Tuesday, 7 December 2010

တောင်ယာတဲသို့


ထိုင်းမြန်မာ နယ်စပ် လက်နက်ကိုင်တိုက်ပွဲတွေပြင်းထန် နေတဲ့ နောက်ဖက်မှာ

တောင်ယာတွေလုပ်ကိုင်စားနေတဲ့ မြန်မာ မိသားစုတွေဟာ ပိုများလာတယ်။ အရင်က ကရင်ပဲနေတယ်။အခု မြန်မာ တွေပါရောက်ပြီလာနေကြရတယ်။ အန္တရယ်များပေမဲ့ ပြည်တွင်းမှာ စီးပွားရေးအရ လုပ်ကိုင်စားစာရမရှိတော့ဘူး။ ဒီတော့ ဒီလိုနေရာတွေကို မြန်မာတွေရောက်လာတယ်။ မနေ့ က ကျနော်နော်နဲ့ ကိုစိန်ဟန် က ဒီမိသားစုတွေကို သွားကြည့်ဖြစ်တယ်။ ကလေးနေမကောင်းလို့  ဆေးယူလာပြီး ပေးဖြစ်ခဲ့ကြတယ်။ အမျိုးသမီးက ၃၇ နစ်ပဲရှိသေးတယ်။ မြေး တောင်ရနေပြီ လို့ ဆိုတယ်။
စီးပွားရေးဒဏ်ချက်ကြောင့်သူက ရှိသင့်တာထက် ရင့်ရော်နေတယ်။  ကိုစိန်ဟန် က ကျနော်နာမည်ကို ခေါ်နေတော့   လမ်းပြ လုပ်တဲ့ကလေး က ကိုမိုးသီး ကျနော်သိတယ်တဲ့။ မင်းဘယ်လို သိတာလဲ လို့  ကိုစိန်ဟန် က မေးတော့ ရေဒီယို မှာ ခနခန ကြားတယ်တဲ့။ သူအဖေ က ရေဒီယို နားထောင်တယ်တဲ့။
ကျနော်တို့ ရီကြတယ်။

No comments :