Thursday, 30 December 2010

ဒီကေဘီအေ က နအဖ ရဲဘော်တဦးကို ဖမ်းဆီးရမိခဲ့

ဝေါ်လေဒေသ အော့ကလေးထ ကျေးရွာ မော်သုထ တောင်ကျောနေရာမှာ နအဖ တပ်သားတဦးကို ဒီကေဘီအေ ဗိုလ်မော်ကဲကဲ မှ ဖမ်းဆီးရရှိခဲ့တယ်။

ဖမ်းဆီးရမိတဲ့ နအဖ တပ်သားအခြေအနေကို ဒီကေဘီကေ တပ်မဟာ ၅ မှ စစ်ဆင်ရေးမှူး ဗိုလ်မှူး ဆန်းအောင်မှ ခုလိုပြောပြပါတယ်။

မနေ့ညနေပိုင်းက နအဖ တပ်မ ၅၂၅၊ စကခ ၁၉၊ ခလရ ၂၉၉၊ တပ်ခွဲ ၂ ၊ တပ်စု ၂ မှ ကိုယ်ပိုင်အမှတ် တ/ ၄၁၉ ၅၃၂ တပ်သား ဘာဘူ အသက် ၂၃ နှစ်ဟာ ဝါးခုတ်နေတုန်း ဒီကေဘီအေအဖွဲ့မှ ဗိုလ်မော်ကဲကဲ အဖွဲ့က ဖမ်းဆီးခဲ့တာဖြစ်တယ်။ သူ့ကို မေးမြန်းကြည့်တော့ ထမင်းမစားရတာ သုံးရက်တောင်ရှိပြီလို့လဲပြောတယ်။ ရွာသားတွေရဲ့ တောင်ယာမှာသိမ်းထားတဲ့ စပါးတွေလည်း လိုက်ရှာဖွေ ထောင်းစားနေရတယ်။ သူ့တပ်ထဲမှာလဲ ဗိုလ်ကျော်အေးဖြိုး နဲ့ ဗိုလ်ရဲလုကျော် ဆိုတာ အရာရှိ နှစ်ယောက်ရဲ့ နာမည်ကိုပဲ သိတယ်။ လို့ ပြောပြသွားပါတယ်။

2 comments :

Anonymous said...

ကိုမိုးသီး ခုတလောငြိမ်ချက်သားကောင်းနေပါလား။
ဘယ်ရောက်ပြီးဘာတွေရှာနေလဲ။
(သတင်းခေါင်းစဉ်နဲ့တော့မဆိုင်ပါဘူး။သည်းခံကြပါ။ကိုမိုးသီးကသူ့ဘလော့မှာ စီဘောက်ထည့်မထားလို့ ရေးလို့ ရတဲ့နေရာကရေးလိုက်တာပါ။)

Anonymous said...

In thiland , having fun with hookers.