Monday, 6 December 2010

မဲ့ကူကင်း ဒုက္ခသည်စခန်းမှာ ဝမ်းရောဂါဖြစ်ပွား

စစ်ပြေးဒုက္ခသည် ၁၂၀၀ ခန့်ရှိတဲ့ ထိုင်းနိုင်ငံဘက်ခြမ်း မဲ့ကူကင်းရွာက ဒုက္ခသည်စခန်းမှာ ဝမ်းရောပြန့်နှံ့မှုဖြစ်ပွားနေတယ်လို့ စခန်းမှာ ကျန်းမာရေးတာဝန်ယူထားတဲ့ မဲတော်ဆေးခန်းက ဆေးမှူးတဦးပြောပြချက်အရ သိရှိရပါတယ်။

စခန်းမှာ နေလာတာရက်ကြာလာတဲ့အမျှ အမှိုက်စွန့်ပစ်တာတွေ နေထိုင်ရတာ ကျဉ်းကြပ်တာတွေ ဖုန်းတွေကအမြဲလိုလိုထနေတယ် ပြီးတော့ သုံးရေကလည်း ရှားတယ် အဲဒီအချက်တွေကြောင့် ဝမ်းရောအဖြစ်များတာဖြစ်ပါတယ်။ အခု စပြီး အဖြစ်များနေတာက ကလေးတွေပါ။ တချို့အခြေအနေစိုးရိမ်ရတဲ့ ကလေးတွေကိုတော့ မယ်တော် ဆေးခန်းကို ပို့ထားပါတယ်။ ဝမ်းရောဂါဟာ ကူးစက်ရောဂါဖြစ်တဲ့အတွက် မဲဆောက်ရုံ ကြီးက ကူစက်ရောဂါ ကာကွယ်တိုက်ဖျက်ရေးဌာနကိုလည်း အကြောင်းကြားထားပါတယ်။

ခုထိ ဖလူးကြီး ဖလူးလေးဘက်မှာ တိုက်ပွဲတွေက ဆက်တိုက်ဆိုသလို ဖြစ်နေတဲ့ အ တွက် ရွာသားတွေဟာ မိမိတို့ရဲ့ ရပ်ရွာတွေကို စိတ်ချလက်ချ မပြန်ရဲကြသေးပါဘူး။ ပြန်သွားတဲ့ တချို့ရွာသားတချို့ဆိုရင် နအဖ ပြည်သူ့စစ်တွေရဲ့ ဖမ်းချုပ်ရိုက်နှက်တာ တွေကို ခံခဲ့ရတယ်လို့ ခံခဲ့ရသူကိုယ်တိုင် ပြောပြလို့ သိခဲ့ရပါတယ်။

နေ့သစ်မီဒီယာ

No comments :