Wednesday, 17 November 2010

တောင်ဒဂုံမြို့နယ်တွင်ရှိသော HIV စောင့်ရှောက်ရေးစခန်းသို့ ဒီကနေ့ ဒေါ်အောင်ဆန်းစုကြည် သွားရောက်ကြည့်ရှု

တောင်ဒဂုံမြို့နယ်တွင်ရှိသော HIV စောင့်ရှောက်ရေးစခန်းသို့ ဒီကနေ့ ဒေါ်အောင်ဆန်းစုကြည် သွားရောက်ကြည့်ရှုခဲ့သည်။ မနက်ကတည်းက လူအုပ်ကြီးက စောင်ကြိုနေခဲ့သည်။
တိုင်းရင်းသားများ သံတမန်များ နှင့် သီးခြားစီတွေ့ဆုံကြောင်းလည်း ကြားသိရသည်။
ခေါင်းဆောင်ပိုင်း စီအီစီ အန်အယ်ဒီ လူကြီးအဖွဲ့ တိုးချဲ့ဖို့ ပြင်ဆင်နေသည်။ မြို့နယ် ဥက္ကဋ္ဌ နှင့် တိုင်းစည်းကော်မတီတို့မှ အတွေ့အကြုံရှိသော လူကြီးများကို ယာယီတိုးချဲ့ ထားသည်။ ဥပမာ ဗဟန်းမြို့နယ်မှ ဖျာပုံနီလုံဦး နှင့် အခြားသူများပါဝင်ကြောင်း သိရ သည်။
အကျဉ်းထောင်မှ လွှတ်မြောက်လာသော ဗိုလ်ကြီးဝင်းထိန်းမှာ လူငယ်များနှင့်အတူ လုံ ခြုံရေးကိစ္စများ ဝိုင်းဝန်းတာဝန်ယူထားသည်ဟု သိရသည်။

2 comments :

Anonymous said...

ကျမတို့ကတော့ အပြောင်းအလဲ လိုချင်လို့ရှိရင် ကိုယ့်ဖာသာကိုယ် လုပ်ရမယ် ဆိုတဲ့ စိတ်ဓာတ်ကို အဓိက သွင်းပေးချင်တယ်၊ နောက်ပြီး လုပ်တတ်အောင်လည်း ကူညီပြီးတော့ လုပ်ပေးချင်တယ်၊ ကျမတို့ချည်းပဲ လုပ်ပေးလို့မရဘူး၊ ဒါဟာ သင်ယူရမယ့်ကိစ္စပဲ၊ လူထုက ကိုယ့်ကိုကိုယ်လည်း သင်ယူရမယ်၊
(Nonviolent doesent work)I wil not march on the road).လူလတ်တန်းစားနဲ့ လူဆင်းရဲတန်းစားများမှ လူများ ကျောင်းသားများ အသက်ကိုထပ်မဆုံးရုံးချင်စေတော့ပါ။ အသက်တွေအများကြီးပေးခဲ့ပြီးပါပြီ။

Anonymous said...

Please be very very careful
Daw Su.

Than Shwe is unbelievably cunning and never care about anyone including his own military men but himself.

He is just playing Su Kyi card to see if international will favor him or he will gain some advantages.

The moment he notice that releasing Daw Su will not play up to his advantage, he will never hesitate to harm Daw Su or anyone in his way.