Friday 3 December 2010

ဗိုလ်ချုပ်ခင်ညွှန့်ဗီဒီယို(အသံပါသည်)

အမကြီးလဲတိုင်ပင်ဖေါ်တိုင်ပင်ဖက်အဖော်ရအောင်လိုက်ခဲ့ပါ။
ရဲချုပ်ခင်ရီ

နှစ်ယောက်စလုံးခေါ်သွားမှာလား
အိမ်မှာဘယ်သူမှကျန်ခဲ့မှာမဟုတ်ဘူး
သားနှစ်ယောက်လုံးလဲခေါ်သွားပြီးပြီ။သမက်ကိုလဲထောင်ချထားပြီးပြီ။
ကလေးတွေကကျောင်းလဲမတက်ရဘူး
နှစ်ယောက်အတူတူထားမှာလား?
အ၀တ်အစားတွေဘာတွေယူစရာရှိတာယူ
ပစ္စည်းတွေကတော့မယူလို့မရဘူး။သားတွေခေါ်တုံးကလည်း
ဘာမှပစ္စည်းမလိုပါဘူးဆိုပြီးဘာမှမပါသွားဘူး။
ရပါတယ်၊လိုက်မှာပါ။
အေးအေးဆေးဆေးပါ၊လိုက်မှာပါ။
နိုင်ငံတော်ကိုဆန့်ကျင်တဲ့လူလည်းမဟုတ်ဘူး။
ဗိုလ်ချုပ်ခင်ညွန့်

ပြန်လာမှာ ခဏလေးသွားမှာ
ဒေါ်ခင်ဝင်းရွှေ

ဘိုးဘိုးကြီးဘယ်တော့ပြန်လာမှာလဲ
ဗိုလ်ချုပ်ခင်ညွန့်၏မြေးငယ်

27 comments :

Anonymous said...

အသံအတုတွေထည့်ပြီး ခင်ဗျားတို့ အဲဒီလိုပေါက်ကရမလုပ်နဲ့ဗျာ။ ခင်ဗျားတို့ကိုပဲ လူအထင်သေးလိမ့်မယ်။ ဦးမိုးသီး ခင်ဗျားကလဲ အဲဒီလိုဟာမျိုး လျှောက်တင်ထားတော့ ခင်ဗျားလုပ်နေတဲ့နိုင်ငံရေးကိုရော ခင်ဗျားကိုရော လူတွေလေးစားမှာ မဟုတ်ဘူး။ ခလေးကလားတွေလုပ်တတ်တဲ့ ၀က်ဆိုဒ်လိုဖြစ်နေတယ်။

Anonymous said...

Where did u get it ?

Anonymous said...

ကြီးနိုင်ငယ်ညှင်း အချင်းချင်း ကင်းရှင်းကြပါစေ...
နိုင်ထက်စီးနင်းပြုကျင်.ခြင်း ကင်းရှင်းကြပါစေ.....

Anonymous said...

ကိုမိုးသီး မြန်မာလို စကားပြော စာသား လေးတွေးပါတင်ပြပေးပါ။ဘာပဲဖြစ် တွေးတောစရာ သုံးသပ်စရာ ရပါတယ်။
အထူးကျေးဇူးတင်လျှက်

Anonymous said...

အသံတုတွေထည့်တယ်တောင် လုပ်လိုက်သေးတယ်။ သိပ်လည်း ခြောက်ခြားမနေနဲ့ ။ ကိုမိုးသီး တခြားနေရာ ရွှီးတာတွေ ရှိပေမဲ့ ဒီဟာတော့ အမှန်ပဲ ။ နားမျက်စိကို ဖွင့်ပြီးကြည့်ကွ ။

THOMAS YANG said...

Request to All the Parties

Please do not make again our Burmese People time lost. Please do not make again their mind/aim roaming around. Please do not make them again in delay for fighting for democracy.

At present time is very important. Now it is crucial to call for meeting/discussion regarding mutual agreement among our nations and all the political parties concerned
so as to set up fundamental items of democracy in Burma.

Secondly the political prisoners are to be released immediately.

So put your time and great effort in this area.

Please do not show again Kin Nyunt news in to the public again.

Anonymous said...

ဗိုလ်ချုပ်မှူးကြီးလည်း တစ်ချိန်မှာ ဒီလိုဖြစ်လာ နိုင်တယ်ဆိုတာ မိတ္တူပေးတဲ့ ဗွီဒီယိုပါ..။

Anonymous said...

စရဖကနေ ၀ီကီလိကို ရောင်းထားတဲ့ အတွင်းရေးတွေရှိသေးတယ်...မကြာခင်ကြည့်ရမယ်..။

Anonymous said...

ဗိုလ်ချုပ်မှူးကြီးလည်း တစ်ချိန်မှာ ဒီလိုဖြစ်လာ နိုင်တယ်ဆိုတာ မိတ္တူပေးတဲ့ ဗွီဒီယိုပါ..။

Pauksa said...

ခွေးမသား...
မင်းဘယ်လောက်နားလည်လို့လဲ.
Edit အကြောင်းဘယ်လောက်သိလို့ လဲ။
အသံကိုလုပ်ဇာတ် ထွင်ဘို့အတွက် မိုးသီးမလုပ်နိုင်သေးဘူး.. ဒါဖြစ်ရပ်မှန်..
မင်းဆွေးနွေချင်တယ်ဆိုရင် ဖေါ့ဝိန်မြို့မှာရှိတယ် အချိန်မရွေးပဲ..

Pauksa said...

ခွေးမသား...
Edit အကြောင်းဘယ်လောက်နားလည်လို့ လဲး
အသံတုထွင်ဘို့ အတွက် မိုးသီး အဲဒီလောက်မလုပ်နိုင်သေးဘူး...
အချိန်မရွေး ဆွေးနွေးချင်တယ်ဆိုရင် ဖေါ့ဝိန်မှာ ငါရှိတယ်...

Anonymous said...

ဟာဗျာ အသံတုလုပ်တယ်တဲ့။ အသံတုလုပ်တဲ့ အတူတူ clip တခုလုံး လုပ်လိုက်ပြီးရော။ အခုလို တပိုင်းတစကြီးတော့ မကောင်းပါဘူး။ အသံတုလုပ်ရင်း အသံခွေးစားသွားလို့လား။ ကျန်တဲ့ အပိုင်းတွေ script မရေးရသေးလို့လား။ ဟီဟိ။

Anonymous said...

မင်းအမေ ကြီးတော် အသံတုရမှာလား .. ဒါလေးတောင် မခွဲတတ်သေးပဲ တောပြောတောင်ပြော..မင်းအမေလင် သန်းရွှေ အလည့်ကျမှ မင်းကိုယ်တိုင် အသံအတုလုပ်ပြောတတ်အောင်ကျင့်ထား

Anonymous said...

ဒီဗွီဒီယိုက ကိုမိုးသီး ဆီက စထွက်တာမဟုတ်ပါဘူး။
ဖေ့စ်ဘုတ် မှာ နအဖ အဖွဲ့ ထဲက နေ တင်ထားတာပါ။
အသံတုဟုတ်မဟုတ် ကို ပုံတွေ နဲ့ ယှဉ်ကြည့်ပါ။ စဉ်းစားတတ်တဲ့ လူ့ ဦးဏှောက်ရှိတဲ့ လူတိုင်း သိပါတယ်။

ကိုမိုးသီး က တဆင့်ပြန်တင်တာပါ။

စုံထောက်ကြီး စံရှား said...

ခင်ညွန့်။ ။ ကဲ ဒီမှာလာ ဧည့်ခမ်းက မီးပျက်နေတယ်။
ရဲချုပ်။ ။ တစုံတရာ ရှည်ရှည်ဝေးဝေးပြော (သဲသဲကွဲကွဲ မကြားရ)
ခင်ညွန့်။ ။ ရပါတယ်၊ လိုက်ရမှာပေါ့။ ခေါ်ယင်လိုက်ရမှာပေါ့၊ ပစ္စည်းပစ္စယတော့ ယူခဲ့ချင်တယ်။
ရဲချုပ်။ ။ အမကြီးရော လိုက်ခဲ့ရမှာ။
ခင်...ညွန့်။ ။ နှစ်ယောက်စလုံးပေါ့။ အိမ်မှာ ဘယ်သူမှ မကျန်ခဲ့တော့ဘူးပေါ့။
ရဲချုပ်။ ။ ဟုတ် ဗိုလ်ချုပ် နှစ်ယောက်စလုံး
ခင်ညွန့်။ ။ သားတွေလည်း ခေါ်သွားပြီးပြီ။ သားမက်လည်း ခေါ်သွားပြီ။ အခု ကိုယ့်ရော ကိုယ့်မိန်းမရော ခေါ်မယ်ဆိုတော့ အိမ်မှာ ဘယ်သူမှ ကျန်မှာ မဟုတ်ဘူး။ ကလေးတွေချည်းပဲ။ အခုဟာ ကလေးတွေလည်း ကျောင်းကမတက်ရဘူး။ အပြင်နဲ့လည်း ဘာမှ မလုပ်ရဘူး။ အဆက်အသွယ် လည်း ဘာမှ မရှိဘူး။ သူ့ သတ်မှတ်ချက်အတိုင်းပဲ နေနေကြတာပဲ။
ရဲချုပ်။ ။ ဟုတ်ကဲ့ သိပါတယ်။
ခင်ညွန့်။ ။ အဲတော့ ဘာတုန်း စီးပွားရေးနဲ့ ပတ်သက်လို့လား
ရဲချုပ်။ ။ ကျနော်တို့လည်း ပြဿနာကို မသိပါဘူး
ခင်ညွန့်။ ။ ကဲ အဲတော့ နှစ်ယောက်စလုံး ခေါ်မယ်ပေါ့။
ရဲချုပ်။ ။ ဟုတ်ကဲ့ အမကြီးက အကူရဖို့ ခေါ်တာပါ။ ဟိုလို ခေါ်တာ မဟုတ်ပါဘူး။
ခင်ညွန့်။ ။ နှစ်ယောက်စလုံး အတူထားမှာလား။
ရဲချုပ်။ ။ ဟုတ် အတူထားမှာပါ။
ခင်ညွန့်။ ။ကဲ အ၀တ်အစားတွေ ထည့် မိန်းမပါ ပါတယ်တဲ့။ နှစ်ယောက်စလုံးတဲ့ အ၀တ်အစားတွေရယ် ယူစရာရှိတာယူ။ (ဒေါ်ခင်ဝင်းရွှေကို လှည့်ပြီးပြော)
ရဲချုပ်။ ။ လိုအပ်မယ်ထင်တာတွေ အကုန်ယူခဲ့လို့ရပါတယ်။
ခင်ညွန့်။ ။ ယူရမယ်။ ယူခဲ့မယ် အရင်တခေါက် သားနှစ်ယောက်ရော သားမက်ရော ခေါ်တုန်းက ဘာမှ မယူခဲ့ရဘူးဆိုလို့ ဘာမှ ပါမသွားဘူး။ အ၀တ်အစားတွေတော့ ယူခဲ့ချင်တယ်။
ရဲချုပ်။ ။ ဟုတ်ကဲ့ ယူခဲ့လို့ရပါတယ်။
ခင်ညွန့်။ ။ ရပါတယ် ကဲ လိုက်ရမှာပေါ့။
ရဲချုပ်။ ။ ဟုတ်ကဲ့
ခင်ညွန့်။ ။ အေးအေးဆေးဆေးပဲ လိုက်မှာပါ။ ဘာမှ နိုင်ငံတော်ကို ဆန့်ကျင်တဲ့ သူလည်း မဟုတ်ဘူး။
ရဲချုပ်။ ။ ဟုတ်ကဲ့ ဗိုလ်ချုပ်

ရဲချုပ်က ၄င်းတို့ယူခဲ့ချင်သည့် ပစ္စည်းများကို ရဲများအား သယ်ခိုင်းသည်။

ခန့်မှန်းရသလောက်တော့ ....
"ဆရာကြီးရဲ့ အဝေးရောက်တပည့် ဦးအောင်လင်းထွဌ် ခန့်မှန်းတာနဲ့တော့ တခြားစီဖြစ်တာ သေခြာသလောက် ဖြစ်သွားပြီ။"

Anonymous said...

ရဲမှူးကြီးဝင်းနိုင်လိုဘဲ ထွက်ပြေးလွတ်မြောက်သွားတယ်
ဆိုတဲ့ သတင်းထွက်လာပြီး၊ ခင်ညွှန့် လဲပျောက်သွားမှာ
သိပ်မကြာဘူး။
သူ့ ( ခင်ညွှန့် )အလှည့် ကျတော့ ဘယ်လောက်ကြာ
မလဲ၊ဘာယူရမလဲ နဲ့  ကြောက်နေတာကြည့်၊
ကံ ကံ၏ အကျိုးးကို ခင်ညွှန့် မေ့နေတယ်။
ဘာယူရမလဲ။ ဘယ်လောက်ကြာမလဲ မေးခွင့်မရဘဲ
လိုက်သွားရပြီး စစ်ကြောရေးမှာပျောက်နေတဲ့လူ
၂ထောင်ကျော်ရှိတယ်။
နေဝင်း လဲ ကံ ကံ၏အကျိုးခံရတယ်၊
ခင်ညွှန်လဲ ခံရပြီ၊
NEXT ကတော့ သန်းရွှေဘဲကွ၊
ငါကိုယ်တိုင် တံကျဉ်လျှိုပြမယ် ကြည့်နေကြ။
ရွှေဘ တဲ့ကွ၊

Anonymous said...

ဒါတွေ အားလုံးဟာ သန်းရွှေခိုင်းနေတာပါ
CCTV နဲ့ရော
ချောင်းရိုက်တာရော လုံးဝ မဟုတ်နိုင်ပါ
ဒီလူစုထဲမှာ ပါဝင်သူ တစုံတယောက်က ဇွမ်းတွေ ဘာတွေ ဆွဲပြီး သေချာရိုက်ထားတာပါ....

တနည်းအားဖြင့် ဆိုရရင်... ဒီအိမ်ကို ဝိုင်းသူ လူအယောက် ၅၀၀ ဖြစ်နေပါစေ... ဘယ်သူရိုက်တယ်ဆိုတာ သန်းရွှေသိချင်ရင် လွယ်ပါတယ်....
ဒါကြောင့် အဘိုးကြီး သန်းရွှေ ရဲ့ ခွင့်ပြူချက်နဲ့ ရိုက်တာ ဖြစ်ကို ဖြစ်ရမှာပါ....

သူ့ရဲ့ ခွင်ပြုချက် မပါပဲ ရိုက်တဲ့သူဆိုရင်လဲ ခုလောက်ရှိ အသက်ပျောက်လောက်ပါပြီ.....

ခြုံပြောရရင် သန်းရွှေက လူတွေကို အသိပေးလိုက်တာပါ....

သူပေးချင်တဲ့ မက်ဆေ့ခ်ျက ခင်ညွန့်အပြင်ရောက်လာပြီဆိုတာ ပါပဲ.....

အကြောင်းပြချက်ကတော့ နယ်စပ်က လူတွေကို စကားပြောခိုင်းမယ်လို့ ထင်စရာပါပဲ... ဒါမှ မဟုတ် အောင်ဆန်းစုကြည်ကို စကားပြောခိုင်းမယ်ပေါ့ဗျာ....

မယုံရင် ကြည့်ထားပါ.... မကြာခင် အောင်ဆန်းစုကြည်ကို အဘိုးကြီးလူလွှတ်ပြီး လုပ်ကြံခိုင်းပါတော့မယ်....

ပြီးရင် သတင်းလွှင့်မယ်.... ခင်ညွန့်ရဲ့ ခိုင်းစေချက်ကြောင့် ဒီလူတစုဟာ အဘွားကြီးကို သတ်ရတာပါ ဆိုပြီး ခင်ညွန့်ကိုသေဒါဏ်ပေးပါလိမ့်မယ်...

ခင်ညွန့်ပဲဖြစ်ဖြစ် မောင်အေးပဲဖြစ်ဖြစ်... ဘယ်ဗိုလ်ချုပ်ပဲ ဖြစ်ဖြစ် ကိုယ့်အရိပ်တောင် ကိုယ်မယုံအောင် သန်းရွှေ သွေးခွဲထားပါတယ်...

သူတို့လဲ မီးစင်ကြည့်ကနေရတာပါ... ခု ဗီဒီယိုမှာ သူဘာမှ သေချာ မမေးရဲ ဟိုကလဲ ဘာမှ မပြောရဲပါဘူး...

လာခေါ်တယ် မလိုက်ပဲမနေရဲ ပါဘူး.....

ခင်ညွန့်စိတ်ထဲမှာတော့ သိနေလောက်မှာပါ... သူ့ကို ကြီးကြီး မားမား.... အသုံးချတော့မယ် ဆိုတာကို

ကောင်းတဲ့နေရာ တော့ မဟုတ်လောက်ပါဘူး...

အမျိုးသားရင်ကြားစေ့ရေးကို သန်းရွှေ မယုံပါဘူး...
သူခေါင်းပြတ်မယ့် အရာမို့လို့ပါ... သူ့ကို ခွင့်မလွှတ်တဲ့လူတွေ အရမ်းများနေတာ သူ့ကိုယ်သူသိပါတယ်....

ဒီဟာကို သူဘယ်တော့မှ မလုပ်ပါ.... အတိုက်ခံတွေ မဖြစ်နိုင်တာကို အော်မနေကြပါနဲ့..

အမျိုးသားရင်ကြားစေ့ရေးကို သူမဖော်ဆောင်ပါဘူး..

သူလုပ်နိုင်တာ အဘွားကြီးကို ရှင်းပစ်ဘို့ တခုထဲပါ....
ခင်ညွန့်လဲ သေမယ်.... တချက်ခုတ် ၂ချက်ပြတ်ပဲ...

အောက်က လူတွေကို မယုံတာလဲ ကြည့်ပါလား... ရွေးကောက်ပွဲ နိုင်တဲ့ ကောင်ကိုတောင် အာဏာ မလွှဲပေးရဲပါဘူး....

ဒီဗိုလ်ချုပ်တွေကလဲ သှူုအမိန့်အတိုင်းပဲ လှုပ်ရှားရဲတာပါ.... ဘယ်သူ့ယုံရမှန်း မသိကြဘူးလေ...

တော်ကြာ ကိုယ့် ဘယ်သူဖြုတ်သွားမှန်း သိလိုက်မှာတောင် မဟုတ်ပါဘူး....

အိမ်က မိန်းမတောင် မယုံရဲတဲ့ အခြေနေမှာ ဒီအဘိုးကြီး ယုတ်မာနေမှန်းသိသိနဲ့ ပုန်ကန်ဘို့ (သို့) ပုန်ကန်တဲ့ စကားလေးပြောဘို့ (သို့) အမိန့်ကိုဖီဆန်ဘို့ သိပ်စိတ်အားထက်သန်နေရင်တောင် မကြံစည်ရဲခဲ့ကြပါဘူး....

အကြီးမား အရက်စက်ဆုံး ရန်သူဟာ အမှန်က သန်းရွှေ တယောက်ထဲပါ... ဗိုလ်ချုပ်တွေအချင်းချင်း ရဲရဲ မပူးပေါင်းရဲအောင် သူသပ်လျှိုထားတာပါ....

စစ်တပ်က လူတွေ သူတို့အချင်းချင်း ပူးပေါင်းလာတဲ့နေ့ အဘိုးကြီး သေမယ့်နေ့ပါပဲ....

Anonymous said...

ဒီဗီဒီ ယိုသည် CCTV မဟုတ် ခိုးရိုက်တာ လဲ မဖြစ်နိုင်...

သေချာ ချိန်ပြီး ဇွမ်းဆွဲပြီးရိုက်တာ ဖြစ်သည်...

ကိုယ့်သဘောနဲ့ ကိုယ်ရိုက်ခြင်းလဲ မဖြစ်နိုင်... ဒီအိမ်ကို ဝိုင်းတဲ့သူ အယောက် ၅၀၀ ပင်ဖြစ်ပါစေ... သန်းရွှေက လက်သည် သိချင် အလွယ်လေး... ခုလောက်ရှိ သေတောင် သေလို့ရပြီ....

သန်းရွှေရဲ့ ခွင့်ပြုချက် (သို့) အမိန့် အရ ရိုက်တာ လို့ ထင်တယ်...

အကြောင်းကတော့ သန်းရွှေက လူတွေကို မက်ဆေ့ ပေးလိုက်တာ ခင်ညွန့် လွတ်ပြီ....
တနည်း အားဖြင့် ခင်ညွန့် လှုပ်ရှားနေပြီ.....

ထင်ရသလောက် မကြာခင် အောင်းဆန်းစုကြည် ကို လုပ်ကြံတော့မှာ ပဲထင်တယ် ... ခိုင်းသူက သန်းရွှေ... ဒါပေမယ့်.. ခင်ညွန့် ခိုင်းတဲ့လူတွေ လုပ်တာပါဆိုပြီး.... သတင်းတွေ ထွက်အောင် လုပ်လိမ့်မယ်...
ပြီးရင် ခင်ညွန်းကို သေဒါဏ်ပေး... (သို့) ထောင်ပြန်ချ...

တချက်ခုတ် ၂ချက်ပြတ်...

အဲဒီမတိုင်ခင်... ခင်ညွန်ကို ထုတ်ပေးရတာ နယ်စပ် သူပုန်တွေ နဲ့ အဘွားကြီး ကို စကားပြောဘို့ဆိုပြီး သူက ခေါင်းစဉ်တတ်နိုင်တယ်...

ခြုံကြည့်၇ရင် အမျိုးသားရင်ကြားစေ့ရေးလိုလို ဘာလိုလိုပဲ...

ဒါပေမယ့် သန်းရွှေက အမျိုးသားရင်ကြားစေ့ရေးကို လုံးဝ ဘယ်တော့ မှ မလုပ်ဘူး...

အဲလိုလုပ်ရင် သူသေချင်းဆိုးနဲ့ သေမှာပေါ့... သူဘာလုပ်လုပ် ခွင့်မလွှတ်နိုငတဲ့သူတွေ အများကြီး ဆိုတာ သူသိတယ်....

သူခင်ညွန့်ကို လွှတ်တာ အကြံကြီးနဲ့ လွှတ်တာ အလကားတော့ လွှတ်မှာ မဟုတ်ဘူး...

အဘွားကြီးကိုလဲ လွှတ်တာ သနားလို့လွှတ်တာ မဟုတ်လောက်ဘူး..... ဘယ်လု ချုပ်ရမှန်း မသိတော့လို့ အကြံကုန်နေပြီ...

အဘွားကြီး အပြင်မှာ နေရင်လဲ လူတွေ တဖြည်းဖြည်းစုလာရင် သူတို့ တဖွဲ့လုံး ဂွမ်းတော့မယ်.. ဆက်ထားလို့လဲ မရဘူး... ရှင်းမှ ရမှာ...

ဗိုလ်ချုပ်တွေကို လဲ တယောက်နဲ့ တယောက် အယုံကြည် လုံးဝ မရှိအောင် သွေးခွဲထားတယ်... ကိုယ့်အရိပ်တောင် ကိုယ် မယုံရဲကြဘူး... အားလုံး မီးစင်ကြည့်ကနေရပုံပဲ....

ခင်ညွန့်လဲ.... လာခေါ်တယ် မလိုက်ပဲ မနေရဲဘူး... ဘာကြောင့် ဆိုတာလဲ သေချာ မမေးရဲ... ဖြေတဲ့သူကလဲ ဘာမှ သိပုံ မရဘူး... သွားခေါ်ဆိုလို့ ခေါ်လိုက်တာ....

ဗိုလ်ချုပ်တွေ သူ့လုပ်ရပ်တွေ မကြိုက်ရင်တောင်မှ... ပုန်ကန်တာတို့ အမိန့်ဖီဆန်တာတို့ မလုပ်ရဲဘူး... ကိုယ့်အသက် ဘလိုထွက်မှန်း မသိထွက်သွားမယ်...
တင်ဦးကိုကြည့်.....

အခြင်းခြင်း လဲ မပူးပေါင်းရဲဘူး....
ကြောက်စရာ အကောင်းဆုံး အရိပ်မဲကြီး ဟာ သန်းရွှေစစ်စစ်ပါပဲ....

သူတိုကောင်းစားတုန်းက ကျောင်းသားတွေကိုဖမ်းထဲအခါမှာ ခနဆိုပြီး နှစ်ပေါင်းများစွာ ထောင်ချခဲ့ တာ ....အခု ကိုယ့်အလှည့်ကျတော့ အ၀တ်လေးယူပါရစေအုံးတဲ့ ... ဟားဟား ဟား .. S 1 အဟောင်းအစုတ်ကြီး ရေ တရားတွေလည်းကျမိပါတယ်။
Aung Lin Htut is crying for his father in law.

မိုးထွန်း said...

ကိုယ့်ကိုကိုယ်ဘာမှန်းမသိတော့ အမည်မသိလုပ်တာလား.......
အသံတုထည့်ရအောင်...... မင်းမှာ နားကန်းနေလား

Anonymous said...

မင်းတို့က တော်တော်သနားစရာကောင်းတာပဲနော်
အမှန်တရားကိုဖေါ်ထုတ်တဲနေရာမှာ အမည်နာမတွေ မလိုပါဘူးကွာ အရှိအတိုင်းလက်ခံတတ်ဖို့ပါပဲ မင်းတို့လဲ ကိုယ်ဟာကိုယ် ဘယ်အဆင့်ဆိုတာ သိမှာပေါ့

Anonymous said...

စစ်တပ်က လူတွေ သူတို့အချင်းချင်း ပူးပေါင်းလာတဲ့နေ့ အဘိုးကြီး သေမယ့်နေ့ပါပဲ....

စစ်တပ်က လူတွေ သူတို့အချင်းချင်း ပူးပေါင်းလာတဲ့နေ့ အဘိုးကြီး သေမယ့်နေ့ပါပဲ....

စစ်တပ်က လူတွေ သူတို့အချင်းချင်း ပူးပေါင်းလာတဲ့နေ့ အဘိုးကြီး သေမယ့်နေ့ပါပဲ....

စစ်တပ်က လူတွေ သူတို့အချင်းချင်း ပူးပေါင်းလာတဲ့နေ့ အဘိုးကြီး သေမယ့်နေ့ပါပဲ....

စစ်တပ်က လူတွေ သူတို့အချင်းချင်း ပူးပေါင်းလာတဲ့နေ့ အဘိုးကြီး သေမယ့်နေ့ပါပဲ....

စစ်တပ်က လူတွေ သူတို့အချင်းချင်း ပူးပေါင်းလာတဲ့နေ့ အဘိုးကြီး သေမယ့်နေ့ပါပဲ....

စစ်တပ်က လူတွေ သူတို့အချင်းချင်း ပူးပေါင်းလာတဲ့နေ့ အဘိုးကြီး သေမယ့်နေ့ပါပဲ....

Anonymous said...

Hey, please use your brain. This is not a new video clip,Look at his grandson, He is too young in this video clip, That means video clip was taken a few years back.