Friday, 12 November 2010

မှောင်စပျိုးချိန် NLD ရုံးချုပ်ရှေ့ ဒေါ်စု ကို စောင့်ဆိုင်းနေတဲ့ လူထုကြီးကို ဦးဝင်းတင် နဲ့ ဦးတင်ဦး က မေတ္တာရပ်ခံနေရ

၆း ၁၀ နာရီ
ဦးဝင်းတင် ဦးတင်ဦး တို့ ကိုယ်တိုင်က ရုံချိန်ကျော်သွားပြီဖြစ်လို့ လွတ်မြောက်လာမယ့် ဒေါ်အောင်ဆန်းစုကြည်ကို စောင့်ဆိုင်းနေတဲ့ လူထုကြီးကို မေတ္တာရပ်ခံပါတယ်။ လွှတ်ချိန်မှာ ည ၈ နာရီ ကျော်သွားရင်လည်း ကျော်သွားနိုင် တယ်။ ဒါကြောင့် မနက်ဖြန်မှ ပြန်လာကြရန် ပြောဆိုပါသွားပါတယ်။

မလွတ်မြောက်သေးရင် အဖွဲ့ချုပ်တာဝန်ရှိသူတွေက သတင်းစာရှင်လင်းပွဲ လုပ်မယ်လို့ ပြောဆိုသွားပါတယ်။ လွှတ်မိန့်ကို နေပြည်တော်မှ လက်မှတ်ထိုးပြီးပြီဟု သိရှိရသော်လည်း အတည်ပြုနိုင်ခြင်း မရှိသေးပါ။

ရုံးချုပ်ရဲ့ လုံခြုံရေးကို တာဝန်ရှိသူတွေက ဆက်လက်စီစဉ်နေတယ်လို့ ကြားသိရပါတယ်

3 comments :

PC said...

ရန်ကုန်က သူငယ်ချင်းကိုမေးပြီးပြီ ... ရုံးချုပ်ရှေ့ လူလေး ဆယ်ယောက်လောက် ကိုဓါတ်ပုံလှည့်ပတ်ရိုက် နေတာကိုများ မြန်မာတစ်ပြည်လုံးကလူတွေပဲ တက်လာသလိုလို ..လူပေါင်းထောင်ချီနေပြီပြောလိုပြော ...လုံးထိန်း နှစ်ရာကျော်ဆိုတာကမှ အခြေအစ်ြရှိသေး...ဆိုက်ကားနင်းနေတဲ့လူက ဒေါ်စုကြည်လွှတ်လာတာကို ဆိုက်ကား တစ်ကြောင်း နင်းတာလောက်တောင် စိတ်မ၀င်စားဘူး ...မင်းတို့ သတင်းဌာန တွေ အရှက်ကိုမဲ့ပါတယ်.

Anonymous said...

@PC
ဓာတ်ပုံပါ ပါတယ်။ သေချာ ကြည့်ပါ။ ငါ့စကား နွားရ လျှောက်ပြော မနေပါနဲ့။ စိတ်ထား ကောင်းကောင်းထားပါ။ အမှန်ကို မြင်တတ်အောင် ကြည့်တတ်အောင် ကြိုးစားပါ။ မကူညီချင်နေပါ။ မနှောင့်ယှက်ပါနဲ့။ "ဒေါ်စု လွတ်လာမှာ ကို စိတ်ဝင်စား ပါသလား" လို့ လူဘယ်နှစ်ယောက် ကိုများ မေးဖူးပါသလဲ။ မြန်မာပြည် ကလူတွေတင် မက ပါဘူး တခြား နိုင်ငံ တွေကပါ စိတ်ဝင်စား ကြပါတယ်။ Brainwash အလုပ်ခံထားရပြီး စဉ်းစားဥာဏ် မရှိတဲ့သူတွေ က လွဲရင်ပေါ့။ ကိုယ့်ဖို့ သမား တွေက လွဲရင်ပေါ့...အားလုံး စိတ်ဝင်စား ကြပါတယ်။ ဝမ်းသာကြပါတယ်...အန်တီစု ကျန်းမာ ချမ်းသာပါစေ.. :)

Optimist said...

I totally agree with the anonymous above. ' Long Live Aunty Suu ! '