၂၀၁၀ ခရီးမှာ ငါမလိုချင်တဲ့ အမတ်တွေရလိုက်တယ်
သူတို့ အခု ခေါင်းပေါင်းတွေချုပ်
တောင်ရှည်တွေထုတ်နဲ့ 
အလုပ်များနေကြပြီ။
လှိုင်သာယာမှာတောင်းတာက
လုပ်ခမျှမျှတတရဖို့ ။
ဧရာဝတီမှာတောင်းတာက
နားဂစ်လွန်နလံထဖို့ ။
ရခိုင်ပြည်မှာတောင်းတာက
ဂီရိလွန်မှာဝမ်းဝဖို့ ။
ကရင်ပြည်မှာတောင်းတာက
အမိုးတို့ ရွာကို မီးမရှို့ ဖို့ ။
နေပြည်တော်ကိုတောင်းတာက
ထောင်ထဲကလူတွေလွှတ်ပေးဖို့ ။
သူတို့ ငါ့ကိုပေးတာက
နောက်ကျောမှာ အိတ်ကြီးကြီးဖွက်ထားတဲ့
ငါမလိုချင်တဲ့ အမတ်တွေ။ ။
လင်းနွေးအိမ်
၂၀၁၀ ဒီဇင်ဘာ ၃၀
8 comments :
အမေရိကန်ကို တောင်းတာက စီးပွါးရေးပိတ်ဆို့ဖို့..
good
မင်းတို့ကို ငါပြောချင်တာက
မြန်မာနိုင်ငံကို စီးပွားရေးပိတ်ဆို့တဲ့ ယုတ်မာတဲ့ လုပ်ရပ်ကို ရပ်တန်းက ရပ်ဖို့
good...emotional one....
ဘယ်သူကမှလဲ ပိတ်ပေးပါ ဖွင့်ပေးပါသွားပြောလို့ မရပါ
သူ့ မူနဲ့ သူလုပ်နေတာပါ။နအဖ မယားပါသားတွေရယ်၊
၁၉၄၉နောက်ပိုင်းမှာ ဘယ်အနောက်နိုင်ငံကမှ
စီပွားရေးအဆက်အသွယ်မလုပ်ဘဲနေတဲ့ကြားက
မော်စီတုံးကြီး သူ့ ပြည်သူကို ဝမ်းလှခါးလှအောင်ထား
နိုင်ခဲ့တယ်။ကဲ သန်းရွှေကြီးဘယ်လိုလဲ။
အကိုကြီးရွှေဘ
မော်စီတုံးကြီးလက်ထက် ရွှေရှိရွှေသိမ်း ငွေရှိငွေသိမ်း တစ်ကျပ်ရှိ တစ်ကျပ်သိမ်း အကုန်သိမ်းပြီး အားလုံး ဘုံသုံးစနစ် နဲ့လုပ်သွားတာလေးကိုလည်း ထည့်ပြောစေချင်တယ်...မော်စီတုံးကြီးကို အားကျပြီး မြန်မာနိုင်ငံမှာလည်း အဲ့လို သွားလုပ်ကြည့်ပါလား အကိုကြီးရွှေဘရေ...""ဘယ်သူကမှလဲ ပိတ်ပေးပါ ဖွင့်ပေးပါသွားပြောလို့ မရပါ
သူ့ မူနဲ့ သူလုပ်နေတာပါ။"""ဒေါ်စုတောင် ဒီကိစ္စကို အရူးကွက်နင်းနေတာ ကိုကြီးရွှေဘက လွယ်လွယ် အကြောင်းပြချက်ပေးလိုက်တယ်ဆိုတော့ ဒေါ်စု နေရာမှာ ခင်ဗျားသာ အစားထိုး လိုက်ပါတော့ဗျာ...။
ကဲ သန်းရွှေကြီးဘယ်လိုလဲ
Than Shwe is paranoid and schizophrenic as usual. What's new?
you want to be burma like south korea and north korea.your daddy than shwe already built naypyidaw to live if western country occupy lower burma.stupid china support your daddy than shwe.
Post a Comment