၂၀၀၄ ခုနှစ် အောက်တိုဘာလ ၁၈ ရက်နေ့ က မန္တလေး မြို့ မှ အပြန်
ရန်ကုန် မင်္ဂလာဒုံ လေဆိပ် တွင် ဖမ်းဆီးခံရပြီးနောက် အမိန့် မနာခံမှု ၊ လာဘ်စားမှု ၊မရိုးမသား
လုပ်မှု များ ဖြင့် ရာ ထူး မှ ဖယ်ရှာခြင်း ခံခဲ့ရ သည့် ထောက်လှမ်းရေး အကြီးအကဲ ဟောင်း နှင့်
ဝန်ကြီးချုပ်ဟောင်း ဗိုလ်ချုပ်ကြီးခင်ညွန့် အားဒီဇင်ဘာလ ၃ရက်နေ့ သောကြာနေ့ ည ၁၂ နာရီ
ခန့် တွင် နေအိမ်အကျယ်ချုပ် မှ ပြန်လည် လွှတ်ပေးလိုက်သည် ဟု သတင်းရရှိသည်။
ဗိုလ်ချုပ် ခင်ညွန့် အား နေအိမ် အကျယ်ချုပ် မှ ပြန်လည် လွှတ်ပေး သည် ဆိုသည့် သတင်း နှင့် ပတ်
သက်၍ ဗိုလ်ချုပ်ခင်ညွှန့် ၏ အိမ် အနီးတွင် နေထိုင်သူ တစ်ဦးက ည ၁၁ နာရီ ခွဲလောက်မှာ စစ်ကား
တွေရောက်လာတယ်။ ရဲကား နှစ်စီးလဲ ပါတယ်။ ဘာဖြစ်လဲ ဆိုတာ တစ်လမ်း လုံးက စောင့်ကြည့်
နေကြတာ ။ နောက် အားလုံး ပဲ ရယ်ရယ်မောမောနဲ့  ပြန်ထွက် သွား တယ်။ ဗိုလ်ချုပ် ခင်ညွန့် ကို
လည်း ခြံထဲ မှာတွေ့ တယ်။ပြီးတော့ သူ ခြံတံခါးရှေ့ က လုံခြုံရေး အစောင့် တွေ က သံဆူးကြိုးတွေ
ဖယ်လိုက်တယ် ..အစောင့်တွေ ကတော့ အခုထိ ရှိသေးတယ် ၊ ဘေးအိမ်တွေ မှာ လည်း သူ့ လို နေအိမ်
အကျယ်ချုပ် တစ်ယောက် ရှိသေးတယ် ဟု FNG သို့ ပြောသည်။
ဗိုလ်ချုပ်ကြီး ခင်ညွန့် သည် နေအိမ် အကျယ်ချုပ် ဖြင့် ခြောက်နှစ် ကျော် နေထိုင်စဉ် ကာလ အတွင်း
ငွေကြေးပြတ်လပ်၍ ၎င်း၏ Air Force ဂျာကင် များ ကို လုံခြုံရေး အစောင့် စစ်သားများ မှ တစ်ဆင့်
အပေါင်ဆိုင်များ တွင် သွားရောက် ရောင်းချရသည် ဟု သိရသည်။
FNG သည် ထိုသတင်း ကို သီးခြား အတည်ပြု နိုင်ခြင်း မရှိသေး သော်လည်း ထိုသတင်းနှင့်ပတ်သက်၍ တိုးတက်ဖြစ်ထွန်းသမျှ ကို ထပ်မံ တင်ဆက် ဖော်ပြပေးသွားမည် ဖြစ်ပါသည်။
နေအိမ် အကျယ်ချုပ်မှ ကွင်းလုံးကျွတ် လွတ်မြာက်ခြင်း မဟုတ်ပဲ
အကန့် အသတ် ဖြင့်သာ လွတ်မြောက်ခြင်း ဖြစ်သည် ဟု ထပ်မံ သတင်းရရှိသည်။
စစ်ထောက်လှမ်းရေး အရာရှိ နှစ်ဆယ် ကျော်ကို ပြန်လည် လွှတ်ပေးမည် ဟု ထောက်
အကျဉ်းသား မိသားစု သတင်း ရပ်ကွက် မှ သတင်းရရှိ
အကျဉ်းသား မိသားစု သတင်း ရပ်ကွက် မှ သတင်းရရှိ
2 comments :
the people who know nothing politics(even politicans) belive what the Aung Lin Htut said.Aung Lin Htut always protect his father in law.If the Khin Nyunt did peace with insurgents why he didnt make peace NLD?Because he did get permission from No1.He got the permission to talk insurgents ,thats why he did seize fire insurgents.Idito people belive Khin Nyunt is good soldier because he made peace with insurgents.He can do nothing without permission from No 1.The soldier who came from infantry fighter line said straight whether he is right or wrong but the soldier who came from M.I said do not tell straight because he is from M.I.Always remember M.I men r snake.
Well, now he's somebody else's snake now. Fancy that.
Post a Comment