့ပန်းတစ်ယောက်ကို "ဘာဖြစ်လို့ဒီလောက် ပြည်တွင်းစစ်ကြာမြင့်လဲ" မေးတယ်ဆိုတာ တော်တာ် ဟာသ မြောက်တဲ့ မေးခွန်းပဲ။
@ slip
ငတုံး.ဒါလေးတောင်တွေးခေါ်နိုင်စွမ်းမရှိဘူးလား.
ပိန်းလိုက်တာလွန်ရော..ဦးနှောက်မရှိတာကျနေတာပဲ.
ဖထီးကလဲ လီးပဲ ကွမ်းစားကမပျက်ဘူး။ တကယ်တော့ ဖထီးရေ သက်နိုင်ပြောသွားသလို ပဲ ကျနော်တို့ အားလုံး မြင်ပေမယ့် တခါမှ ရန်သူအဖမ်းမခံရဖူးတော့
ခုလို ထုတ်မပြောမိပါဘူးဗျာ ဟီးဟီး။
ဟေ့ကောင် SLIP တပ်မတော် မှာ ဂျီသရီးဆိုတာ မင့်နှမကို ကြိုးတုတ်လိုးလို့ ရတဲ့ကောင်ကွမှတ်ထား
တော်တော် ကံဆိုးတဲ့ ကိုသက်နိုင်ပဲ။ မလွတ်ခင်လည်း အဆင်ပြေအောင်ပြောရ။လွတ်ပေးလိုက်ရင်လည်း ဒီဘက်က စစ်အစိုးရနဲ့ အဆင်ပြေအောင်စဥ်းစားရနဲ့ မျက်နှာမှာကို စိတ်ရူပ်ထွေးနေမှန်းသိသာတယ်။ သနားစရာအကောင်းဆုံး စစ်သုံ့ ပန်းပဲ
ပြည်တွင်းစစ်ဖြစ်အောင် သူပုန်ထနေတဲ့လူတွေက ပြည်တွင်းစစ် ဘာကြောင့်ဖြစ်တယ်မေးနေပါလား။ လက်နက်နဲ့ငြိမ်းချမ်းရေး လဲပါဆိုတော့ မလဲကြဘူး။
btw
ဆွေးနွေးတာဆွေးနွေးကြပါ။ စကားပြောတာတွေ အရမ်းရိုင်းတယ်။ အဆင့်မရှိကြဘူး။ ဆဲတဲ့စကားမပါပဲ စကားပြောတတ်ဖို့ မိဘတွေက သင်မပေးလိုက်ကြဘူးလား။
စိတ်ပျက်ဖို့ ကောင်းလိုက်တာကွာ။ မင်းတို့  ဒီအက်အေ ဆင်းတွေဖြစ်ပြီး တော်တော်မိုက်၇ိုင်းကြတယ်။ ဒီအက်အေက ဆင်းတဲ့သူတွေမို့  တိုင်းပြည်ရဲ့  ပြသနာကို သိနိုင်တဲ့အဆင့်လို့ သတ်မှတ်ပြိး သဘောထားကို မေးတာ။ တပ်မတော်က ဂျီသရီးအတင့် တယောက်အနေနဲ့  ဖြေလဲရတယ် မဖြေလဲရတယ်။ သူမဖြေလဲ သူတို့  သတ်မပြစ်ဘူး ဒီလောက် သတင်းတွေ ထွက်ထားတာ။ ဒီကိစ္စမှာ ၈ုဏ်ယူရမှာ ပြီးရင် အပတ်စဉ် ၄၆ ဆင်းတွေက ဗိုလ်ကြီးသက်နိုင်ကို အေ၇းယူမခံရအောင် တပ်မှာ ၀ိုင်းကာကွယ်ရမှာ။ မင်းတို့ ပထွေးကြီးက တခုခု လုပ်အုံးမှာ။
အွန်လိုင်းမှာ ၀င်ပြိး မိုက်မိုက်၇ိုင်းရိုင်းတွေ တက်ေ၇းတော့ ခွေးဖြစ်တာပေါ့
That right,how can be develop such kind of rude people leading army and our country future?
နအဖရဲ့ အင်းစိန်ထောင်ထဲမှာ ကရင်တော်လှန်ရေးအဖွဲ့ဝင်တွေလို့ စွပ်စွဲဖမ်းဆီးထားပြီး လွှတ်ရက်မရှိတဲ့ ကရင်လူမျိုးတွေ အများကြီးရှိနေဆဲပါ။ အကယ်၍ DKBA က ဗက သက်နိုင်ကို သုံ့ပန်းချင်းလဲဖို့ နအဖကို ကမ်းလှမ်းခဲ့မယ်ဆိုရင်၊ နအဖကတော့ အဲဒီစစ်ဗိုလ်ကို သတ်ချင်သတ်ပစ်လိုက် အကြောင်းပြန်မှာတောင်မဟုတ်တာ၊ မြေကြီးလက်ခတ်မလွဲပါဘူး။ အဲဒီတော့ ဒီကွန်မန့်မှာ ဝင်ဟောင်နေတဲ့ နအဖစစ်ကျွန်မုဒိန်းတပ်ဖွဲ့ဝင်တွေ ကိုယ့်ဘဝကို ကိုယ်သိသင့်ပါပြီ။
မင်းတို့စစ်ဗိုလ်တွေကို တပ်ချုပ်ကြီးက ဘယ်လောက်အဆင့်လောက်ပဲသဘောထားတယ်ဆို ဒါသင်ခန်းစာပဲ....။အားလုံးပဲ နိုးကြားကြတော့ စည်းလုံးကြတော့ဗျာ...။
ကိုသက်နိုင်ခဗျာ လဲ မလွယ်ပါ့လား ဆုပ်လဲဆူးစားလည်းရူး
အစားမတော်တလှမ်း မို့ အဖြေမတော်ရင်လဲ ပြန်ရောက်တဲ့အခါ ကိုသက်နိုင်လှမ်းရမယ့်ခြေလှမ်းအတွက်လဲ စိတ်မကောင်းပါဘူး။ စစ်သုံပန် တစ်ယောက်ကို တရားချ တာလားနားချတာလားဖထီး ဖထီး ရေး ဖထီးတို့ မလိုချင်တဲ့ အဖြေမျိုးကို ကို သက်နိုင်က သာ ပေးခဲ့ရင် ဖထီး တို့ လက်ခုပ်ထဲက ရေလေ ဖထီးရဲ့ စစ်သုံ ပန်တစ်ယောက်ကို အေးဆေးပြန်လွှတ်ပေးတယ်ဆိုတဲံ ဗီဒီယိုလေးရိုက်ထားတော့ နိုင်ငံတကာမှာ တောင်းစားတဲ့အခါ လွယ်တာပေါ့
လူသားချင်းစာနာထောက်ထားပြီး ဒီဗီဒီယိုခွေနဲ့ မျောက်ပြ ဆန်တောင်းပြီး ဖထီးကွမ်းဝါးမပြတ်နေနိုင်ပါစေ ဖထီး
This is still not so bad compare with Super Senior General (ko Than)showing Our leader (DASSK) to the world on media, when world gave pressure to them and they want to lie somethings.May be DKBA also copy the Ko Than style..
SLIP ကလဲ သူတို့အဆင့်နဲ့က ဗိုလ်ကြီးလောက်နဲ့တင်ပြီးတယ်လေကွာ အထက်လူကြီးမလိုဘူး သူတို့ကဘာကောင်တွေမှမဟုတ်ဘူးလေ တောထဲပတ်ပြေးနေရတဲ့ ကောင်တွေကို လူကြီးနေရာထားပြီး ဘယ်သူကလက်ခံဆွေးနွေးမှာလဲ အခုတောင် ပြေးကုန်ပြီ ပြောတော့ မြ၀တီကနေ အမိန့်မရရင် မဆုတ်နဲ့တဲ့ အဲလိုအမိန့်နာခံတာ စစ်တပ်က တပ်မတော်သားတွေပဲရှိတယ် မဆုတ်နဲ့ဆို အသေခံတယ် အဲဒါမသိရင်မှတ်ထား တပ်မတော်သားလို့ခေါ်တယ် ဒီမိုငတုံးတွေ
ရှေ့ တန်းရောက်နေတဲ့  တပ်မတော်သားတွေကို သနားတယ် စတေးခံနေရတာ။ဘယ်လောက်အထိထပ်ပြီး အသေခံနေရဦးမလဲမသိဘူး။ ရုရှားရောက်နေတဲ့  သူတွေကိုလည်း ဘယ်တော့ ခေါ်ပြီး ရှေ့ တန်းမှာ စတေး မလဲမသိဘူး။ နအဖ စစ်ခေါင်းဆောင်တွေအင်မတန် ကြောက်စရာကောင်းတယ်။
ရှေ့တန်းမှာ တစ်ဖက်နဲ့တစ်ဖက် တိုက်ခိုက်ရင်းနဲ့ ဖမ်းဆီးခံသွားရလို့ သုံ့ပန်းဖြစ်သွားရတယ်ဆိုတာ နားလည်လက်ခံပေးလို့ရပေမယ့် အခုဟာက ပြသနာကို ငြိမ်းချမ်းအောင် ဆွေးနွေးဖို့လွှတ်လိုက်တဲ့ သူတစ်ယောက်ကို ဖမ်းခေါ်သွားပြီး သုံ့ပန်းအဖြစ်ရလိုက်တယ် ဆိုပြီးပြောနေတယ် ပြီးတော့ သုံ့ပန်းဥပဒေအရ မနှိပ်စက်ပဲ ပြန်လွှတ်ပေးလိုက်တယ်ဆိုပြီး နာမည်ကောင်းယူနေတယ်...ဘယ်လိုနားလည်ရမှန်းမသိဘူး...
ဒါ သုံ့ပန်း မဟုတ် ပါဘူး ပြန်ပေးဆွဲခံ ရတာပါ
Post a Comment