ဓါတ်ဆီ ဈေးထုတ်နှုန်းမှာ တဂါလံ ၂၅၀၀ ကျပ်ဖြစ်ပြီး တစီးလျှင် အင်းစိန်ဓါတ်ဆီဆိုင်၌ ၂ ဂါလံသာထုတ်ပေးပြီး၊ သုခ ဓါတ်ဆီဆိုင်တွင် ကားတစီးလျှင် ၆ ဂါလံရသည်ဟု ဆီထုတ်နေသောကားသမားတဦးမှ ပြောပြခဲ့သည်။ မှောင်ခိုဈေးနှုန်းမှာ ၁ ဂါလံ ၃၂၀၀ ကျပ်ဖြစ်သည်။ ကားသမားများသည် အစိုးရဆိုင်များမှ ဆီထုတ်ယူပြီး အပြင်ဆိုင်များသို့ တဂါလံကို ၃၀၀၀ ကျပ်နှုန်းဖြင့် ပြန်လည်ရောင်းချနေရာ တချို့ကားသမားများအတွက် တရက်လျှင် ၅၀၀၀ ကျပ်ခန့် နေ့တွက်အမြတ်ရကြောင်းသိရသည်။ ယ္ခင်ကဆို ဆီဆိုင်များတွင် လိုသလောက်ထုတ်ယူနိုင်ပြီး ယခုလိုအရစ်ကျပေးနေမှုမှာ ၁ လခန့်ရှိပြီဟု ကားသမားတဦးမှ ပြောပြခဲ့သည်။ ဓါတ်ဆီဆိုင်များတွင် ကားတန်းများရှည်လျားစွာဖြင့် ဓါတ်ဆီထုတ်ယူနေရကြောင်းတွေ့ရသည်။
WFW2
Saturday, 11 December 2010
Subscribe to:
Post Comments
(
Atom
)
1 comment :
Their profit 5000 Kyat is about 80 cent per hour (even with the investment of pricey car) compared to US minimum wages, what is about 7.25$ per hour (for the no-brainer). Lets my people earn it.
MPN
Post a Comment