ဦးကျော်သူ၊ ဒေါ်ရွှေဇီးကွက်၊ ဒေါ်သန်းမြင့်အောင် ဒါရိုက်တာမင်းထင်ကိုကိုကြီး၊ အနဂ္ဂ ၊ သံသာဝင်း၊ ကျားပေါက်နဲ့ သူ့ရဲ့ ဇနီး ဒီနေ့ ဒန်ပေါက်အလှူ
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုကော်မတီဝင် မဖြူဖြူသင်းရဲ့ နေအိမ်မှာ ဖွင့်လှစ်ထားတဲ့ HIV/AIDS ဝေဒနာရှင်တွေကို ဧည့်စာရင်းတိုင်ခွင့် ထပ်မပေးတော့ဘဲ။ နိုဝင်ဘာ ၂၄ ရက်နေ့မှာ စပြီး တည်းခိုလို့မရတော့ကြောင်း ရပ်ကွက်က အကြောင်းပြန်ထားပါတယ်။
ဂေဟာပတ်ဝန်းကျင်က ပြည်သူတွေကလည်း ဒီလူနာတွေရှိနေတာကို ကန့်ကွက်တိုင်တန်းခြင်း မရှိခဲ့ပါဘူး။
ပြီးခဲ့နှစ်ကတော့ ဂေဟာနောက်ဖေးအိမ်က ရပ်ကွက်ရုံးကို တိုင်ကြားတာတခုရှိခဲ့ပါတယ်။ တိုင်ရတဲ့ အကိစ္စက ဂေဟာက အညစ်အကြေးစွန့်ပစ်တဲ့ ကိစ္စဖြစ်ပါတယ်။ အဲဒီတိုင်ကြားမှုကို ရပ်ကွက်ရုံးက ဘာ အရေးယူဆောင်ရွက်မှုမျိုးမှ မရှိခဲ့ပါဘူး။
ဒေါ်အောင်ဆန်းစုကြည် အဲဒီ ဂေဟာကိုသွားရောက်လည်ပတ်တဲ့ နေ့က ရပ်ကွက်ရုံးက ယခင် ဂေဟာက အညစ်အကြေးစွန့်ပစ်တဲ့ကိစ္စ တိုင်တဲ့အိမ်သွားပြီး တိုင်ကြားစာကို အမြန်ပြန်တင်ခိုင်းခဲ့ပါတယ်။ တိုင်းမှူးက အရေးယူပေးမယ်ဆိုပြီး ပြောသွားကြောင်း သိရပါတယ်။
နောက်ဆုံအခြေအနေကြားသိရတာကတော့ ဂေဟာက ဝေဒနာရှင်တွေက ဧည့်စာရင်းမတိုင်လို့ ဖမ်းမယ်ဆိုလည် အဖမ်းခံမယ် မပြောင်ပေးနိုင်ဘူး ကြားသိရပါတယ်။
စစ်အုပ်စုခေတ်မှာ ဗမာနိုင်ငံသားတွေဟာ ကိုယ့်နိုင်ငံထဲမှာနေထိုင်တာဖြစ်ပေမယ့် နိုင်ငံခြားတိုင်းတပါးမှာ နေထိုင်သလို ပုံမှန်ဗီဇာသက်တမ်းတိုးပြီး နေထိုင်နေရပါတယ် ခင်ဗျာ။
No comments :
Post a Comment